Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မူပိုင် ကူးချ ကူးချလက်ခံ

saundOctober 2, 20101min60213

ပို ့စ်တခု ဖြစ်လာဖို ့ စာရေးသူတွေဟာ ဦးဏှောက် ကို အသုံးချ လေ့လာ ဆန်းစစ် အချိန်ယူပြီး ရေးသားရပါတယ်။

ကိုယ်ရေးတဲ့ အကြောင်းအရာ ဟာ မှန်မမှန်ကို စမ်းသပ်ရပါသေးတယ်။ ဘာသာပြန်တယ် ဆိုရင် တောင် မြန်မာမှု ့ပြုနိုင်တဲ့ စကားလုံးတွေ ပြောင်းလဲ သုံးရပါတယ်။ ဒါကြောင့် ပို ့တခု ဖြစ်လာရင်စာရေးသူတို ့ရဲ့ ရင်မှာ ကြည်နူးပျော်ရွင်မှု ့ရသလို လာဖတ်သူများရင် လည်း ဝမ်းသာရပါတယ်။

နိုင်ငံအားလုံးမှာ မူပိုင်ဆိုတာ ရှိပါတယ်။ အွန်လိုင်း အချက်လက် များကို တကမာ္ဘလုံး ကြည့်ဖို ့ ရေးလိုက်ပြီဆိုရင် စာဖတ်သူတိုင်း ဖတ်နိုင်ပေမဲ့ ခိုုးယူ ကူးပြီး နာမည် ပြောင်းတပ်ရင်ဖြင့် မူလ စာရေးသူတွေ အနေနဲ ့ကိုယ့်စာ သူများ နာမည် ယူသွားပါလား ဆိုပြီး စိတ်မကောင်း ဖြစ်ရပါတယ်။

ဒါ့ကြောင့် မူပိုင်ဆိုတဲ့ သတ်မှတ်ချက်ကို အင်တာနက်ဝဒ်ဆိုဒ် အားလုံးက လေးစား ကာကွယ် ရမှာပါ။ ဥပမာ ဆိုရင် ယူကျူ ဆိုတဲ့ ဆိုဒ်မှာ ဗွီဒီယို ကြည့်သူက အများကြည့်ဖို ့မသင့်တော်ဘူး ဆိုတာနဲ ့အဲဒီ ဗွီဒီယိုကို လုံးဝ ပြသခွင့် မရဘဲ ပိတ်ထားပါတယ်။

ဒီလိုပါဘဲ စာပေခိုးယူတာကို အထောက် အထားပြပြီး report  လုပ်ပါဆိုတဲ့ သတင်းပေးပို ့ချက် ကို ဘာမှ မတုံ ြ့ပန်တာကို တော့ ကျမ တိုင်းထက်လွန်စာ အံ့ဩမိပါတယ်။ ဒီသတင်းစာမှာ ရေးသားသူတိုင်းဟာ ခိုးချဖော်ပြခွင့်မရှိဘူး။ တကယ်လို ့ဖော်ဝဒ်မေးလ်က ရတဲ့ ပို ့စ်တွေကို မူရင်းစာရေးသူပိုင်ရှင် ကို ရည်ညွန်းရေးသားရမယ် ဆိုတဲ့ အချက်ကို တွေ ့မိတော့ ဪဒီသတင်းစာက မူပိုင်ခွင့်အတွက် ကာကွယ်ပေးသားဘဲလို ့ဝမ်းသာမိပါတယ်။

နောက်တခါ ဒီခိုးကူးပို ့စ်တွေကို ဒီသတင်းစာက တာဝန်မယူပါ ခိုးယူသူ၏ တာဝန်သာ ဖြစ်တယ် ဆိုတာကို တော့ ဘဝင်မကျ မိပါဘူး။ တိုင်တန်းသူက ဒီပို ့စ်တွေဟာ ကျွန်တော် ကျွန်မတို ့မူပိုင်စာများမှ ခိုးယူပါတယ် တိုင်ပေမဲ့ ဒီသတင်းစာက ဟုတ်လား ဝမ်းနည်းပါတယ် ခင်မျာ ဆိုပြီး အဲဒီစာအားလုံးကို ဆက်လက် ဖော်ပြနေတာ ဟာ စာပေသူခိုးများကို အားပေးအားမြောက်လုပ်တာနဲ ့တူပါတယ်။

ယူကျူ  ့ဆိုရင် တိုင်သူရှိတာနဲ ့ တပြိုင်နက် ယူကျူပေါ်က ချက်ချင်း ပြုတ်လိုက်ပါတယ်။

ဒီလိုပါဘဲ ကိုယ်ပိုင် အင်တာနက် ဒိုမိန်းဆိုဒ်ကြီးအနေနဲ ့ တရားဝင် လူအများ ဖတ် နိုင်တဲ့ သတင်းစာ အယ်ဒီတာများ အနေဖြင့် တိုင်တန်းခံရတဲ့ ပို ့စ်တွေကို သတင်းစာထဲမှာ ဆက်လက် မဖော်ပြသင့်တာကို အကြံပေးလိုပါတယ်။

ကျွန်မတို ့Myanmar Astronomy ဘလော့က ပို ့စ်တခု ကို ဒီသတင်းစာမှာ ခိုးကူးခံရ ပါတယ်။ တိုင်တမ်းမှု ့ အတွက် တုန် ့ပြန်တာကတော့ ခိုးကူးသူ အနေနဲ ့ကိုယ်တိုင် ရေးသားသင့်ပါတယ် လို ့ဘဲ စာရေးပြီး ပို ့စ်အတွက် ဘာမှ အရေးမယူ ပါဘူး။ ဒါ့ကြောင့် ဘဝင်မကျပါဘူး။ ခိုးကူးခံရတဲ့ အတွက် ချက်ချင်း ပို ့စ်ကို ဒီသတင်းစာမှ ပြန်ဖြုတ်ပေးပါ ဆိုမှ ဒီပို ့စ်ကို ဖြုတ်တာ ကျေးဇူးတင်သလို.. ကျန်ရှိနေတဲ့ တိုင်တမ်းခံရတဲ့ ပို ့စ်တွေ အားလုံးကို လည်း ဒီသတင်းစာမှ ဖြုတ်သင့်ပါတယ်လို ့ ယူဆမိပါတယ်။

အယ်ဒီတာများ အနေဖြင့် မယုံရင် ဘလော့ တကာ လည်ဖတ်ကြည့်ပါ။ ခိုးကူးခံရတဲ့ မူရင်းဘလော့ကာတွေ အတော် မခံချိမခံသာ ဖြစ်နေပါတယ်။

မူပိုင်ခွင့်အတွက် ကာကွယ်ပေးသင့်ပါတယ်။

ကျေးဇူးတင်ပါတယ်။

13 comments

  • bigcat

    October 2, 2010 at 5:04 am

    တပ်ချုပ်ကြီးနဲ့အပေါင်းအပါတွေ ကျွန်နော်တို့ မိဘဘိုးဘွားတွေ ရေးခဲ့တဲ့ အတိတ်ကိုခိုးခဲ့၊ ကျွန်နော်တို့ဆက်ရေးနေတဲ့ ပစ္စုပ္ပန်ကို ခိုးနေပါတယ်ဗျို့။ အဲဒါ အဲဒါ
    ဘာ..ဘာ ဆက်လုပ်ရမှာလဲဟင်။ ကြုံလို့ဝင်အော်တာပါနော်၊ ဒီဆိုက်ရဲ့ပင်မစာမျက်နှာမှ မနေ့က စာမျက်နှာပေါင်း ၃၃၃ တွေ့မိပေမဲ့ ဒီနေ့တော့ ၂၃၄ပဲကျန်တော့တာ တွေ့မိပါတယ်။ ကြည့်ရတာ ဖြုတ်ထုတ်သတ် လုပ်နေတယ်ထင်ပါတယ်။ ကျွန်နော်က အယ်ဒီတာအဖွဲ့ကတော့ မဟုတ်ပါဘူး။ မျက်နှာလိုမျက်နှာရ ပွိုင့်အပိုလေးများ ရလေမလားလို့။

  • zawana

    October 2, 2010 at 5:20 am

    saund ပြောတာကို ကျနော် သဘောတူပါတယ်။ ကျနော်လည်း နေ့တိုင်းနီးပါး Web surfing လုပ်ဖြစ်တော့ ဒီကပို့စ် တော်တော်များများတွေရဲ့ မူရင်း ဝက်ဆိုက် တွေ ဘလော့တွေကို သိနေပါတယ်။ ကိုယ်ပိုင်အတွေး၊ ကိုယ်ပိုင်အရေးနဲ့ ကလောင်သွေးရမဲ့အစား ငွေကြေး ဒါမှမဟုတ် ကြော်ကြားမှုအတွက် သူများရဲ့ စာမူတွေကို Credit လေးတောင် မပေးပဲ ခိုးချတာကတော့ သိပ်အောက်တန်းကျတယ်လို့ ထင်ပါတယ်။ ကျနော့် ဘလော့က စာမူတွေကို googling လုပ်လိုက်လို့ သူများရဲ့ ဆိုက်ဒ်တွေမှာ Credit မပေးပဲ တင်ထားတာ တွေ့ရရင် တော်တော်စိတ်ညစ်မိပါတယ်။ တစ်ခါတစ်လေ forward mail က ရတာပါဆိုပြီး တင်တာတွေကိုလည်း သဘောမကျ မိပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီစာရဲ့ မူရင်းစာရေးသူဟာ ဘယ်သူဆိုတာ နည်းနည်း လေး googling လုပ်ကြည့်တာနဲ့ တွေ့နိုင်ပါတယ်။ ပရိသတ်ကို ပေးဖတ်စေချင်လို့ ဆိုရင်လည်း link လေးလောက် ပေးလိုက်ရင် ဖြစ်နိုင်ပါရဲ့နဲ့ သက်သက်မဲ့ ဆာဗာ မလေး လေးအောင် အမှိုက်လာဖွတာနဲ့ တူနေပါတယ်။

    • ဆူး

      October 2, 2010 at 5:39 am

      ကို zawana ပြောတာ ထောက်ခံပါတယ် တကယ်လို့ ကော်ပီကူးတင်ရင်တောင် ဘယ်ကနေ မှီငြမ်းတယ်ဆိုတာ ဖြစ်သင့်တယ်လို့ ထင်ပါတယ်

  • ပူတူးတူးလေး

    October 2, 2010 at 6:18 am

    မူပိုင်ခွင့်ဆိုတာဘာလဲမသိတာ အဆိုးဆုံး ကတော့ etone ပါဘဲတစ်နေ့တစ်နေ့ သူတင်နေတာတွေက အားလုံးက copy right နဲ့ငြိနေတယ်ဆိုတာသူရော ဒီဆိုဒ်ကရောမသိသလိုဘဲ။မသိရင် myanmargazette.net မဟုတ်တော့ဘူး etone.com ဖြစ်နေပြီ။ admin အနေနဲ့စိစစ်သင့်တယ်လို့မြင်မိပါတယ်။

  • SP

    October 2, 2010 at 6:27 am

    ဟုတ်တယ်ဗျ
    တခြား သတင်း၊ဂျာနယ် တွေ၊ဖိုရမ် တွေကဟာတွေလဲ ဒီမှာတွေ ့ရတယ်
    လပေါင်းများစွာကတည်းက Fwd:mail ထဲမှာ ဖတ်ဖူးပြီးသားစာတွေလဲ ဒီမှာ အသစ်ပမာ ပြန်ဖတ်ရတယ်
    တစ်ရေးနိုး သတိရမှ ပို ့စ် ထ.တင်တာလား မပြောတတ်

    ဖြစ်စေချင်တာတော့
    Mandalay gazette မှာ ဒီလို Credit မပေးပဲ Post တွေ လျှောက်မတင်ကြရင် ကောင်းမယ်

  • weiwei

    October 2, 2010 at 7:45 am

    ဟုတ်ပါတယ် … အလုပ်ပင်ပန်းလို့ သုတ ရသ ရမလားလို့ ဖတ်ပေမယ့် ဖတ်ပြီးသားတွေပဲ အသစ်လို ပြန်တင်ထားတာကို တွေ့နေရပါတယ်။ ကော်နက်ရှင် မကောင်းတယ့်ကြားထဲက ကြိုးစားပမ်းစားဖွင့်ဖတ်ပေမယ့် အဟောင်းတွေကိုချည်းတွေ့နေရတော့ စိတ်ပျက်မိပါတယ်။ စိစစ်ပြီးမှ post တင်ရင် ပိုကောင်းမယ်။

  • michaelaungpu

    October 2, 2010 at 9:15 am

    (မြန်မာပြည်မှာ မဂ္ဂဇင်း၊ဂျာနယ်တွေဆီ သတင်းစာမူပို့ရင် မည်သူမဆိုဟာ ပို ့ချင်တာပို့လို့ရပါတယ်။ တိုက်ကိုရောက်ပြီးမှ အယ်ဒီတာက စာတွေဖွင့်ဖေါက်ပြီး တခုချင်းဖတ် .. ကြိုက်တာကိုရွေးချယ်ပါတယ်) ဒါက မောင်ကိုင်လားဘာကိုင်လား ကိုင်ခြင်တာကိုင် အဲ့သည်ပုဂ္ဂိုလ်ကပြောထားတာပေါ့နော်
    ဒီဝက် ပေါ့နော်
    ဒီဝက်ခြံထဲကို လာတင်တဲ့သူတွေအားလုံးကို သူကပွိုင့်တွေပေးပြီးရေတွေလာတာကတော့အားလုံးသိတာပဲလေနော် သားသားကတော့ဒီကိစ္စတွေကို တစ်ကယ်အမှန်အကန်အတိကျ နားမလည်ဘူး ထူးတာကတော့ထူးတယ်ဗျ ဘယ်ဝက်ခြံမှာမှ ဒီလိုမရဘူး ဘကြီးကိုင်ပြောတာကလဲဟုတ်သလိုဘဲဗျ မြန်မာပြည်ထည်းကလူတွေ စာရေးစာဖတ်အလေ့ကျင့်ရအောင်တို ့ဗဟုသုတရအောင်တို ့ဒါကရည်ရွယ်ချက်လို ့ပြောတယ်ပေါ့ သူက၊ ရှိစေဦး တစ်ခါတစ်လေ ဒီဘဲကိုလည်းကျွန်တော်တော်တော်အံ့ဩတယ် ဥပမာဗျာ တစ်ယောက်ယောက်က ကိုယ်ပိုင်ဖြစ်စေ မေးလ်ထဲကရသည်ဖြစ်စေ တစ်ခြားဝက်ခြံထည်းကဝက်တွေကို ဒီခြံထည်းမောင်းသွင်းလိုက်ရင် ပွိုင့်ရတာဘဲ တစ်ယောက်ရရင်ရှိစေဦးပေါ့ အခြားတစ်ယောက်ကလည်း အဲ့သည်ဝက်ကိုဘဲ တစ်ခါထပ်တင်တယ် တင်တဲ့သူရဲ ့ ပွိုင့်ကိုကျွန်တော်စစ်ကြည့်တော့ ပွိုင့်တွေထပ်တက်နေတယ် အဲ့ဒါမျိုးတွေက လေးငါးယောက်တွေ ့ ဘူးတယ်တစ်ကယ်အဟုတ်မိုးကြိုး……..
    ဒီတော့သားသားစဉ်းစားတယ်သိလား ဘယ်လိုပါလိမ့်ပေါ့နော် တခြားဝက်ခြံထည်းကဝက်တွေကို သိလို ့ဖြစ်ဖြစ်မသိလို ့ ဖြစ်ဖြစ် လာလွှတ်ထည့်နေကြတာတစ်ခါဆိုထားလိုက်ပါတော့ ခေါင်းစီး မှသည် အဆုံးထိ သည်၊၏ ကလေးတောင်မလွဲဘူး ကော်ပီ၊ပက်စ်ထ် လုပ်လိုက်ရုံဘဲ ဒီလောက်အခါခါထပ်နေတဲ့ဝက်တွေကို ဒီဘိုးတော်ဘယ့်နှယ်ကြောင့်ရေတွေလာနေပါလိမ့်လို ့အဖြေမရသေးဘူး အခုထိကို စဉ်းစားနေတာ ဒါကြောင့်ကိုယ်ကမဆီမဆိုင် ဝက်တွေတိုးနေတယ်ပေါ့ လိုက်အော်နေသေးတယ်သိလား။ ဟိုတစ်နေ ့တုန်းကလည်း တော့ပ်တန်း ထည်းကတစ်ယောက်ဆိုပြီး နာရေးအောက်မေ့လို ့ဖတ်ကြည့်တာ ရေချိန်မကိုက်ဘူးပြောလို ့ ဝက်တစ်ကောင်ကို လေးရာပေးပါမယ်လို ့အလျှော်အစားတွေ လုပ်ပြီးထပ်တိုးပေးနေပြန်ရော ကျွန်တော်ကတော့စာရေးဆရာမဟုတ်ဘူး အာခြောင်တဲ့ ငပေါလို ့ပြောဘာမှမဖြစ်ဘူး ပြောခြင်တာက စာရေးတဲ့လူတွေကိုပါ (မြန်မာပြည်မှာ မဂ္ဂဇင်း၊ဂျာနယ်တွေဆီ သတင်းစာမူပို့ရင် မည်သူမဆိုဟာ ပို ့ချင်တာပို့လို့ရပါတယ်။ တိုက်ကိုရောက်ပြီးမှ အယ်ဒီတာက စာတွေဖွင့်ဖေါက်ပြီး တခုချင်းဖတ် .. ကြိုက်တာကိုရွေးချယ်ပါတယ်) ဒီမှာက အဲ့လိုမဟုတ်ဘူး တင်ခြင်တာတင်ရတယ်ဆိုတော့ အထူးသဖြင့် ကိုယ်ကစာရေးဆရာ အကောင်/အကောင်မ ဟီးးးးးးးးး
    ဆိုတဲ့ကလောင်နာမည်လေးကို တန်ဘိုးထားရင် ကိုယ်တိုင်ရေးဘို ့လိုမယ်လို ့ထင်တာပေါ့ဗျာကျွန်တော့်အမြင်။၊
    I ကတော့ဘာမှမဆိုင်ဘူးနော် ဝက်တွေထပ်နေတာကို ကျော်ပြီးဖတ်လို ့ရတယ် အပမ်းမကြီးဘူး U တို ့ တင်ထားတဲ့ဝက်ခြံပေါင်းစုံထည်းကဝက်တွေကို ဒီတစ်နေရာထည်းမှာ ဇိမ်နဲ ့ဖတ်ရတာကိုတော့ ဘောအားကြီးကျတယ်သိလား?။ နောက်ပြီး စာရေးဆရာ ချာမကြီးတွေလားမကြီးတစ်ကြီးတွေလားတော့တိဝူး ကိုယ်ကစာမကြီးတွေဖြစ်နေပြီဘဲဟာကို လူငယ်ကလောင်သစ်တွေကို နည်းနည်းပါးပါးလေးတော့ တွဲခေါ်သင့်တာပေါ့နော် တင်ထားတဲ့သူရဲ ့မေးလ်းထည်းကို ညီလေး/ညီမလေးရေ စာပေရဲ ့သဘောကတော့ဖြင့် ဤသို ့ ဤနှယ် ဘာညာကွိကွပေါ့ ခုဟာကအဲ့လိုမဟုတ်ဘူး ပြောရရင်တော့ အောလပုံပါဘဲ
    ပြောသာပြောရတယ်ကိုယ်က ကမန်းရေးတဲ့ဇာတ်ရူးဆိုတော့ကမန်းနဲ ့တူအောင်ဘဲရေးရပေတော့မပေါ့နော်

  • michaelaungpu

    October 2, 2010 at 9:25 am

    ရေးပြီးမှ ထပ်တွေ ့လိုက်ရတယ် မူပိုင် ကူးချ ကူးချလက်ခံ
    တဲ့ အမြဲတမ်းဖတ်နေတဲ့သူတစ်ယောက်အနေနဲ ့ ကိုယ်.အိမ်ခြံထည်း ခွေးရူးတစ်ကောင်ဝင်လာသလို ခံစားရတယ်
    ဥပဒေဆိုတာကို ကိုယ်ကနားမလည်လေတော့ မင်းတို ့စားဘို ့ရွာပြန်ပြီး စပါးပဲပြန်စိုက်တော့မယ်

  • kopauk mandalay

    October 3, 2010 at 2:32 am

    ဒီကူးချပြီးပို့တဲ့အကြောင်းတွေကိုပြောရရင် ပထမဦးဆုံး တာဝန်ရှိသူ သစ္စာမဲ့သူဟာ သူများပစ္စည်းကို ကိုယ့်ပစ္စည်းလိုသဘောထားပြီးကူးတင်တဲ့လူပါဘဲ။
    နောက်ဒီမန်းလေးဂေဇက်က ပိုက်ဆံတွက်ပေးတယ်ဆိုတော့ ပိုက်ဆံလိုချင်သူ ကလည်းကို်ယ်ဉာဏ် ကိုယ့်အား ကိုယ်မကိုးဘဲ ကော်ပီကူးလို့တင်ပါတယ်။
    နောက်အင်တာနက်မှာ ပို့စ်တပုဒ်တင်တယ်ဆိုရင်လဲ ဘယ်အယ်ဒီတာဆီကိုမှဖြတ်သန်းစရာမလိုဘဲ တိုက်ရိုက်ရောက်သွားတာပါ။
    ဒီတော့လဲ အကြောင်းအရာမှန်တာ မမှန်တာ သူများဟာဖြစ်တာ မဖြစ်တာတွေက နောက်မှအယ်ဒီတာတွေက သိရတာပါ။
    အမှန်တကယ် သိရဲ့သားနဲ့အရေးမယူတာကတော့ အယ်ဒီတာရဲ့အပိုင်းဖြစ်သွားပါတယ်။
    တကယ်ခိုးတာမှန်ရင်တော့ ပယ်ဖျက်ရုံတင်မကဘဲ ဒီလိုခိုးတင်သူကို အပြီးထုတ်ပယ်ရမှာပါ။
    မဂ္ဂဇင်းတွေမှာပါတဲ့စာမူတွေ ကိုခပ်တည်တည်ခိုးတင်တာကတော့ အမှန်တယ်ကိုတွေ့ရပါတယ်။
    ဒါကတော့ ခိုးသူက သိက္ခာမဲ့တာပါ။

    ကြုံတုန်းပြောရရင် ကြော်ငြာဝင်တယ်တော့မထင်ပါနဲ့။
    ကျနော်ကိုပေါက် (မန္တလေး)နာမယ်နဲ့ ရေးတဲ့စာတွေအားလုံးကို
    မြန်မာသူငယ်ချင်းများ,poemscornor, မြန်မာစာပေဖိုရမ်, www. kopaukmdy.myanmarsarpay.info,အနာဂါတ်သူငယ်ချင်းများယ လဝန်းဖြူ,
    ထာဝရသူငယ်ချင်းများတွေမှာ တစ်ပြိုင်နက်ထည်းတင်သလို facebook ကိုလည်းရှယ်ယာလုပ်ပါတယ်။။
    ဒါကလူများများဖတ်စေချင်လို့ပါ။
    ကျနော်ဆိုရင် အင်တာနက်ဆိုင်က ညစဉ်9း30ကနေ 12း00လောက်ထိသွားပြီး နေ့စဉ်ရေးပါတယ်။
    တပုဒ်ကို သုံးရက်လောက်တော့ ရေးရပါတယ်။
    ကျနော်က အပြင်မှာ ကြိုမရေးဘဲ ရေးရေးတင်တင် တစ်ခါတည်းတင်တဲ့အတွက် တစ်ခါတစ်လေ တင်နေတု့န်းကော်နက်ရှင်အောက်သွားလို့
    ရေးပြီးသမျှအလကားဖြစ်တာလဲ မကြာခဏပါ။
    အခုတော့ရေးပြီးတာနဲ့ ကော်ပီကူူး စတစ်ထဲကိုသိမ်းလိုက်ပါတယ်။

    ခိုးပြီးကော်ပီတင်သူတွေကိုတောင်းပန်ချင်ပါတယ်။
    ရေးနေသူတွေက ဘာမှမရလဲ ရေးနေမှာပါ။
    လိုချင်တာက ရေးပြီးတာကို လူဘယ်နှစ်ယောက်ဝင်ဖတ်သွားလဲဆိုတာရယ်
    သဘောချင်းတူ တူ မတူူတူ စိတ်ဝင်တစားဖတ်လို့ ပြန်ရေးလိုက်ကြတဲ့ကော်မင့်တွေကိုပါ။
    ဒီတော့ ဦးနှောက်ကိုဖောက်မစားပါနဲ့လို့တောင်းပန်ပါတယ် ခိုးတဲ့သူတွေကိုပါ။

    • ဆူး

      October 3, 2010 at 3:29 am

      ဆူးကတော့ ကော်ပီတော့ တင်တယ်.. ဒီတိုင်း ကော်ပီ ကြီး တော့ မဟုတ်ဘူး မှီငြမ်းကိုးကား google မှာ အရင်ရှာပြီးမှ.. နိုင်ငံခြားက လင့် ကလေးကိုလည်း တင်တယ် ဒီက ဘာသာပြန် ကိုလည်း မှီငြမ်းတယ် ဆိုက် ၃ခုလောက်က ကောင်းမဲ့ စာသားလေးတွေ ရောပြီး တင်တာဆိုတော့.. ကိုယ်ပိုင်မူ လို ဖြစ်သွားတယ်.. ဒါမျိုးဆိုရင်တော့ ကော်ပီစစ်စစ်လို့ တော့ မခေါ်ကောင်းပါ လို့တွေးမိတယ်။ ဒီမှာ ပွိုင့်ရဖို့တော့ သိပ်အလေးတော့ မထားဘူး.. ဒါပေမဲ့ ရရင်တော့ လိုချင်တယ် တခါတရံ ဒီမှာ အပြိုင် အဆိုင်ကွန်မန့်လေးတွေ ပေးတာတွေကိုက ပျော်စရာ ကောင်းတယ် ထင်ပါတယ်။ မရှိသေးတာနဲ့ သူများ တွေ မသိနိုင်သေးတဲ့ ထူးခြားချက်တွေ ကို ရှာတင်ပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ အယ်ဒီတာတွေကတော့ သတင်းပေးပို့ပါဆိုတဲ့ မှတ်ချက်ကို ထားပြီးတော့ အရေးယူမှုတွေ အတိအလင်း မလုပ်ဆောင်တာကိုတော့ စိတ်မကောင်းဘူး။ ကွန်မန့်ပေးတဲ့ နေရာမှာလည်း ဆဲရေးတိုင်းထွာတဲ လူတွေရှိတယ်။ တယောက်တလေပေါ့လေ.. မြင်မိတယ် အဲဒီလို လူမျိုးကိုလည်း ဘာမှ ကန့်ကွက်တာမျိုး လုပ်လို့ မရတာ လည်း သဘောမကျဖြစ်မိတယ်။ လွတ်လပ်ခွင့်နဲ့ ဆင်ဆာတော့ ရှိသင့်တယ် ထင်တာဘဲ။ ဆိုက်တခုဆိုရင် ဘယ် မန်ဘာကပဲ နှိပ်နိပ် မှားနိပ်မိရင်တောင် အဲဒီ ပိုစ်လေး လူတွေ ကြည့်မရတော့ဘူး အဲဒီလို မျိုး လုပ်ထားတာတော့ မြင်ဘူးတယ်။ ပြန်ဖွင့်တာကတော့ အယ်ဒီတာ သဘောပေါ့လေ..

  • မန်း ရိပ်

    October 3, 2010 at 6:24 am

    သူခိုးထဲမှာ စာသူခိုးက အဆိုးဆုံးပဲ
    စာတကြောင်း၊ပို့စ်တခုဖြစ်လာဖို့ဆိုတာ လွယ်တာမဟုတ်ဘူးလေ။ ကျွန်တော်တို့အနုပညာကို သူတို့ကအလွယ်ကောက်စားသွားတာ ။ဖြစ်နိုင်ရင် မန်းလေးဂေဇက် မှာလည်း ကိုယ်တိုင်းရေး ပို့စ် ကိုပဲ
    ဖော်ပြခွင့်ပေးသင့်တယ်။
    ကျွန်တော်လည်း စတုန်းက သူများစာတွေ ကူးပြီး ဖော်ပြပါသေးတယ် ။နောက်တော့ အဲလိုပို့မျိူးမတင်ချင်တော့ဘူး။
    ကျွန်တော်တင်ရင်လည်း ဘယ်သူဆီက လို့ မှတ်ချက်အမြဲရေးပါတယ်။
    ဒါပင်မယ့်ဗျာ ကိုယ်တိုင်ရေးထားတဲ့ စာ လောက် စိတ်ထဲမှာမသန့်ဘူး။

  • michaelaungpu

    October 3, 2010 at 6:37 pm

    ဒီလိုတော့ရှိပါတယ်ဗျာတို ့
    တစ်ခါတစ်လေပေါ့နော် ထားပါတော့ဥပမာ ရေးတာက ဘယ်သူဘဲဖစ်ဖစ်
    ရှိစေတော့နော် အကျွန် ့ဂျီးတော် စာမကြီးလား? ဘာဖစ်ဖစ်ပေါ့
    သူရေးတဲ့စာ ကောင်းပါပေ့လို ့ ပင့်ကော်မြောက်ထိုး ကြိုက်လိုလွန်းလို ့ မမ မွမွကြိုက်ပါသလေး ဤစာပိုက်ကလေးကို
    ဘောကျလွန်လွန်း ရှယ်လိုက် ရင်ဖြင့် သူငါမှတ်သား အဝါရောင်ဖိုလ်ဒါထဲမှာ ပြောလိုက်တုန်းက ထပ်တူထပ်မျှ သူလည်းဘောကျတာဘဲကလား။
    တောင်ကလိမြောက်ကလိ ဘယ်လိုကလိ ကလိ တွေ ့ရတာက မန္တလေးဂေဇက် ဒေါ့ ကွန်း( myanmargazette.nete) ပါလို ့ တွေ ့ရတာက ငါ့အပြစ်လား?
    အဲ့သည်သောအခါ ဝက်ခြံထည်းမှာ ရေးထားတာက အားမငယ်ကြနဲ ့ ရေးခြင်တာရေး ငါကပေးမယ် နားလည်ပါတယ်အူကြောင်ကျားနဲ ့
    ငကိုင်ဆိုလား ကိုင်ခြင်တာကိုင် မခိုင်ရင်လဲမယ့်လူက ဘာကိုဘယ်လို ဘယ်လိုကြောင်ပြီး အဝါရောင်ဖိုလ်းဒါထဲက အဲ့သည်မမ၊ မွမွ ဆိုလား
    ရေးထားတယ်လား ရှယ်တဲ့သူတွေကို ပွိုင့်တွေပေးနေလေရဲ ့
    ( ဆက်ပြီးရေးရရင်တော့ ရှုပ်ကုန်မယ်နော် ညီးတို ့စာတွေ ကောင်းလွန်လွန်းလို ့ ကလေးတွေ ကူးချ နေတယ်လို ့အကောင်းမြင်စိတ်ကလေး ထားနိုင်ပါဘူး အဲ့လို လား? )
    ဒါမှမဟုတ် အမွေခွဲနေကြတာတော့ ဟုတ်မယ်ထင်ဝူးနော် မယုံရင်ထိုးကြည့် ၃၃၄ အဲ့ဒါ ဖုံးဖုံးပေးတာ
    ငါ့နှယ်ပေါချက်က ကမ်းကုန် တစ်ယောက်ယောက်များ စောင်းပါးရေးရင် တစ်ကယ်ရပ်မယ်အဟုတ်
    ဟီးးးးးးးးးးးးး
    ငပေါ

Leave a Reply