Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ငရုတ်သီးမှုန့်များနှင့် ပတ်သက်၍ အများပြည်သူ သိရှိရန် အသိပေး ကြေညာ

BayoteApril 6, 20101min3849

ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စား သုံးနိုင်ရန် စဉ်ဆက်မပြတ် စစ်ဆေးလျက်ရှိသည်။ ဈေးကွက်များတွင် ရောင်းချလျက်ရှိသော ငရုတ်သီးမှုန့်များကို ဓာတ်ခွဲစစ်ဆေးရာ ငရုတ်သီး အစိမ်းမှုန့် ရွှေအုပ်အမှတ်တံဆိပ်(ပင်ရင်း-ကိုင်းတန်းဈေး၊ မန္တလေး)တွင် ခွင့်မပြုဆိုးဆေးအသုံးပြုထားကြောင်း တွေ့ရှိရသဖြင့် စားသုံးရန် မသင့် ကြောင်း အသိပေးကြေညာအပ်ပါသည်။ အစားအသောက် ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြု သော ဓာတုဆိုးဆေးများ သုံးစွဲခြင်း မပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက အမျိုးသား အစားအ သောက် ဥပဒေပုဒ်မ ၂၈(က)အရ တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း ၂၀၁ဝ ခုနှစ် ဧပြီလ ၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထား ပါသည်။

9 comments

  • kai

    April 6, 2010 at 10:02 am

    ဆိုးဆေးအပြင် မှိုတက်မတက်ပါ ထည့်စစ်ပေးစေချင်တာပါပဲ။
    မြန်မာပြည်က ငရုပ်သီးမှုံ ့ ဝယ်စားရင် ဗိုက်နာနာနေသမို ့ သိသူတွေမေးကြည့်တာ ငရုပ်သီးဆိုတာက အတွင်းမှာ မှိုတက်လွယ်ပြီး အဲဒါက ကင်ဆာဖြစ်စေတတ်တယ်ဆိုပါတယ်။
    မြန်မာပြည်က စွတ်စိုတဲ့ရာသီဥတုရှိတော့ (ရေငွေ့မျာတော့) မှိုတက်လွယ်တယ်ဆိုပါတယ်။

  • Rain girl

    April 9, 2010 at 8:26 am

    စားသုံးသူတွေရဲ့ ယုံကြည်မှု့ကိုတော့ အလွဲသုံးစားမလုပ်သင့်ပါဘူး။ ဒီလိုမျိုး ငရုတ်သီးမှုန့်တွေ ပေါ်လာတဲ့အတွက် အချိန်ကုန်တော့သက်သာပါတယ်။ ဆိုးဆေးသုံးတာက ဆိုးတယ်ဗျာ။ အဲဒါတွေကို ကျန်းမာရေးဌာနက သေချာစိစစ်ပေးရင်တော့ အတိုင်းထက် အလွန်ပါပဲဗျာ။

  • susunosuki

    April 17, 2010 at 4:12 pm

    ဒီလိုအဖြစ်အပျက်တွေက မကြာခဏဆိုသလိုဖြစ်နေတယ်
    တစ်ဦးလောက်ကို စံပြ အဖြစ် အပြစ်ပေးသင့်တယ်
    မှတ်လောက်အောင်ပေါ့
    ခုဟာက ပြည်သူလူထုကိုစော်ကားနေရာရောက်တယ်

  • etone

    May 22, 2010 at 8:07 am

    တချို့စစ်တဲ့အပိုင်းမှာ လာဘ်စားမှုတွေမလုပ်ပဲ တကယ်ကို အစစ်အမှန်ဖော်ထုတ်ပေးရင်ကောင်းမယ် ။
    အရင်က လ္ဘက်ကို စစ်တုန်းကလိုပေါ့ ။ နာမည်ကြီးတံဆိတ်တစ်ခု မပါဘူးဖြစ်နေတယ် ။

  • winne

    July 30, 2010 at 11:04 am

    ငရုတ်သီးကတော့ အိမ်မှာ ဆိုရင် အတောင့်တွေ ဝယ်ပြီး ၃ရက်လောက်နေလှမ်းပြီးတော့ ရေစိမ်ပြီး အစိထုတ်ပြီး ငရုတ်အသားကြီးဘဲ ဖျော်ရည်စက်နဲ့ ကြိတ်ပြီး အေးခဲ ထားလိုက်တယ် လိုအပ်မှ ထုတ်သုံးပြီး ပြန်ခဲထားတယ် အပြင်က ဝယ်တာ စိတ်မချလို့ ဒါပေမဲ့ လမ်းဘေးက စားရင်တော့ စိတ်မချရဘူး ပါမှာဘဲ။ ငရုတ်သီး ဆိုးဆေးတင်မကဘူး ငရုတ်သီးသမားတွေက ငရုတ်သီး တန်းမဝင်တာ အရောင်အဆင်းမရှိတာတွေကို ကြိတ်ပြီး ရောင်မှုန့်နဲ့ ရောတာ ငရုတ်သီး အစိက စားရင် လေးဘက်နာ အဆစ်အမြစ်နာတဲ့ ရောဂါတွေ ဖြစ်တတ်တယ်။ ငရုတ်သီးကလည်း အတွင်းမှာ အစိုဓါတ်နဲ့ မှိုအတက်လွယ်တယ် နေလှမ်းနိုင်မှ တော်ကာကျတာ။ သိမ်းထားရင်လည်း လုံအောင်မထုတ်ရင် မှိုတတ်ပြန်ကော။

  • unclegyi1974

    October 13, 2010 at 3:36 pm

    မြန်မာကငရုပ်သီးမှုန့်မှာ မှိုမပါဘူးပြောရင်…
    စစ်စရာမလိုပါဘူး ပါမှပါ အားလုံးမှာ

  • koyinmaung

    October 12, 2011 at 1:44 pm

    ငရုတ်သီးအခြောက်တောင့်တွေမှာပယ်ထားတဲ့
    ဖလံလို့ခေါ်တဲ့အရောင်ပျက်ငရုတ်သီးအခြောက်တောင့်တွေကိုအမှုန့်ကြိတ်ပြီး
    အရောင်ဆိုးရောင်းကြတာများပါတယ်..
    ခွင့်ပြုထားတဲ့ဆိုးဆေးမသုံးတော့အန္တရာယ်များတာပေါ့
    ခုလိုစီစစ်ပေးတာကောင်းပါတယ်…

  • lwinmg

    October 12, 2011 at 2:26 pm

    အမြန်ဆုံးသာ အရေးယူပေးကြဖို့ လိုပါတယ် ။
    လူတိုင်း နေ့စဉ် စားသုံးကြရာမှာ မပါလျင် မပီးတဲ့ အခြေခံ စားကုန်တစ်ခုဖြစ်နေပါတယ် ။

  • ပုံပြောသူ

    October 12, 2011 at 3:11 pm

    ဆိုးဆေး များတဲ့ငရုပ်မှုန့် ကိစ္စ ဟိုးတစ်ခါလဲ ဖတ်လိုက်ရတယ်….
    ကျုပ်က အရမ်းကြိုက်တော့ ပြဿနာပဲဗျို့…
    မြန်မြန်ဆန်ဆန်လေး စစ်ဆေး အရေးယူကြရင်ဖြင့် ကောင်းမှာပါပဲ…
    ဆိုင်ရာ ကပုဂ္ဂိုလ် တွေ လာဘ်ပေးယူခြင်းကင်းရှင်းစွာနဲ့ အရေးယူနိုင်ကြပါစေ…။

Leave a Reply