A unique teacher, အတုမရှိ ဗုဒ္ဓမြတ်စွာ (၄)

kyawmonkhantNovember 22, 20101min450

သူတို့က သေပြီလို့ထင်ကျတယ်။ ဒါပေမယ့် မသေပါ။ ဒုက္ခခံစားနေရတဲ့ ခန္ဓာကိုယ်ဆီသို့ နှေးကွေးနာကျင်စွာ သတိပြန်လည်လာခဲ့ပါတယ်။ သတိပြန် လည်လာမှုနဲ့အတူ ပန်းတိုင်ကို မရောက်ရှိသေးဘူးဆိုတာကို သိမြင် သဘောက်ပေါက်လာခဲ့ပါတယ်။ အတ္တကိလမထ လမ်းစဉ်ဟာလည်း ကျဆုံးလို့သွားခဲ့ပါတော့တယ်။
ပညာရှိတစ်ယောက်ရဲ့ စရိုက်လက္ခဏာတစ်ခုက သူ့မျက်မှောက်လုပ် ရပ်ဟာ သူ့ကို ကျဆုံးစေတယ်လို့ သိလာတဲ့အခါမှာ နောက်ထပ်အသစ်တစ်ခု အတွက် အဲဒါကို စွန့်လွှတ်ရမယ့် အချိန်ဘဲလို့ နားလည်တာဖြစ်ပါတယ်။
အခြားသူများက အလားတူ အသုံးမကျတဲ့ လမ်းစဉ်ကို ခေါင်းမာစွာ ဆက်လက်လျှောက်လှမ်းနေစဉ် သူက အဲဒီနည်းလမ်းရဲ့ အသုံးမကျမှုကို အသိအမှတ်ပြုပြီး တခြားနည်းလမ်းကို ရှာပါတယ်။ သမဏဂေါတမဟာ လည်း အဲဒီအတိုင်းပါဘဲ။ ရသေ့ကျင့်ဝတ်ဆိုတဲ့ ဝန်ထုတ်ဝန်ပိုးကြီးကို အဆုံးစွန် အစွန်း သေမင်းလက်တကမ်းအထိ ထမ်းဆောင်ခဲ့ပြီး၊ တန်းဖိုးမဲ့ တဲ့ အဖြစ်ကိုလည်း တွေ့ရှိခဲ့ပါတယ်။
လွတ်မြောက်ရေးလမ်းစဉ်တစ်ခု အမှန်တကယ်ရှိခဲ့မယ်ဆိုလို့ရှိရင် ခန္ဓာကိုယ်ကို ဖျက်ဆီးနှိပ်စက်ခြင်းကနေတဆင့် တွေ့ရမှာ မဟုတ်ပါဘူး။ စိတ်ထဲက အတားအဆီးတွေကို ချေမွဖျက်ဆီးခြင်းကဘဲ တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။ အခြေအနေမယို်င်တဲ့ ဆုံးဖြတ်ချက်နဲ့အတူ ရှေ့က လှုပ်ရှားမှု အားလုံးကိုပြခဲ့ပါပြီ။ ချက်ချင်းဘဲ ကိုယ့်လည်ပင်းကိုကြိုးကွမ်းစွပ်တဲ့ အစာငတ်ခံမှုကို စွန့်လွှတ်လိုက်ပြီး လုံလောက်တဲ့ဓာတ်စာ ရိုးရိုးလေးကို မှီဝဲခဲ့ပါတယ်။ သူ့နောက်လိုက်ငါးယောက်ရဲ့ တုံ့ပြန်မှုကိုမျှော်လင့်ထား ခဲ့ပါတယ်။ သူတို့ သူ့ကို စွန့်ခွါထွက်သွားကြပါတယ်။ သူတို့ရဲ့ ဆန်းသစ် တီထွင်မှုကင်းတဲ့ မျက်လုံးထဲမှာ သူဟာကျရှုံးသူတစ်ယောက်ဖြစ်ပြီး အထင် သေးစွာဖြင့်သူ့ကို ထားရစ်ခဲ့ကြတာပါ။
ခိုင်မာတဲ့ ဆုံးဖြတ်မှု သေချာလုံလောက်တဲ့ သတ္တိတွေပြခဲ့တဲ့လူတစ် ယောက်ကို သူတို့ဟာ နဲနဲလေးပိုတဲ့ ယုံကြည့်မှုထားခဲ့ကြမယ်ဆိုရင် ဗုဒ္ဓပွင့် ထွန်းပေါ်ပေါက်မှုဆိုတဲ့ ကျွန်ုပ်တို့သမိုင်းမှာ အကြီးကျယ်ဆုံးဖြစ်ရပ်တစ်ခုကို သူတို့ မျက်မှောက်ထင်ထင်တွေ့မြင်ကောင်း တွေ့မြင်ခဲ့ရမှာ့ပါ။ ဂေါတမဟာ ဗောဓိပင်အောက်မှာ သူ့ရဲ့အသွေးအသားတွေ ခန်းခြောက်ပျက်စီးသွားစေ သဗ္ဗညုတဉာဏ်မရမခြင်း နေရာမှ မထတော့ဆိုတဲ့ မတုန်လှုပ်တဲ့ ဆုံးဖြတ် ချက်နဲ့ထိုင်နေခဲ့ပါတယ်။ အဲဒီအတိုင်းသူလုပ်ခဲ့ပါတယ်။ မြင့်မြတ်တဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်မှုကို ဘယ်လူသားကမှ မျက်မြင်သက်သေ မလုပ် ခဲ့ပါဘူး။ အောင်ပွဲခဏမှာ သူ့ကို ကောင်းချီးပေးတဲ့ ဘယ်လူသားရဲ့အသံမှ မကြားခဲ့ရပါဘူး။ နောက်ဆုံး သေမင်းကို အောင်မြင်သူအနေနဲ့ သူထတဲ့အခါ ဘယ်လူသားကမှ လက်အုပ်ချီမိုးမရှိခိုးခဲ့ကြပါဘူး။
သို့သော် တွေ့ရှိခဲ့တဲ့နည်းလမ်းကို ပထဆုံးအကြိမ် ဗုဒ္ဓဟောကြားခဲ့တာ သည် ထိုပဉ္စဝဂ္ဂီငါးဦးတို့ဘဲဖြစ်သည်။ သူ့ဆရာဟောင်းနှစ်ယောက်ဖြစ်တဲ့ အာဠာရကာလာမနှင့် ဥဒကရာမပုတ္တတို့သည် ကွယ်လွန်သွားခဲ့ပြီ။ သူတို့ရရှိ ခဲ့တဲ့ အဆင့်အတန်းက ဗြဟ္မာ့ပြည်သို့ ဦးတည်စေခဲ့သည်။ သူ့အဆုံးအမ တွေကို ကျင့်နိုင်စွမ်းသူတွေအတွက် ဟောကြားသည့်ဗုဒ္ဓသည် ဣသိပတန မိဂါဒဝုန်တောမှာ နေထိုင်နေကြသော သူ့တပည့်ဟောင်းများရှိရာ ဗာရာဏသီသို့ ကြွခဲ့သည်။ လွတ်မြောက်မှု သစ္စာတရားရဲ့ အရသာကို ပထမဦးဆုံး သူပေးခဲ့တာသည် သူ့ကို စွန့်ခွါသွားခဲ့သူများဖြစ်ကြသည်။ သူတို့မှာ အားနည်းချက်များရှိသော်လည်း ထိုက်တန်သည့်သူများဖြစ်တယ် ဆိုတာ ဗုဒ္ဓနားလည်ခဲ့ပါတယ်။ ဓမ္မစက်ကို လည်ပတ်စေခဲ့ပါပြီ၊ သူတို့ဟာ ပထမဦးဆုံးသော ရဟန္တာပုဂ္ဂိုလ်များဖြစ်လာခဲ့ကြလေပြီ။
ရဟန်းဂေါတမရဲ့အားထုတ်မှုဟာ ပြီးဆုံးခဲ့ပါပြီ။ ဒါပေမယ့် ဗုဒ္ဓမြတ်စွာရဲ့ အားထုတ်မှုတွေကတော့ စလုံးရေးစ စရုံဘဲရှိပါသေးတယ်။ သူဟာ လွတ်မြောက်မှုကို ရရှိဖို့အတွက် ပြင်းပြင်းထန်ထန် ကြိုးကြိုးစားစားလုပ်ခဲ့ရ ပါတယ်။ သူတစ်ယောက်တည်းအတွက်မဟုတ် အကျိုးအမြတ်ကို ရရှိခံစား နိုင်စွမ်းသူ အားလုံးအတွက်ဖြစ်ပါတယ်။ ဒါကြောင့် ဓမ္မကိုဖြန့်ဝေတဲ့ သာသနာပြုလုပ်ငန်းကို စတင်ခဲ့ပါတယ်။ လေးဆယ့်ငါးနှစ်တိုင်အောင် မမော မပန်း ဆောင်ရွက်တော်မူခဲ့တာပါ။
အတုလံ အတူမရှိ အတုမရှိတဲ့ဆရာတစ်ပါး၊ အတုလံ အတူမရှိ အတုမရှိတဲ့ ဒေသနာ။ လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်က ပရိနိဗ္ဗာန်ပြုသွားတဲ့ ဗုဒ္ဓရှင်တော်မြတ်ဟာ အဝိဇ္ဖာတဏှာဆိုတဲ့ တောအုပ် ကြီးအလယ်မှ ထာဝရ သန္တိသုခဆီသို့ ကျွန်ုပ်တို့ကို ဦးဆောင်နိုင်ပါသော တစ်ခုတည်းသော လမ်းညွှန်အဖြစ် ခုတိုင်အောင် တည်ရှိလို့နေပါတော့တယ်။