palmito – အုန်းအူတိုင် ထန်းအူတိုင်

saundNovember 27, 20101min24613

မသိသူကျော်သွား သိသူဖော်စား ဆိုတဲ့ စကားလေးလိုပါဘဲ.. မြန်မာနိုင်ငံမှာ ပေါများသွား တဲ့ ထန်းပင် အူတိုင် အကြောင်းပါ။

Heart of Palm

ထုံးစံအတိုင်း ကျွန်မဆောင်း ခြေဦးနဲ ့ဒူးတည့်ရာ သွားရင်း မျက်စိထဲ ဝင်လာတဲ့ လမ်းဘေးက ဆိုင်တဆိုင် ကို ဝင်လေ့လာ မိပါတယ်။ ဆိုင်က ပိုလန်ဆိုင် (ပေါလစ်ရှ်၊ ဘရာဇီး၊ ဥရောပ) တခုဆိုပါတော့။ အဲဒီမှာ ဘာထူးဆန်း တာရှိသလဲ လိုက်ကြည့်တော့ အုန်းပင် ထန်းပင် တွေရဲ့ ပင်စည် အတွင်းဆုံး အလည်သားကို မျှစ်လို ပုံစံဖြစ်နေတဲ့ အသားနုနုလေး တွေကို စားချင့်စဖွယ် ဖြစ်အောင် အချည်စိမ်၊ အအေးခံ ထားတဲ့ palmito တွေ ့ရ ပါတယ်။

အဲဒီ palmito ကို ထုတ်ယူဖို ့အပင် တပင်လုံး ကို ခုတ်လှဲ ပြီးမှ ပင်စည်ရဲ့ အလယ်အူတိုင် ကို ထုတ်ယူ ရပါ တယ်။ အုန်းပင် တွေမှာ အူတိုင်က တခုထဲရှိကြပေမဲ့ ထန်းပင်တမျိုးမှာ အူတိုင် တခုမက ရှိလို ့အူတိုင် များများ ရှိအောင် ဖန်တီး မျိုးပွား ထားပြီး စိုက်ပျိုး ထုတ်လုပ် ကြပါတယ်။ ထန်းပင်ကို အပင်ကြီးအောင် စိုက်ပြီး ခုတ်လှဲ ပစ်ရတာ ကြောင့် ထန်းအူတိုင် တွေက ဈေးကြီး ကြပါတယ်။

အချဉ်စိမ် ထားတာ မျှစ်လေးတွေ လိုပါဘဲ အရသာက နဲနဲ ရှတတနဲ ့ခပ်ချဉ်ချဉ် ပေ့ါ။ အစိမ်းကို ခဲထားတာ တော့ မစမ်းခဲ့ ဖူးဘူး၊ စားရင် ကျွတ်ကျွတ်လေး နေမလား ထုပ်ထုပ်လေး ဖြစ်မလား မပြောတတ်ပါဘူး။ စမ်းစား ကြည့်ပေ့ါနော်။

လက်ပါတဲ့ပုံက ဝီကီထဲက ကူးယူတာဖြစ်ပြီး ဘေးက ပုလင်းတွေကတော့ လက်ကိုင်ဖုံး နဲ ့ ရိုက်ထားတဲ့ ပုံပါ။

ခင်တဲ့
ဆောင်း

13 comments

  • MandalayThar

    November 27, 2010 at 8:04 am

    ထူးဆန်းလို့ youtube ပေါ်မှာ ရှာကြည့်တော့ အပင်က အုန်းသီးထွက်တဲ့ အုန်းပင်တို့ ထန်းပင်လို့တော့ မဟုတ်ဘူး။ အလှအုန်း လိုလိုဘာလိုလို နဲ့ အပင်က ကြာကြာတော့ မစိုက်ရဘူးနေမှာ အပင်က အလွန်ဆုံး ၆ လ က နေ ၁နှစ်လောက် သားအပင်နေမှာ သူ့အစေ့က လဲ သေးသေးလေးပါ။ အစေက water chestnut လောက်အရွယ်ဘဲရှိမယ်နေမှာ။ အပင်က အလှစိုက်တဲ့ အုန်းပင်လို အစုလိုက်ပေါက်တဲ့ အပင်ပါ။

    http://www.youtube.com/watch?v=fKCMU8NN8CM&feature=related

  • kooo

    November 27, 2010 at 8:30 am

    အခုမှကြားဖူးတယ်ဗျား………..တကယ်ပါ………ဒီပို့တင်ပေးတဲ့သူကိုအရမ်းကျေးဇူးတင်တယ်….

  • kai

    November 27, 2010 at 8:43 am

    ကြည့်ရတာ .. မြန်မာပြည်မှာ စိုက်လို့ရမဲ့အပင်ပုံပဲ..။
    ဆီအုန်းလည်းမဟုတ်..။ အုန်းပင်လည်းမဟုတ်.. ပြုပြင်ထားတာလားတော့မသိ..။

    သေသေချာချာသိတဲ့သူရှိရင် ..ရေးကြပါဦး..။

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 27, 2010 at 9:08 am

    ဘာဘာညာညာတော့မသိပါ
    အုန်းပင်အူတိုင်ဟု ခေါ်ဆိုသော်မှားပါလိမ့်မည်
    အုန်းပင်ရဲ ့အပေါ်ဆုံးပိုင်း အလက်တွေ အဖူးတွေ အသီးတွေ ထွက်တဲ့ အုန်းပင်ရဲ ့ခေါင်းပိုင်း ၏
    အတွင်းပိုင်း အသားနုများဖြစ်ပါသည် ဒီတိုင်းစားလို ့လဲရပါသည် ရေမြေလိုက်၍ အရသာမတူပါ
    ထန်းပင်၏ ခေါင်းပိုင်းအသားနုတော့မစားဘူးပါ
    အဘယ့်ကြောင့်ဆိုသော် မြန်မာ့ ထန်းရည်မှာ ကမ္ဘာတွင် မည်သည့်နိုင်ငံတွင်မှ မရရှိနိုင်သော
    သဘာဝ ယမကာဖြစ်ပြီး
    ယ္ခုအခါ ကျွန်ုပ်နှင့် ဂျော်နီလမ်းလျှောက် ကုမ္ပဏီတို ့ရှယ်ယာ ခြောက်ဘီလီယံဆီ(သူတို ့ထုတ်ပြီးသူတို ့မယူသောငွေစက္ကူများမဟုတ်ပါ) ထည့်ဝင်၍
    မြန်မာ့ထန်းရည်ကို ကမ္ဘာ့အသည်းစွဲ ယမကာတစ်ခု အဖြစ် ထုတ်လုပ်ရန် ပြင်ဆင်နေပြီဖြစ်ပါကြောင်း:P
    +:+P
    +:p

    • saund

      November 27, 2010 at 9:15 am

      ကိုမိုက်ကယ်ဂျော်နီအောင်ပု ..
      (အုန်းပင်ရဲ ့အပေါ်ဆုံးပိုင်း အလက်တွေ အဖူးတွေ အသီးတွေ ထွက်တဲ့ အုန်းပင်ရဲ ့ခေါင်းပိုင်း ၏ အတွင်းပိုင်း အသားနုများဖြစ်ပါသည် ဒီတိုင်းစားလို ့လဲရပါသည်)

      မစားဖူးဘူးပါ။ မျှဝေတဲ့ အတွက် ကျေးဇူးတင်ပါသည်။

    • char too lan

      November 27, 2010 at 9:25 am

      အားမလေးသွားပါပီ 🙁
      အဘပုရယ် အဲဒီ ပလပ်+ တွေမထဲ့ရဘူးလေ
      အစက်လေးနှစ်စက်ရယ် ပီအကြီး-P ဒီအကြီး-D ဝိုက်ကွင်းလေးတွေ- ( ) နဲ့ပဲရေးရတာပါ အဘပုရဲ ့ : P / : D / : ) / : ( အဲဒါမျိုးလေးတွေကိုစပေ့မခြားပဲရိုက်ရမှာ ပြန်စမ်းကြည့်ပါအုံးလား 🙂

  • saund

    November 27, 2010 at 9:09 am

    ကို မန်းတလေးသား ရေ ကျမတော့ အသေချာ မသိဘူး အင်ဒိုနီးရှား ပိုလန် ဘရာဇီး ဥရောပ ဘက်က အချဉ်တည်ပြီး ရောင်းတယ်။ ခဲထားတာ တော့ မစားဖြစ်ခဲ့ဘူး။ အချဉ်စိမ်ထားတော့ မျှစ်ချဉ်လိုလိုဘဲ အနံ့ မရှိပါဘူး။ အရသာ မကြိုက်တာနဲ့ ဝယ်စမ်းစားဖို့ အချိန်မရတာနဲ့ မစမ်းစားဖြစ်ဘူး။ အင်္ဂလန် ဥရောပ ဘက်က သူတွေက စမ်းစားပြီး ပြောပြကြရင် ကောင်းမယ်။ အမေရိကား ဘက်မှာတော့ မတွေ့သလိုဘဲ။

    ကျမကတော့ ကိုယ့်အတွက် ထူးဆန်းတာတွေ ဖြစ်ရပ်မှန်တွေ အကူညီတောင်းတာမျိုးဘဲ ပို့စ်အဖြစ် ရေးဖြစ်ပါ တယ်။ စိတ်ဝင်စားတယ် ဆိုလို့ ဝမ်းသာပါတယ်။ ကျေးဇူးတင်ပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 27, 2010 at 9:10 am

    အမငေး
    လုပ်လို ့ရဘူးဂျ
    +:+P

    • အာဖျံ ကွီး

      November 27, 2010 at 9:35 am

      ဒုက္ခပါပဲကိုပုရေ ….
      ချာတူးရေ … ခင်ဗျား ကိုပုကိုတော်တော်ခက်တဲ့ သင်ခန်းစာပေးမိပီထင်တရ်။
      သူ.ခမျာ တော်တော် ခေါင်းစားနေပီ။ 😀 🙂 😛

  • ကြယ်လေး

    November 27, 2010 at 9:18 am

    ကို အောင်ပု ရေ

    : နဲ့ ) ဒါ ဆို ဒါ 🙂

    : နဲ့ D ဒါ ဆို ဒါ 😀

    : နဲ့ P ဒါ ဆို ဒါ 😛

  • photwenty

    May 21, 2011 at 5:16 am

    အုန်းပင်ရဲ.ခေါင်းပိုင်းအတွင်းသားကို အုန်းခေါင်း
    ထန်းပင်ရဲ.ခေါင်းပိုင်းအတွင်းသားကိုတော.ထန်းခေါင်းလို.ခေါ်တယ်ဗျ
    ရွာတွေမှာတော.တော်တော်များများစားကြတယ်
    အများကြီးစားတာကိုပြောတာမဟုတ်ဘူးနော်
    မများကြီးစားရင် အကြောတက်တယ်ဗျ ရွာမှာအုန်းပင်တစ်ပင်လှဲရင် တစ်ရွာလုံးစားလို.ရတယ် (ပိုပိုသာသာလေးပြောတာ)
    အဲ.ဒီအုန်းခေါင်းဆိုတာက အပင်ရဲ.အရွက်နုထွက်တာပါ အုန်းရွက်နုကတော်တော်လေးကိုစိမ်.ပါတယ် စားချင်ရင်ရွာကိုလိုက်ခဲ.ကြဗျာ
    တကယ်ကိုကောင်းပါတယ် တော်တော်လေးကိုကောင်းပါတယ် အမှန်အကန်ကိုကောင်းပါတယ်လို.ကြော်ငြာလိုက်ပါတယ်ဗျား 😛

  • saund

    May 23, 2011 at 6:15 am

    photwenty ကို ကျေးဇူးတင်ပါတယ်။ ဝီကီမှာ Heart of palm ဆိုလို ့သာ အူတိုင် ထင်လို ့ ရေးတာပါ။ ထန်းခေါင်း အုန်းခေါင်း ဆိုတဲ့ မြန်မာအခေါ်အဝေါ် ပြန်ပြင် လိုက်ပါမယ်။
    အစိမ်းမစားဘူးတော့ အရသာ သိပ်မသိဘူး။ အချဉ်စိမ်ထားတာဘဲ စားဖူးတာ မကြိုက်ဘူး ချဉ်လို ့။

Leave a Reply