saundMay 12, 20121min1643
May 11, 2012 ဒီနေ ့တော့ Drive Saver Factory ဆိုတဲ့ ကုမ္မဏီကို လေ့လာရေး သွားခဲ့ ပါတယ်။ ကွန်ပျူတာကို အသုံးပြုပြီး မှတ်တမ်းတွေ ရေးသိမ်းနေရတဲ့ ယခုခေတ်မှာ ကွန်ပျူတာအပြင် စာရွက်မှတ်တမ်းကိုပါ သိမ်းရပါတယ်။ ကွန်ပျူတာက မှတ်တမ်းတွေကို disk လို ့ခေါ်တဲ့ ဓါတ်ပြားမှာ ရေးမှတ် သိမ်းဆည်းတဲ့ အခါမှာ တခါတလေ ပြန်ဖတ်လို ့မရတာ တွေ ့ဖူး ကြမှာပါ။ ဓါတ်ပြားတွေကို ပေါင်းပြီး အခွံတခုထဲမှာ ထည့်ပြီး ဓါတ်ပြား မျက်နှာတွေကို ဖတ်တဲ့ ဓါတ်စက်အပ်တွေက ဓါတ်ပြား အဝိုင်းတလျှောက်မှာ ရေးတာ ဖတ်တာ လုပ်ပါတယ်။ ဓါတ်ပြားတွေတချပ်နဲ ့တချပ်အကြားမှာ ဓါတ်စက်အပ်တွေ အတွင်းအပြင် ရွေ ့လျှား […]


saundSeptember 16, 20118min25419
ကျမ အီးမေးလ် အကောင့်ထဲမှာ အာဖရိက အထူးသဖြင့် နိုင်ဂျီးရီးယား က ကလိမ်ကကျစ်မေးလ် တွေရလေ့ရှိပါတယ်။ ပုံပြင်ကတော့ အာဖရိကား က သူဌေးကြီး တနည်းနည်းနဲ ့သေမယ် (ကားတိုက်သေတယ် ရောဂါနဲ ့သေတယ် အသတ်ခံရတယ်) အမွေဆက်ခံဖို ့ လူလိုတယ် အမွေကတော့ အမေရိကန် ဒေါ်လာ ဘီလီယံ ချီတဲ့ ငွေတွေ အာဖရိကား ကနေ သင်နေတဲ့ နိုင်ငံ ကို ပို ့ချင်တယ် ဒါမှ မဟုတ် သင့်ရဲ့ ဘဏ်အကောင့်ထဲ ပို ့ချင်တယ် လို ့ရေးတယ် ွ ဒါက လှည့်ကွက်ပါ။ သင့် ဘဏ်အကောင့်ရတာနဲ ့ သင့် ဘဏ်ထဲက ငွေတွေ ဟက်လုပ်ပြီး ယူမှာပါ။ ဒီလို […]


saundDecember 1, 20101min1316
ဆောင်းတွင်းရောက်လာတော့ အေးတာ မဆန်းပေမဲ့ ဟင်းချက်တဲ့ အခါ အခက်ခဲ ဖြစ်တယ်။ အိမ်အနေအထား အရ သူများနဲ့ တွဲနေ ရတော့ အ်ိမ်ထဲက ဟင်းနံ့ ထွက်အောင် တံခါးတွေ ဖွင့်ရတိုင်း ဟင်းချက် တဲ့လူ မတ်တပ် ခဲသွားမဲ့ အခြေနေ ဖြစ်ရော။ ဒါကြောင့် တော်ရုံ လွယ်တဲ့ဟင်းတို့ ခေါက်ဆွဲပြုတ် ကြာဆံပြုတ်တို့ဘဲ လုပ်စား ဖြစ်တယ်။ ဟင်းချက်ရင်း ကောက်ညင်းမှုန့် တွေ့တော့ မဆွီ ဆိုဒ်ထဲကလို မုန့်ကြာစေ့ စားချင်လာတယ်။ မုန့်သားလေး နယ်ပြီး ရေနွေးထဲ လှမ်း ထည့်တော့ မုန့်ကြာစေ့ တဇွန်းစာ လောက်ကို အတော့်ကို လုပ်ယူရတယ်။ အလုံး ညှောက်တောက်လေးတွေ လုံးရတော့ အချိန် လည်းကြာ ချမ်းလည်း ချမ်းလာရော။ နောက်ဆုံးတော့ […]


saundNovember 27, 20101min25913
မသိသူကျော်သွား သိသူဖော်စား ဆိုတဲ့ စကားလေးလိုပါဘဲ.. မြန်မာနိုင်ငံမှာ ပေါများသွား တဲ့ ထန်းပင် အူတိုင် အကြောင်းပါ။ Heart of Palm ထုံးစံအတိုင်း ကျွန်မဆောင်း ခြေဦးနဲ ့ဒူးတည့်ရာ သွားရင်း မျက်စိထဲ ဝင်လာတဲ့ လမ်းဘေးက ဆိုင်တဆိုင် ကို ဝင်လေ့လာ မိပါတယ်။ ဆိုင်က ပိုလန်ဆိုင် (ပေါလစ်ရှ်၊ ဘရာဇီး၊ ဥရောပ) တခုဆိုပါတော့။ အဲဒီမှာ ဘာထူးဆန်း တာရှိသလဲ လိုက်ကြည့်တော့ အုန်းပင် ထန်းပင် တွေရဲ့ ပင်စည် အတွင်းဆုံး အလည်သားကို မျှစ်လို ပုံစံဖြစ်နေတဲ့ အသားနုနုလေး တွေကို စားချင့်စဖွယ် ဖြစ်အောင် အချည်စိမ်၊ အအေးခံ ထားတဲ့ palmito တွေ ့ရ ပါတယ်။ အဲဒီ […]


saundNovember 24, 20101min1052
နို့ညာမ မွေးတော့ စီးပွားတက်လွန်းလှ။ အဲဒီတုန်းက ပြားခေတ် ပဲခေတ် သျှီလင်ခေတ်။ ဆိုင်ပိတ်ရင် ရောင်းငွေသိမ်းရင် ပိုက်ဆံ ရာတန်တွေကို ဂုံနီအိတ်တွေနဲ့ ကို သိမ်းရတယ်။ အဲဒီတုန်းက ကားဆိုတာ ၉စီး ၁ဝစီး။ ဒီသမီးမွေးလို့ စီးပွားတက်တော့ စီးပွားရေး ကိုဘဲ ဂရုစိုက်ရတယ်။ ဆိုင်က စာရေးဆိုရင် ရွှေကြိုးမျက်မှန်နဲ့ ရွှေကြိုးလက်ပတ်နာရီနဲ့ မြင်းပွဲ အပတ်တိုင်းသွားတယ်။ သံသယ ရှိတော့ ကိုယ်လည်း ဆိုင်ထိုင်စစ်ရတယ်။ အဲဒီမှာတင် စာရေး ငွေခိုးတာ ပေါ်တာဘဲ။ အဲဒီထည်းက ကလေးတွေ အခိုင်းနဲ့ လွှတ်ထား ရတော့တယ်။ ပြည်သူပိုင်သိမ်းတော့ ဂိုဒေါင် ရလုံး လည်း အသိမ်းခံရ။ ရှိသမျှ စီးပွားရေးလည်း ကုန်။ ဘဏ်ထဲက ငွေတွေလည်း အသိမ်းခံရ။ ဝင်ငွေက မရှိ။ […]


saundNovember 22, 20101min510
အိမ်ထောင်ကျတော့ သားသမီးမျှော်ရတာ မိဘတွေရဲ့ ဆန္ဒ၊ မွေးလာတော့ သားလား သမီးလား ရင်တထိတ်ထိတ်နဲ ့ မေးရတယ်။ (ယခုလို ကိုယ်ဝန်သန်ဓေ ကို စကင် လုပ်မကြည့် နိုင်သေးတဲ့ အချိန်။)  အင်္ဂါ ပြည့်စုံရဲ့လား။ မျက်စိမြင်ရဲ့လား။ နားကြားရဲ့လား အအလေးများ ဖြစ်နေလား စစ်ရတာ အမော။ ဒီမိခင်ရဲ့ သဘာဝ။ ပထမဆုံး သမီးမွေးလာတော့ ဘာလေးဘဲ ဖြစ်ဖြစ် မိဘတွေက တဦးမို ့ချစ်ရသည်။ ဒုတိယကလေး ကျပြန်တော့ သမီးမို လို ့ခင်ပွန်းသည်က မပျော်ရွှင်၊ ကိုယ့်ရင်သွေးမို ့ ချစ်ရတာ တုန်လို ့။ နောက်သားလေး မွေးတော့ ခင်ပွန်းသည် ဆေးရုံတောင် မလာ။ သားမွေး ကြောင်းသိမှ ပြုံးပျော်တဲ့ မျက်နှာနဲ ့ဆေးရုံ […]


saundNovember 17, 20101min822
ဖော်ဝဒ်မေးက ရလို ့ပါ။ ချာတိတ်လေး ပျောက်သွား လို ့တွေ ့ရင် အကြောင်းကြား ပေး ကြပါ။ သားပျောက်တဲ့ မိဘရဲ့ ပူပန်မှု ့ကို ကိုယ်ချင်းစာနိုင် ကြပါစေ။ 9.10.2010 (စနေနေ့ ) ၊ မနက်(5)နာရီ လောက်မှာ ဒီကလေး ပျောက်သွားလို့ ။ သူ့ မိဘတွေ အရမ်းခံစား နေကြရပါတယ် ။ လူသားချင်း စာနာသောအနေနဲ့ ဒီ Mail ကို လက်ဆင့် ကမ်း ပေး ကြပါ ။ သူ့ဓါတ်ပုံနဲ့ အချက်အလက်တွေ ထည့်ပေးထား ပါတယ် ။ သတင်းကြားရင် ဖြစ်ဖြစ် ၊ တွေ့ မိရင်ပဲဖြစ်ဖြစ် ဖုန်းဆက်ပေးကြပါဗျာ ။ ကျေးဇူးပြုပြီး Forword […]


saundNovember 13, 20101min1001
မနက်မိုးလင်းတော့ ကိုယ့်ဘလော့ကို အရင် ဖတ်ရပါတယ်။ နောက် မန်းတလေးရတနာပုံ နဲ ့ ပျူနိုင်ငံ ကို ကြည့်ပါတယ်။ ပြုံးပျော် နေတဲ့ ချောမောလှပတဲ့ ကြက်သရေ အပေါင်းနဲ ့ ခညောင်းတဲ့ မစု ပုံကို ကြည့်ပြီ လွတ်လွပ်ခြင်း အရသာကို ခံစား လိုက်ရပါတယ်။ ကျမ အမ တယောက်က ဒေါ်အောင်ဆန်းစုကြည် နဲ ့ ရုပ်ဆင်ဆင် တူလို ့ မစုဘဲ ခေါ်လိုက်တယ်။ (ဒါပေမဲ့ ကျမ အမက အသားညိုပါတယ် း-) ကြက်သရေ အပေါင်းနဲ ့ခညောင်းတဲ့ မစု… ချောလွန်းလှလွန်းယဉ်လွန်း ပါတဲ့ မစု… လေးစားရသော မစု … ပြည်သူတွေ အတွက် အရာရာကို စွန် […]


saundOctober 4, 20101min1818
Do & Don’t ဆိုတဲ့ အက်မင်ရဲ့ ပို ့စ်ကို ဖတ်ကြည့်ပါတယ်။ ၁) – စာခိုးခံရသူတွေအတွက် ဒီဝက်ဘ်ဆိုက်ဖက်က ဖြေရှင်းစာ ရေးပါမယ်။ Mandalay Gazette Website ကို Forum လိုသဘောထားမြင်ကြည့်ပါ။ Member ဖြစ်ပြီးရင် စာတင်ချင်တဲ့သူက စာတွေတင်ချင်သလိုတင်နိုင်တာပါ။ အဲဒီတင်တဲ့စာကို တင်သူကိုယ်တိုင်တာဝန်ယူနိုင်ရမှာပေါ့။ Admin, Editorsတို့ ဘယ်လိုနည်းနဲ့ သူများစာတွေမှန်းသိနိုင်မှာလည်း။ တက်လာတဲ့စာကို Editorက ဘယ်လိုလုပ်တာဝန်ယူနိုင်မှာလည်း၊ ယူအက်စ်မှာ ညအချိန်က မြန်မာပြည်မှာနေ့အချိန်မို ့ နာရီနဲ့မလပ်လည်း ကြည့်မနေနိုင်ပါ။ အယ်ဒီတာအဖွဲ ့ကလူတိုင်း နေ့လည်မှာ ပုံမှန်ရုံးအလုပ်သွားပါတယ်။ MG Website အတွက်အချိန်ပြည့်ဘယ်သူမှ အလုပ်လုပ်မနေပါ။ ဒါပေမဲ့တိုင်စာတချို ့မှာ စာတွေခိုးချနေတာ သတင်းစာက တာဝန်မယူနိုင်တာမို ့ ခိုးချမီဒီယာ၊ သူခိုးအားပေးမီဒီယာ၊ […]


saundOctober 2, 20101min1425
လောကကြီးမှာ ကျွန်မ မသိသေးတာ အများကြီးပါ။ မြန်မာနိုင်ငံမှာ မတွေ ့ဖူးတဲ့ အစားအစာတွေ အလေ့အထတွေကို သိလာရတဲ့ အခါ။ ကိုယ့်လို မသိဖူး မမြင်ဖူးသူ တွေ အတွက် ဝေမျှခံစားစေချင်လို ့ ဒီပို ့စ်ကို တင်ပါတယ်။ မြန်မာနိုင်ငံက တိုက်ရိုက် ဖတ်နိုင်မယ် လို ့ ထင်ရတဲ့ ဒီဆိုဒ်ကို အရင် တင်ပါတယ်။ တရက်တော့ ကျွန်မ တဆိုင်ဝင် တဆိုင်ထွက် ဈေးဝယ်ထွက်တဲ့ အခါမှာ အထူးဆန်း တွေ ကျွန်မ မျက်စိထဲ ဝင်လာပါတယ်။ အဲဒါက ၆လက်မအရွယ် အချင်း၁.၅လက်မ အဖြူရောင် နွားနို့ ပုလင်း ပုံစံ ပေ့ါပါးတဲ့ ဟင်းသီး ပါဘဲ။ အတော်ကြီးလို ့လုဝယ်နေသူ တွေမေးကြည့်တော့ မှိုလို […]


saundOctober 2, 20101min18713
ပို ့စ်တခု ဖြစ်လာဖို ့ စာရေးသူတွေဟာ ဦးဏှောက် ကို အသုံးချ လေ့လာ ဆန်းစစ် အချိန်ယူပြီး ရေးသားရပါတယ်။ ကိုယ်ရေးတဲ့ အကြောင်းအရာ ဟာ မှန်မမှန်ကို စမ်းသပ်ရပါသေးတယ်။ ဘာသာပြန်တယ် ဆိုရင် တောင် မြန်မာမှု ့ပြုနိုင်တဲ့ စကားလုံးတွေ ပြောင်းလဲ သုံးရပါတယ်။ ဒါကြောင့် ပို ့တခု ဖြစ်လာရင်စာရေးသူတို ့ရဲ့ ရင်မှာ ကြည်နူးပျော်ရွင်မှု ့ရသလို လာဖတ်သူများရင် လည်း ဝမ်းသာရပါတယ်။ နိုင်ငံအားလုံးမှာ မူပိုင်ဆိုတာ ရှိပါတယ်။ အွန်လိုင်း အချက်လက် များကို တကမာ္ဘလုံး ကြည့်ဖို ့ ရေးလိုက်ပြီဆိုရင် စာဖတ်သူတိုင်း ဖတ်နိုင်ပေမဲ့ ခိုုးယူ ကူးပြီး နာမည် ပြောင်းတပ်ရင်ဖြင့် မူလ စာရေးသူတွေ အနေနဲ […]


saundSeptember 10, 20101min3719
ကမာ္ဘ ပေါ်မှာ နေရာ ဒေသအလိုက် တွေ ့ရှိရတဲ့ သဘာဝ သစ်ပင် တောတောင် ရှုခင်းနဲ ့ တိရိစ္စာန် တွေဟာ လေ့လာ လို ့မကုန် နိုင်ပါဘူး။ ဒီနေ ့ဆိုင်တဆိုင်က နီရဲနေတဲ့ သစ်သီးတွေ ရှေ ့မှာ ခုန်ဆွ ခုန်ဆွနဲ ့ စားချင်လို ့ပူဆာနေတဲ့ ၅နစ် အရွယ် ကလေးမလေး ကြောင့် အဲဒီ သစ်သီးကို ဝယ်လိုက် ပါတယ်။ အသီးနာမည်က prickly red pear လို ့ရေး ထားပါတယ်။ ၁ပေါင်ကို ၃၉ပြားနဲ ့၂လုံး ကို ၁ဒေါ်လာ နဲ ့ဝယ်လာပါတယ်။ အသီးပုံစံက မြန်မာနိုင်ငံက ရွက်ယိုသီး လို အဖုအထစ်လေးတွေနဲ […]