အကြံထပ်ပေးကြည့်ပါသည်

saundOctober 4, 20101min3018

Do & Don’t ဆိုတဲ့ အက်မင်ရဲ့ ပို ့စ်ကို ဖတ်ကြည့်ပါတယ်။

၁) – စာခိုးခံရသူတွေအတွက် ဒီဝက်ဘ်ဆိုက်ဖက်က ဖြေရှင်းစာ ရေးပါမယ်။
Mandalay Gazette Website ကို Forum လိုသဘောထားမြင်ကြည့်ပါ။ Member ဖြစ်ပြီးရင် စာတင်ချင်တဲ့သူက စာတွေတင်ချင်သလိုတင်နိုင်တာပါ။ အဲဒီတင်တဲ့စာကို တင်သူကိုယ်တိုင်တာဝန်ယူနိုင်ရမှာပေါ့။ Admin, Editorsတို့ ဘယ်လိုနည်းနဲ့ သူများစာတွေမှန်းသိနိုင်မှာလည်း။ တက်လာတဲ့စာကို Editorက ဘယ်လိုလုပ်တာဝန်ယူနိုင်မှာလည်း၊ ယူအက်စ်မှာ ညအချိန်က မြန်မာပြည်မှာနေ့အချိန်မို ့ နာရီနဲ့မလပ်လည်း ကြည့်မနေနိုင်ပါ။ အယ်ဒီတာအဖွဲ ့ကလူတိုင်း နေ့လည်မှာ ပုံမှန်ရုံးအလုပ်သွားပါတယ်။ MG Website အတွက်အချိန်ပြည့်ဘယ်သူမှ အလုပ်လုပ်မနေပါ။

ဒါပေမဲ့တိုင်စာတချို ့မှာ စာတွေခိုးချနေတာ သတင်းစာက တာဝန်မယူနိုင်တာမို ့ ခိုးချမီဒီယာ၊ သူခိုးအားပေးမီဒီယာ၊ ကော်ပီပေ့စ်မီဒီယာ အစုံပြောကြပါတယ်။ အင်မတန်ဝမ်းနည်းစရာပါ။ ငွေကြေးအရလည်း အလုံးစုံအကုန်အကျခံရတယ်။ ဆဲဆို ပြောကြတာလည်းခံရတယ်။

ဆိုတော့ ..တကယ်လည်း သူများစာတွေကူးတင်ကြတာ အလွန်များပါတယ်။ အဲင်္ဒီအတွက်လောလောဆယ်တော့ တောင်းပန်ရမှာပါပဲ။ တကယ်ကို တောင်းပန်ပါတယ်။
တင်တဲ့စာတွေမှာ ခိုးချ၊ ကော်ပီကူးတာတွေများတော့ ဘယ်အယ်ဒီတာမှလည်း ထိုင်မလုပ်ချင်တော့ပါဘူး။ တရက်တရက်တက်လာတဲ့စာတိုင်းလည်း နာရီနဲ့ချီပြီးမစစ်ဆေးနိုင်ပါဘူး။ ဒီဝက်ဘ်ဆိုက်ကို ဖိုရမ်သဘောနဲ့မြင်ကြစေချင်တာပါ။ မင်န်ဘာတိုင်း ကိုယ့်စာကိုယ်.. ကိုယ့်တာဝန်ကိုယ်ယူကြစေချင်တာပါ။ တခြားဖိုရမ်တွေနဲ့မတူတာက ဒီမှာ တရက်တရက် Log in ဝင်လာရင်လည်း ငေ၊ွပေးတယ်. ကော်မန့်ရေးချင်တာရေး ငွေပေးတယ်. စာတင်ချင်တာတင် ငွေပေးတယ်။ ငွေပေးတာနည်းပေမဲ့ လူအရေအတွက်များတာမို ့ ငွေပမာဏ မနည်းလောက်ဘူးလို့ နားလည်နိုင်ပါလိမ့်မယ်။
ဒီအခွင့်အလမ်းကို တလွဲသုံးကြတာမို ့ ပွိုင့်ပေးစံနစ် အားလုံးပြန်စဉ်းစားရပါတော့မယ်။

မြန်မာပြည်မှာ မဂ္ဂဇင်း၊ဂျာနယ်တွေဆီ သတင်းစာမူပို့ရင် မည်သူမဆိုဟာ ပို ့ချင်တာပို့လို့ရပါတယ်။ တိုက်ကိုရောက်ပြီးမှ အယ်ဒီတာက စာတွေဖွင့်ဖေါက်ပြီး တခုချင်းဖတ် .. ကြိုက်တာကိုရွေးချယ်ပါတယ်။ ရွေးချယ်တဲ့စာမူမှာ စာမူပို ့သူက တာဝန်ယူဝန်ခံထားရတာတွေပါပါတယ်။ ကိုယ်တိုင်ရေးဖြစ်ရတယ်။ တခြားတိုက်ကိုပို ့မထားဖူး ဘာသာပြန်ဆို မူရင်းကို ညွှန်းရတယ်။ စတာတွေက သတင်းသမား၊ စာရေးဆရာ၊ စာရေးဆရာဖြစ်လိုသူတိုင်းလိုက်နာရမဲ့ ပြောပြစရာမလိုတဲ့ စည်းကမ်းတွေပါ။ အဲဒီပို ့လာတဲ့စာတွေကို ဒါတွေက သူတပါးစာမူတွေလို့ အယ်ဒီတာက ဘယ်လိုလုပ်စစ်နိုင်မှာလည်း၊ သိနိုင်မှာလည်း..။

သဘောတူတူပဲ… ဒီဝက်ဆိုက်မှာ တင်ချင်တာလာတင်.. အယ်ဒီတာက ဘယ်လိုသိနိုင်မှာလည်း ..။စစ်နိုင်မှာလည်း..။
ဒါပေမဲ့ အခုလိုကူးယူတဲ့စာတွေအတွက် တောင်းပန်ရမှာပါပဲ။ မူရင်းစာမူ ပိုင်ရှင်တွေအားလုံးကို ခွင့်လွှတ်ဖို့ တောင်းပန်ပါတယ်။နောင်မဖြစ်အောင် ကြိုးစားပါ့မယ်။ လုပ်သင့်တဲ့ အကြံဉာဏ်ကောင်းရှိရင်လည်း ပေးကြပါဦးလို့ တောင်းဆိုပါတယ်။

ကျွန်မ ဆွေးနွေးချင်ပါတယ်။

စာမူတွေများလွန်းလို ့ အယ်ဒီတာတွေ မစစ်နိုင်တာ လက်ခံပါတယ်။တိုင်သူများလာရင် အတိုင်ခံရတဲ့ ပို ့စ်ကို ဘယ်လို ဆက်လုပ်သင့်သလဲ ဆိုတာလည်း အကြံပေးထားဖူး ပါတယ် ။ မူရင်း ကူးချ ကူးချလက်ခံ ဆိုတဲ့ ပို ့စ်မှာပါ။

မူရင်းကို ခိုးကူးတာ အထောက်ထားနဲ ့ပြနိုင်ရင် ခိုးကူးထားတဲ့ ပို ့စ်တွေကို ဒီသတင်းစာမှ ဖြုတ်နိုင် ဖျက်ပစ်နိုင်မလား လို ့ သိပါရစေ။

ကိုယ်ပိုင်ဖန်တီးတဲ့ အနုပညာတခုကို သူတပါးက နာမည်ယူနေရင် မူလပိုင်ရှင်တွေ အနေနဲ ့ ဒီသတင်းစာကို ဖော်ရန် လို ့သဘောထားပါ လို ့ဆိုရင် တခြား အွန်လိုင်းသတင်းစာအုပ်စုက လည်း မန်းရတနာပုံ နာမည်နဲ ့ဆင်တူရိုးမှား လိုက်တုရင် ဒီသတင်းစာကရော အထက်က အယ်ဒီတာကြီး ပြောခဲ့သလို သဘောထားကြီးနိုင်ပါမလား။

လောလောဆယ် ကူးချခံရတဲ့ ဘလော့ကာတွေအနေနဲ ့ ခိုးရာပါပစ္စည်လက်ခံဝဒ်ဆိုဒ်လို ့ သတ်မှတ်ပြီး ဘာမှ မလုပ်နိုင်လို ့ လက်မှိုင်ချ မခံချည့်မခံသာ စိတ်ပျက်နေကြရပါတယ်။

bigcat ပြောသလို ဒီသတင်းစာမှာ ခိုးကူစာမူတွေကို ဖြုတ်ထုတ်သတ် လုပ်ခဲ့လေသလား ဆိုပြီး ရှာကြည့်ပါတယ်။ ဒုံရင်းက ဒုံရင်း ပါဘဲ။ ခိုးကူးစာပေကို လက်ခံတင်ထား ဆဲပါ။

မူရင်းခိုးကူးခံရတဲ့ပို ့စ်တွေ ဒီသတင်းစာထဲက ပြုတ်တော့မှဘဲ ဒီသတင်းစာ ကို စာဖတ်သူတိုင်း လေးစားလာမှာ သေချာ ပါတယ်။ ဘလော့စပေါ့ဆိုဒ်ကို မြန်မာနိုင်ငံက ဘန်းထားတော့ မြန်မာနိုင်ငံက စာဖတ်သူတွေ မဖတ်နိုင်ပေမဲ့ အမေရိကားက ဒီသတင်းစာ အယ်ဒီတာတွေအနေနဲ ့ ဖတ်နိုင်မယ် ထင်ပါတယ်။

အပြစ်တင်တာမျိုးမဟုတ်ဘဲ ကိုယ်ချင်းစာကြည့်ဖို ့ရယ် ဆွေးနွေးတာပါ။ ဒီသတင်းစာကို စာဖတ်သူတိုင်းက လေးစားတမှု ့  ဖြစ်လာနိုင်ဖို ့ရယ်က ဒီသတင်းစာရဲ့ မူ စည်းကမ်း ပေါ်မှာ မူတည်ပါတယ်။ မြန်မာနိုင်ငံက စာရေးသူတွေအတွက် စာမူခပေးတာ ကို  လေးစား မိပါတယ်။ အင်တာနက်ဖိုးက ဈေးမသေးတဲ့အတွက် စာမူခ ပေးတော့ အနုပညာရှင်တွေ အတွက် အနုပညာ ဖန်တီးရတာ ကိုဘဲ ပီတီဖြစ် ဝမ်းမြောက်မိကြမှာပါ။ ရတဲ့ စာမူခ ထက် အင်တာနက်ဖိုးက ပို နိုင် ပါတယ်။ ကိုးနတ်ရှင်နှေးရင် မီးပျက်ရင် အချိန်ကုန်ခံ ငွေကုန်ခံ ရေးကြတဲ့ မြန်မာနိုင်ငံထဲက စာရေးသူတွေ အတွက် ကျွန်မက ကျေးဇူးတင် လေးစားမိပါတယ်။

ဘလော့ကာ တွေနဲ ့အတူ တခြားတခြားသော ဖိုရမ် မဂ်ဂဇင်းတွေရဲ့ အလယ်မှာ စာမူသူခိုးလက်ခံသတင်းစာ လို ့ နာမည်ပျက် နေတဲ့ အတွက် ဒီသတင်းစာရဲ့ စည်းမျဉ်းဥပဒေကို ပြင်ဆင်ရင် သတင်းစာအတွက်ရော မူရင်းစာပေ ဖန်တီးသူ အနုပညာရှင်တွေ အတွက်ပါ ကောင်းမှာပါ။ နောက်တချက်က ဒီစာမူတွေအတွက် ငွေအကုန်ခံ ဆာဗာဆောက်ပြီး တင်ထားရတာလည်း နှမျှောမိလို ့အကြံပေးအပ်ပါတယ်။

ခိုးကူးစာမူတွေကို အချိန်တိုအတွင်း ချက်ချင်း မဖြုတ်နိုင်တာ လက်ခံပေမဲ့ တဖြည်းဖြည်းနဲ ့ဖြုတ်နိုင်ရင် ကောင်းပါမယ်။ သာမာန် စာဖတ်သူ တွေ အနေနဲ ့လည်း ခိုးကူးစာမူတွေကို ပြန်ဖတ်နေရတဲ့အတွက် စိတ်ပျက်နေတာ အမှန်ပါဘဲ။ မူရင်း ကူးချ ကူးချလက်ခံ မှာ ဝင်ရောက် ရေးထားတဲ့ ကော်မဲန် ့တွေကို အက်မင်တို ့အယ်ဒီတာတို ့အချိန်ရရင် ဖတ်ကြည့် စေချင် ပါတယ်။

ကျေးဇူးတင်ပါတယ်

8 comments

  • bigcat

    October 5, 2010 at 5:42 am

    အယ်ဒီတာ့ထံ ပေးစာဆိုပြီး tag ဖွင့်ထားတော့ ပင်မစာမျက်နှာမှာ မပေါ်ဘူးဗျ။ ဒီတော့ပစ်က ဟော့ဖြစ်ခဲ့တဲ့ဟာရဲ့ အဆက်ဆိုတော့ တက်ဂ်ပြောင်းလိုက်ပါလား။ ကွန်းမန့်တွေ ပိုဖတ်ခွင့်ရတာပေါ့။

  • ဆူး

    October 5, 2010 at 5:49 am

    အယ်ဒီတာ ထံ ပေးစာ ဆို ပင်မ စာမျက်နှာမှာ မပေါ်ဘူးလား.. ဒါဆိုလည်းကောင်းတာဘဲ.. အတိုင်အတော ထူချင်တာတွေ များနေလို့.. ဟီးဟီး..

  • ပူတူးတူးလေး

    October 5, 2010 at 6:25 am

    မူပိုင်ခွင့်ဆိုတာဘာလဲမသိတာ အဆိုးဆုံး ကတော့ etone ပါဘဲတစ်နေ့တစ်နေ့ သူတင်နေတာတွေက အားလုံးက copy right နဲ့ငြိနေတယ်ဆိုတာသူရော ဒီဆိုဒ်ကရောမသိသလိုဘဲ။မသိရင် myanmargazette.net မဟုတ်တော့ဘူး etone.com ဖြစ်နေပြီ။ admin အနေနဲ့စိစစ်သင့်တယ်လို့မြင်မိပါတယ်။

  • michaelaungpu

    October 5, 2010 at 8:23 am

    ဝေးးးးး
    ကလေးတွေက ကလေးတွေလိုနေကြလေ
    လူဂျီးတေဇာတ်ကားကြောနေတယ်
    တဟီးဟီးနဲ ့ဘယ်လို ဖစ်နေတာလဲ

  • kai

    October 5, 2010 at 9:05 am

    ဆွေးနွေးတာ ကျေးဇူးတင်ပါတယ်။ တတ်သလောက် မှတ်သလောက်ဖြေသွားပါမယ်။ ဆက်ဆွေးနွေးပေးပါ။ တခြားမန်ဘာတွေရောပေါ့။

    မူရင်းကို ခိုးကူးတာ အထောက်ထားနဲ ့ပြနိုင်ရင် ခိုးကူးထားတဲ့ ပို ့စ်တွေကို ဒီသတင်းစာမှ ဖြုတ်နိုင် ဖျက်ပစ်နိုင်မလား လို ့ သိပါရစေ။
    ဖြုတ်ပါတယ်၊ ကျန်နေရင် ထပ်ပြောပါ။ အခုမှ မဟုတ်ပါဘူး အရင်ကတည်းက တွေ့ရင်တွေ့သလိုဖြုတ်ခဲ့တာပါ။
    စာပေသူခိုးတချို့က သူများစာတွေ ဒီမှာလာတင်ရင် ကျုပ်တို့က ဘာအကျိုးအမြတ်ရပါသလဲ။ အဲဒီအတွက်လည်း ပွိုင့်၁၀ဝ ပေးရတာမို ့အကုန်အကျတောင်ရှိပါသေးတယ်။ အထောက်အထားနဲ့ ဖျက်ဖို့တောင်းဆိုရင် ဝမ်းသာအားရတောင် ဖျက်ပေးချင်ပါတယ်လို့ ပြောပါရစေ။
    မူရင်းပိုင်ရှင်က အဲဒီပွိုင့်သူနဲ့သာဆိုင်ပါတယ်။ မဖြုတ်ပဲ ဒီမှာမန်င်ဘာဝင်ပြီး အဲဒီရသင့်တဲ့ပွိုင့်လွဲပေးပါတောင်းဆိုရင်လည်း လွှဲပေးဖို့ လုပ်ရမှာသာဖြစ်ပါတယ်။

    နောက်ပိုင်းမှ ရီပို့ပေးနိုင်တဲ့ စံနစ်ထည့်ထားတာမို ့နည်းနည်း ပိုလွယ်လာတယ်ဆိုပါတော့…။ အဲဒါတချို ့က ဘယ်လိုရီပို ့ပေးသလည်းဆိုတာကို ..အောက်မှာ လေးနည်းနည်းကြည့်ပါဦး။ Report ပထမ အခု ၂ဝကိုစစ်တာမှာ တကယ်ဖျက်ခိုင်းတဲ့ ထပ်နေတယ်ပြောတာ တခုမှမပါပဲအဲဒါမျိုးတွေဖြစ်နေပါတယ်။ အဲဒါ ဖျက်တဲ့အယ်ဒီတာလည်း လုပ်ချင်လုပ်.. မလုပ်ချင်မလုပ်ပဲဖြစ်ပါလေရော..။ပြောချင်တာက အဲဒီလိုလုပ်ကြရင် ဖြုတ်သူတွေ အလွန်အလုပ်ပိုတာပဲရှိပါတယ်။ နောင်အဲဒီလိုစာတွေ… အဲဒီရီပို့နေရာ မရေးကြဖို ့ပြောချင်ပါတယ်။
    – Right ! I always remember porem.
    – မြန်မာအမျိုးသမီးလေးများသတိပြုရန် > Misleading/Abusive Contents(တိုက်ခိုက်၊သွေးထိုးလှုံ့ဆော်)
    – bar lel ma thi bu ha
    – ကျေးဇူးတင်ပါတယ်…..ဗဟုသုတအဖြစ် ထပ်ဖြန် ့ပေးပါ့မယ်…..
    – ရေးထားတဲ့အကောင်တော့ရူးနေလားမသိဘူး ငါတော့ဒီလိုထင်တာပဲ မင်းကော ဘယ်လိုထင်လဲ

    ကိုယ်ပိုင်ဖန်တီးတဲ့ အနုပညာတခုကို သူတပါးက နာမည်ယူနေရင် မူလပိုင်ရှင်တွေ အနေနဲ ့ ဒီသတင်းစာကို ဖော်ရန် လို ့သဘောထားပါ လို ့ဆိုရင် တခြား အွန်လိုင်းသတင်းစာအုပ်စုက လည်း မန်းရတနာပုံ နာမည်နဲ ့ဆင်တူရိုးမှား လိုက်တုရင် ဒီသတင်းစာကရော အထက်က အယ်ဒီတာကြီး ပြောခဲ့သလို သဘောထားကြီးနိုင်ပါမလား
    သတင်းစာနဲ့ ဝက်ဘ်ဆိုက်ကို ရောမြင်နေတယ်ထင်ပါတယ်။ (ကျုပ်ပဲ မရှင်းမရှင်း တနေရာရာမှာ ရေးမိသလား မသိပါ။ တွေ့ရင် ထောက်ပြပါ။)
    ဒီဝက်ဘ်ဆိုက်ဟာ သတင်းစာမဟုတ်ပါဘူး။ ဝက်ဘ်ဆိုက်ဟာ သတင်းစာမှာဖေါ်ပြတဲ့စာတွေ၊ သတင်းတွေအတွက် သတင်း၊ စာမူရွေးချယ်ရာ နေရာ တခု(တခု)သာဖြစ်ပါတယ်။
    ဒီဝက်ဘ်ဆိုက်ကို ဖွင့်ပြီး အချိန်ကစလို့ မန်င်ဘာတွေထဲကနေ သတင်းစာမှာပုံနှိပ်ဖေါ်ပြဖို့ရွေးချယ်ခဲ့တာ စုစုပေါင်း ပို့စ် ၅၈၂၂ ကနေ.. စာမူ၁ခု၊ (၁)ခုပဲရှိပါသေးတယ်။
    ဒါတောင်အဲဒီစာမူက ဒီအတိုင်းပြန်လည်ဖေါ်ပြတာမဟုတ်ပါဘူး။ စာရေးသူကိုယ်တိုင် အယ်ဒီတာအကြံပေးတဲ့အတိုင်း အချက်အလက်တိကျမှုရှိဖို့အတွက် အကြိမ်ကြိမ်ပြန်စစ်ပြီးမှ သတင်းစာမှာထည့်လိုက်တာပါ။
    မန္တလေးဂေဇက်ဟာ ဘယ်အွန်လိုင်းအုပ်စုနဲ့မှ မတူပါဘူး။ ဘယ်မြန်မာသတင်းစာမှနဲ့လည်းမတူပါဘူး။ အဲဒီအကြောင်း ဆရာကြီးမောင်သာရတောင် အာဖက်အေလား၊ ဗီအိုအေကလားမသိ အသံလွှင့်ပြောဖူးတယ်။
    မန္တလေးဂေဇက်ကို မြန်မာစာပေကို ချစ်တဲ့ လူ၂ယောက်ထဲက ကိုယ်အိပ်ကိုယ်စိုက်ပြီး တည်ထောင်ထားတာပါ။ ၃၂မျက်နှာရှိတဲ့သတင်းစာကို အခမဲ့ဝေတာပါ။ အခုမှထလုပ်တာလည်းမဟုတ်ပါဘူး။ ၂၀၀၆ထဲက စလုပ်ခဲ့တာဖြစ်ပါတယ်။
    အသေးစိတ်ကို http://en.wikipedia.org/wiki/Mandalay_Gazette မှာဖတ်နိုင်ပါတယ်ခင်ဗျား။
    အဲဒီတော့ .. ဆင်တူယိုးမှားလိုက်လုပ်နိုင်တဲ့သူရှိရင် လုပ်ပါစေလို့ပဲပြောရမှာပဲ။ ဒါမျိုးလုပ်နိုင်လေ.. မြန်မာတွေအတွက် ကောင်းလေမဟုတ်ပါလား၊
    သတင်းစာမှာပါတဲ့သတင်းတွေ၊ ဆောင်းပါးတွေ ကူးယူချင်ကြပါသလား။ ကူးပါစေခင်ဗျား။ များများနဲ့ ကျယ်ကျယ်ပြန့်ပြန့်ဖတ်ကြနိုင်ဖို့၊ မှတ်တမ်းအဖြစ်နောင်နှစ်ရာချီကျန်ရစ်ဖို ့ပုံနှိပ်ထုတ်ဝေနေတာသာဖြစ်ပါတယ်။ ပြောရရင် ယူအက်စ်မှာရှိတဲ့ ပုဂ္ဂိုလ်တွေ သတင်းစာမှာစာရေးတာ။ သတင်းပို့တာ စာမူခ၊ သတင်းပို့ခ တပြားမှ မယူကြပါဘူး။ အားလုံးအခမဲ့ ကိုယ်ကင်မရာနဲ့ကိုယ်၊ ကိုယ်စာရွက်နဲ့ကိုယ် လုပ်အားလှူပြီးလုပ်ပေးနေကြတာပါခင်ဗျား။ အဲဒီတော့ အဲဒီအခမဲ့သတင်းပို့လာတဲ့သတင်း။ စာမူကို ခိုးယူသုံးရက်ရင်သုံးပါစေပေါ့။ တကယ်လို့ မူရင်းစာမူရှင်က အဲဒါမျီုးကိစ္စအတွက် ခိုးသူဆီက တခုခုဖြေရှင်းခိုင်းပေးပါတောင်းဆိုရင် မန္တလေးဂေဇက်က ယူသုံးထားသူတွေကို စာပို့သတိပေးတာတွေ။ ဘာတွေညာတွေလုပ်ပေးလို့တော့ရပါတယ်။ ယူအက်စ်ရုံးစိုက်တဲ့ တရားဝင်မီဒီယာဖြစ်တာမို ့ဒီက ဥပဒေတွေအတိုင်း လုပ်သင့်တာ လုပ်ကြရယုံပဲရှိပါတယ်လို့ပါခင်ဗျား။
    သတင်းစာရဲ့ ရပ်တည်ချက်နဲ့ သဘောထားကို အခွင့်သင့်တုံး ရှင်းပြရတာပါ။ bigcat မေးထားတာလေးလည်းဖြေရင်းဆိုပါတော့။

    ဘလော့ကာ တွေနဲ ့အတူ တခြားတခြားသော ဖိုရမ် မဂ်ဂဇင်းတွေရဲ့ အလယ်မှာ စာမူသူခိုးလက်ခံသတင်းစာ လို ့ နာမည်ပျက် နေတဲ့ အတွက် ..
    မြန်မာဖိုရမ်တွေ အများကြီးရှိပါတယ်။ အဲဒီမှာ တချို ့က သူများသတင်းတွေတင်တယ်။ ပြန်ဆွေးနွေးကြတယ်။ တချို ့က ဆယ်လီဘရိတ်တီပုံတွေတင်တယ်။ ဆွေးနွေးဝေဖန်ကြရင်း အပန်းဖြေကြတယ်။ တချို ့က နိုင်ငံခြားမီဒီယာက မူပိုင်ခွင့်ရှိနေတဲ့ ဆော့ဖ်ဝဲတွေ။ ပုံတွေ။ စာတွေတင်တယ်..။ အဲဒီလိုတွေဖြစ်နေတဲ့အတွက်ဖိုရမ်တွေကို စာမူသူခိုးလက်ခံလို့ သုံးရင်ရပါသလား မသိပါ။
    နာမယ်ပျက်ကြသလား မပြောချင်ပါ။
    မန္တလေးဂေဖက်ဝက်ဘ်ဆိုက်ကတော့ ကိုယ်ဟန်နဲ့ဆက်လုပ်ပါဦးမယ်။ ကြုံလို ့ပြောရရင် ဒီဝက်ဆိုက်ရဲ့အခြေခံ အတွေးကို Digg, Reddit and Helium တို့ကနေ မြန်မာမှုပြုယူတာဖြစ်ပါတယ်။
    အဲဒီမှာ မင်န်ဘာ(writers)တွေတင်တဲ့စာတွေအတွေက် တာဝန်ယူရမှုတွေ၊ စည်းကမ်းတွေနည်းနည်းသွားဖတ်ကြည့်ရင် ရှင်းသွားနိုင်ပါတယ်။
    အဲဒီမှာ ကျုပ်ကြိုက်တဲ့ စာလေးတပိုဒ်အောက်မှာကူးတင်ပေးပါတယ်။ ဖတ်ကြည့်ပါ။
    Helium is also a knowledge co-operative where our writers are also our editors who read and rate every article on the site.
    အဲဒီမှာ writers တွေက သူများစာတွေခိုးတင်ကြလို့ဆိုပြီး သူတို့ကို သူခိုးဝက်ဘ်ဆိုက်သွားပြောရင်တော့ တော်တော်ရယ်စရာကောင်းတဲ့ အဖြစ်လို့ဆိုရမှာပါပဲ။
    ဒီမှာ မန်ဘာ၂ထောင်ကျော်ရှိတဲ့အထဲက လူတချို့က စာတွေခိုးကူးတင်လာတာနဲ့ပါတ်သက်ပြီး ဝက်ဘ်ဆိုက်တခုလုံးကို သူခိုးဝက်ဆိုက်လို့ နာမယ်ဖျက်နေရင် ကျန်တဲ့ ကိုယ့်အတွေးကိုယ်ချရေးနေသူ၊ စာရေးနေသူတွေအများစုကို စော်ကားနေတာတမျိုးလို့လည်းယူဆနိုင်တာပါပဲ။

    ဒီဝက်ဘ်ဆိုက်လို လူတွေစုနေတဲ့အခါမှာ တဦးတည်းပိုင်တဲ့ဘလော့ဂ်တခုလိုမဟုတ်ပဲ အင်မတန်တော်တဲ့သူတွေရှိမယ်၊ သူခိုးတွေရှိမယ်။ ညစ်တဲ့သူတွေရှိမယ်။ လူမျိုးခွဲသူတွေရှိမယ်။ ဘာသာမတူသူတွေရှိမယ်။ အတန်းပညာအဆင့်အတန်းမတူတွေရှိမယ်။
    ဒီအထဲမှာ ဒေါက်တာအဆင့်ပညာသင်နေသူ။ တတ်ပြီးသူတွေရှိတယ်။ ဆရာတော်တွေရှိတယ်။ မာစတာအောင်ပြီသူတွေရှိတယ်။
    အားလုံးကိုခြုံပြော စွတ်စွဲလို့ ရနိုင်ပါသလား။
    ဝက်ဘ်ဆိုက်ထဲမှာရေးရင် လိုက်နာရမှာတွေ အလျှင်းသင့်သလိုတင်သွားပါတယ်။ သဘောမတူတာ၊ မကြိုက်တာတွေ လွတ်လွတ်လပ်လပ်ရေးပါ၊ ပြောပါ၊။
    အရင်ကတည်က မင်းတုန်းမင်းပြောတဲ့စကားတင်ထားတာပါ။ အလကားတင်ထားတာမဟုတ်ပါဘူး။ အများသဘောအတိုင်းလုပ်ကြတာပေါ့။

    အပြစ်တင်တာမျိုးမဟုတ်ဘဲ ကိုယ်ချင်းစာကြည့်ဖို ့ရယ် ဆွေးနွေးတာပါ။ ဒီသတင်းစာကို စာဖတ်သူတိုင်းက လေးစားတမှု ့ ဖြစ်လာနိုင်ဖို ့ရယ်က ဒီသတင်းစာရဲ့ မူ စည်းကမ်း ပေါ်မှာ မူတည်ပါတယ်။ မြန်မာနိုင်ငံက စာရေးသူတွေအတွက် စာမူခပေးတာ ကို လေးစား မိပါတယ်။ အင်တာနက်ဖိုးက ဈေးမသေးတဲ့အတွက် စာမူခ ပေးတော့ အနုပညာရှင်တွေ အတွက် အနုပညာ ဖန်တီးရတာ ကိုဘဲ ပီတီဖြစ် ဝမ်းမြောက်မိကြမှာပါ။ ရတဲ့ စာမူခ ထက် အင်တာနက်ဖိုးက ပို နိုင် ပါတယ်။ ကိုးနတ်ရှင်နှေးရင် မီးပျက်ရင် အချိန်ကုန်ခံ ငွေကုန်ခံ ရေးကြတဲ့ မြန်မာနိုင်ငံထဲက စာရေးသူတွေ အတွက် ကျွန်မက ကျေးဇူးတင် လေးစားမိပါတယ်။
    ဒီဝက်ဘ်ဆိုက်မှာ အားသာချက်က မန်ဘာများကသာ စာမူတွေ၊ခိုးကူးတာတွေ.။ ဝေဖန်တာတွေအားလုံးကို ဆင်ဆာမရှိပဲကိုယ်တိုင်လုပ်နိုင်တာဖြစ်ပါတယ်။
    ဒီဝက်ဘ်ဆိုက်ဟာ မန်ဘာတွေအားလုံးပိုင်ပါတယ်။

    ဒီဝက်ဘ်ဆိုက်မှာစာလာတင်ရင် စာမူခပေးတယ်လို့ နားလည်မှုလွဲနေမယ်ထင်ပါတယ်။ စာမူခထက်စာရင် အင်တာနက်ဖိုးလေးကို တတ်နိုင်သလောက်ဝင်ဖြည့်တာပါလို့ပဲ ပြောရမှာပါပဲ။ မြန်မာပြည်ပြင်ပနေသူတွေကို ငွေမှ မပေးတာကိုးခင်ဗျာ၊ သေသေချာချာနားလည်စေချင်ပါတယ်။

    အစတုံးက တပုဒ် ၅၀ဝပွိုင့်(ကျပ်) နဲ့စခဲ့တာပါ။ ငွေကြေးအခြေအနေအရ ချိန်ဆပြီး လျှော့ချလာရတာကို နားလည်ကြမယ်လို ့ထင်ပါတယ်။ ဒါက ဝက်ဘ်ဆိုက်ကို အချိန်တိုတိုအတွင်း လူအဝင်များလာအောင် လုပ်တဲ့ မားကက်တင်းနည်းလမ်းတခုလို့လည်း ယူဆချင်ယူဆနိုင်မှာပေါ့။
    ထပ်ပြောပါရစေ။ အဲဒါစာမူခမဟုတ်ပါဘူး။ သတင်းစာမှာ ပုံနှိပ်ဖေါ်ပြမယ်ဆိုမှ စာမူခက သီးသန့်လာမှာပါ။ တပုဒ်ကို ဒေါ်လာ ၂ဝကနေ ၄ဝလောက်အထိ ပေးမယ်လို့ရေးထားပါတယ်။

    နောက်ဆုံးပြောချင်တာက..။
    ဒီဝက်ဘ်ဆိုက်ရဲ့ ကုန်ကျစံရိပ်၊ ပွိုင့်ပေးစံနစ်၊ ဝက်ဘ်ဆိုက်ရဲ့ ဆော့ဝဲဖိုး။ ထိမ်းသိမ်းခ၊ အခုကျုပ်စာရေးတဲ့လုပ်အားခ၊ အယ်ဒီတာခ အပါအဝင် ဘယ်တခြားသူကမှ ကျခံနေတာမဟုတ်ပါဘူး။ ဘယ်ကမှလည်း အလှူငွေတပြားမှမရပါဘူး။ အခုထိလည်း စပွန်စာဆိုပြီး ကြော်ငြာလာထည့်တဲ့သူ တယောက်မှမရှိပါဘူး။

    သတင်းစာတော့ အခုထိ၄နှစ်သက်တမ်းကျော်တဲ့အထိရပ်နေနို်င်တယ်။ ယူအက်စ်တနိုင်ငံလုံးက မြန်မာတွေလည်းသိတယ်..။ ဒီဝက်ဘ်ဆိုက် ဒီစံနစ်နဲ့ဘယ်လောက်အထိ သွားနိုင်မလဲ မန်င်ဘာများအပေါ်မှာမူတည်ပါတယ်။
    ဘာဆက်လုပ်မလဲ။ ဘယ်လိုသွားဖို့ရှိသလည်း မှန်းဆနိုင်လောက်မှာပါ။ အဲဒီအတိုင်းဖြစ်လာဖို့ ကြိုးစားကြဖို့ပါပဲ။

    အခုမေးခွန်းတွေဖြေတာဟာ အားလုံးသိစေချင်လို့ အီးမေးလ်နဲ့ပို့တာတွေပါ ရောဖြေလိုက်တာပါ။ အဲဒါကို နားလည်စေချင်ပါတယ်။
    ရေးဖြစ်သွားတဲ့အတွက် အစဖေါ်ပေးလိုက်တဲ့ saund ကိုကျေးဇူးတင်ပါတယ်။
    တခြားမန်ဘာတွေသိအောင် ပြောထားရရင် saund က ဒီမှာတင်သမျှ စာတွေအတွက် ရတဲ့ပွိုင့်တွေကို မြန်မာပြည်ပို ့လှူဖို့ တောင်းဆိုထားတဲ့ တဦးတည်းသော မြန်မာပြည်ပြင်ပနေ မင်န်ဘာဖြစ်ပါတယ်။ ဒီအတွက်အချိန်ပေးပြီး ရေးမလို့ဟာကိုလည်း အချိန်က မရှိတာနဲ့ ဒီမှာပဲရေးလိုက်တာတော့ ခွင့်လွတ်ကြပေါ့။

    သိပ်တော့အတိုင်အတော မထူကြပါနဲ့နော။ ဝါရင့်မန်င်ဘာတွေက နောက်ဝင်လာသူတွေကို ရှင်းပြသွားကြပါ၊ ကျုပ်က အခုသတင်းစာလုပ်ရမဲ့အချိန်ရောက်နေပြီမို ့သတင်းစာလေးထွက်လာအောင် လုံးပမ်းရဦးမယ်မို ့ပါ။
    နော..။

  • winkyawaung

    October 5, 2010 at 10:23 am

    အယ်ဒီတာတို့ ရှင်းပြထားတာကောင်းပါတယ်ကွယ်။ ကိုယ့်ထမင်းကိုယ်စားပြီး အများအကျိုးအတွက် သည်ပိုးနေသူတွေကို စိတ်ပျက်အောင် မပြောဆိုသင့်ကြပါ။ မြန်မာပြည် မဂ္ဂဇင်း၊ ဂျာနယ်လောက အတွင်းမှာလည်း စာသူခိုးတွေ တစ်ချို့ရှိကြပါတယ်။ သတင်းသမားတွေ ပိုဆိုးကြပါတယ်။ ဖြတ်၊ညှပ်ကပ် ခိုးသူတွေကခိုးကြပါတယ်။ တစ်ချို့က ၏၊သည် မလွဲကူးချရေးသူများလည်း ရှိကြပါတယ်။ သိတဲ့အယ်ဒီတာတွေက အဲဒီစာသူခိုးရေးသူများကို တစ်ကြိမ်သိတာနဲ့ ဆက်ပြီးမသုံးကြတော့ပါ။ အယ်ဒီတာတွေ တစ်ချို့က လုံးဝမသိကြသလို၊ သိပါလျှက်နဲ့ ကိုယ့်ဂျာနယ်ထွက်ရက် မီရေးအတွက် လုပ်နေရသူတွေလည်းရှိကြပါတယ်။ ပြောချင်တာက စာသူခိုး ငါးခုံးမပုပ် တစ်စုကြောင့် စာပေလောက တစ ်လှေလုံး အပုပ်မခံနိုင်ပါ..။ အချိန်တန်တော့လည်း ကိုယ့်သမိုင်းကို ကိုယ်တိုင်ရေးသွားကြပါလိမ့်မယ်..။ ဆရာကြီးလုပ်တယ်တော့ မထင်ကြစေလိုပါ..။ အပြုသဘောနဲ့ အကြံပေးတာပါခင်ဗျား..။

  • michaelaungpu

    October 5, 2010 at 2:40 pm

    ကျွန်ုပ်တို ့၏အလွန်ပျော်စရာကောင်းသောရွာကြီးသည် တင်္ဂတိတ်ဆိတ်နေပြီ ဖြစ်၏
    ကြောင်အော်သံလည်းမကြား ဆိတ်များပင်လျှင်မပဲ ဟဲဟဲ နိုင်ကြတော့ပေ
    မကြာခင်နာရီပိုင်းတွင်း ပြင်းစွာတိုက်ခတ်ခဲ့သော လေမုန်တိုင်းနှင့်အတူ ထုတ်လွှင့်ခဲ့သော မာရှယ်လောကြောင့်ဖြစ်မည်ထင်မိပါသည်
    လမ်းမကြီးပေါ်တွင် မည်သူမျှမရှိကြပေ သရဲခြောက်တတ်သော ညောင်ပင်ကြီးနားရောက်သောအခါ ကျွန်ုပ်ရဲဆေးတင်ရလေတော၏
    ဘယ်ခွေးမှ လူမထင်ဘူး
    အောင်ပုကိုလာမညုနဲ ့ရတာနဲ ့ထုတယ်ကွာ ဟုဆိုပြီး ညောင်ပင်ကြီးကိုခဲနှင့်ထုကာ
    ထွက်ပြေးလေတော့သတည်း

  • saund

    October 6, 2010 at 7:58 pm

    အယ်ဒီတာရှင့်

    ရှင်းပြပေးတဲ့အတွက် ဝမ်းသာပါတယ်။ ကျမက အီးမေးနဲ ့ဘဲ ပြောချင်တာပါ။ ရှာမတွေ ့လို ့ပို ့အဖြစ် တင်ရတာပါ။

    ကော်မဲန် ့ထဲက အယ်ဒီတာ ပြောသလို
    ၁. ခိုးကူးပို ့တွေ ဖြုတ်ပါတယ်၊ ကျန်နေရင် ထပ်ပြောပါ။
    ဟုတ်ကဲ့ စာဖတ်သူတွေ ထဲကလည်း သိရင် ရီပို ့လုပ်ကြပါလို ့မေတ္တာရပ်ခံချင်ပါတယ်။

    ၂. သတင်းစာနဲ့ ဝက်ဘ်ဆိုက်ကို ရောမြင်နေတယ်ထင်ပါတယ်။
    ဪ ဟုတ်ကဲ့ ကျမ ရေးလိုက်တာ အဓိပါယ်တွေ ရောကုန်တယ် ထင်တယ် ရှင်းပြတာ ကျေးဇူးတင်ပါတယ်

    ၃. မန္တလေးဂေဇက်ကို မြန်မာစာပေကို ချစ်တဲ့ လူ၂ယောက်ထဲက ကိုယ်အိပ်ကိုယ်စိုက်ပြီး တည်ထောင်ထားတာပါ။
    အဲဒီအတွက် ကျမ အံ့ဩ ချီးကျူးမိပါတယ်။ အမေရိကားမှာ ကိုယ့်အိတ်စိုက်ပြီး မြန်မာစာပေ ပြန် ့ပွားအောင် လုပ်တာ ဂုဏ်ယူမိပါတယ်။ စာရေးဆရာတွေကို တောင် စာမူရေးနိုင်အောင် အထောက်ပံ့ အဖြစ် (အင်တာနက်ဖိုး) အကူညီ ပေးတယ် ဆိုတာကို ပိုတောင် ချီးကျူးတာပါဘဲ။ ၂၀၀၆ ထဲက စတာ သိပါတယ်။ ပြန်တွက်ရင် အတော်ကြာပီဘဲ ၄နစ်တောင် ရှိပြီ

    ၄. အဲဒီလိုတွေဖြစ်နေတဲ့အတွက်ဖိုရမ်တွေကို စာမူသူခိုးလက်ခံလို့ သုံးရင်ရပါသလား မသိပါ။
    မူလစာရေးဆရာတွေ အနေနဲ ့ ကိုယ်ဖန်တီးတဲ့ စာတိုစာစလေး သူတပါးနာမည်နဲ ့တခြားသော နေရာမှာ တွေ ့ရင် ၉၉% ဒီလိုဘဲ ပြောမှာ သေချာပါတယ်။
    ၅. တချို ့က နိုင်ငံခြားမီဒီယာက မူပိုင်ခွင့်ရှိနေတဲ့ ဆော့ဖ်ဝဲတွေ။ ပုံတွေ။ စာတွေတင်တယ်..
    အဲဒီအတွက်တော့ မူရင်းဆိုဒ်တွေကို လင့်ပေးသင့်တယ်လို ့ထင်ပါတယ်။ ဘာသာပြန်ဖြစ်ခဲ့ရင် တောင် မူရင်းစာရေးဆရာ နဲ ့လင့်ကို ဖော်ပြသင့်ပါတယ်။

    ၆. သိပ်တော့အတိုင်အတော မထူကြပါနဲ့နော။ +
    winkyawaung :

    အယ်ဒီတာတို့ ရှင်းပြထားတာကောင်းပါတယ်ကွယ်။ ကိုယ့်ထမင်းကိုယ်စားပြီး အများအကျိုးအတွက် သည်ပိုးနေသူတွေကို စိတ်ပျက်အောင် မပြောဆိုသင့်ကြပါ။

    တိုင်တောထူတယ်လို ့မထင်ပါနဲ ့။ အယ်ဒီတာတွေ အနေနဲ ့ခိုးကူးပို ့ကို မသိလို ့မဖြုတ်နိုင်တာ အခုမှ သိရပါတယ်။ မဖြုတ်နိုင် လို ့ခိုးကူးပို ့စ်တွေ ခုထိရှိနေတာ ရှင်းပြတာကို လည်း လက်ခံပါတယ်။ မရှင်းခင်အထိ အဲဒီပို့ စ်တွေတွေ ့နေသမျှ ဘလော့ကာ ပတ်ဝန်းကျင်မှာ မူရင်းစာမူပိုင်ရှင်တွေရဲ့ ခံစားချက်ကို တင်ပြ အကြံပေးတာပါ။ စိတ်ပျက်တယ် ဆိုတာက တဖက်နဲ ့တဖက် အသေချာ မသိကြလို ့တာ ဖြစ်ရတာပါ။ အယ်ဒီတာတွေ အနေနဲ ့ရသမျှ အချိန်လေးမှာ ခိုးကူးပို ့စ်တွေ ရှာအုန်း စစ်အုန်းလုပ်ဖို ့မလွယ်ရင် ရှာထား စစ်ထားတဲ့ ပို ့စ်နဲ ့မူရင်းလင့်တွေကို ရှာပေးနိုင်ပါတယ်။ ဒါဆို ခိုးကူးပို ့စ်တွေကိုဖြုတ်လို ့လွယ်သွားမယ် ထင်ပါတယ်။

    ကျမ ပြောချင်တာကို အီးမေးလ်နဲ ့ဘဲ ပို ့ချင်တာပါ။ ပို ့စ်အနေနဲ ့ရေးလိုက်တာက အယ်ဒီတာသို ့အက်မင်သို ့ဆိုတဲ့အီးမေးလ် ရှာမရလို ့ပါ။ း-)
    အခုလို ပင်မစာမျက်နှာ မရောက်တော့ သိပ်ဟော့မဟုတ်တာဘဲ ခပ်ကောင်းကောင်း။ တော်ကြာ ကျမလဲ ရိုက်ခံရဖို ့များတယ်။
    ဒီလိုပို ့စ်တင်ရေးတာကလည်း ကျမတို ့မြန်မာအာကာသ ဘလော့ပိုင်ရှင် ရဲ့ ၂၀၁၂မှာ ကမ္ဘာကြီးပျက်မလား ဆိုတဲ့ ပို ့စ်ကို ဒီမန်းတလေးရတနာပုံမှာ လင်းသစ်ဆိုသူက ခိုးကူးတင်ထားလို ့အယ်ဒီတာတွေကို ပို ့ကို ဆိုဒ်ထဲက ပြန်ဖြုတ်ဖို ့တောင်းဆိုရင်း တခြားတခြားသော ခိုးကူးခံ စာမူပိုင်ရှင်တွေအတွက်ပါ ကို်ယ်ချင်းစာခံစားမိလို ့ အခုလို ထပ်မံ အကြံပေးပါသည် ဆိုတဲ့ ပို ့စ်ဖြစ်လာရတာပါ။

    ဝင်ရောက်ဆွေးနွေးသူများ အယ်ဒီတာများနဲ ့ စာဖတ်သူများ အားလုံးကို ကျေးဇူးတင်စွာဖြင့်
    ဆောင်း

Leave a Reply