လျှောတံခါးလေးတွန်းဖွင့်ပြီး ၀င်လိုက်တော့ … အခန်းထဲမှာလင်းထိန်နေသည်။ အော် အပြင်ကကြည့်တော့မှန်အမျိုးအစားက အတွင်းကိုဖေါက်ပြီးမမြင်ရ။ အထဲမှာ မိန်းကလေးတွေ အနဲဆုံး ၁၀ ယောက်လောက် ထိုင်နေကြတယ် …။ လာ ..လာ ..အကို ရေသောက်အုံးမလား ခဏထိုင်ပြီး အမောဖြေပါအုံးလား …။

ဘယ်သူနဲ့ဝင်မလဲ … ၀င်နေကြရှိလား …။ မရှိပါဘူးဗျာ အနှိပ်ကောင်းကောင်း နှိပ်တတ်တဲ့သူ တယောက်လွှတ်ပေးဗျာ …။
ဟဲ့ … အိုက်စံ ..ဒီအကို ကို အခန်းပြလိုက် ..။ အကိုဒီကိုလာဘူးလား … အကိုဝင်နေကြရှိရင် ခေါ်ပေးမယ် .. အားမနာနဲ့ .. အကို့အတွက် စပယ်ရှယ်အခန်းလုပ်ပေးမယ် ..။

ကျနော်ကတော့ ပထမဆုံးလာဘူးတာမို့ ( ယုံချင်မှယုံ ) လာသာလာရတယ်မျက်နှာတော့ ခပ် အန်းအန်းဗျ ..။ တကယ်.. ခုနကဖြတ်လာတဲ့ ဧည့်ခန်းထဲမှာ ကောင်မလေးတွေ
ထိုင်နေကြတာများ … ၀တ်စားထားတာ နတ်ဘုံနတ်နန်းရောက် နေသလားမှတ်ရတယ် ..။ကျနော်ဆိုတဲ့ကောင်ကလဲ ဒီိလိုနေရာမျိုး လာသာ လာရတယ် ခပ်ရှက်ရှက်ရယ် ..။
တကယ်ပါ …။ တချို့ဆို ဧည့်ခန်းထဲ မှာကျကျနန ထိုင်ပြီးမှ ကြိုက်တဲ့ကောင်မလေးကို … အသေအချာကြည့် … တချို့ကလဲ ပုခုံးပေါ်မှာ ကြိုးစ သွယ်သွယ်လေးဘဲရှိတယ်
တချို့ကြပြန်တော့ .. ဘောင်းဘီတိုတိုလေး ၀တ်ပြီး ပေါင်နှစ်ချောင်းကို ချိတ်ပြီး စတိုင်ကျကျပေါ့ဗျာ …။ တချို့ကြတော့ လည်ပင်းကို စပါယ်ရှယ် ဟိုက်ထားကြလေ၇ဲ့။

မင်းနာမည်အိုက်စံလား … ကျနော့်လိုက်ပို့တဲ့ကောင်လေးကို စပြိး မိတ်ဆက်ထားရတယ်လေ …။ မင်းတို့ဆီက သဘောလည်းကောင်း အနှိပ်လည်းကောင်းတဲ့ …
ဟိုကွာ … ချောလဲချောချောလေးပေါ့ ..ငါ့ကိုရွေးခေါ်ပေးကွာ ..ရော့ ..မင်းအတွက် ..။ ကျနော် ၅၀၀ တန် တရွက်သူ့အိပ်ထဲ ထည့်ပေးလိုက်ပါတယ် ..( ကုန်ကျစားရိတ်
သိအောင်နော်) ။

အခန်းထဲမှာတော့ မှို့ယာ ခေါင်းအုံး TV အဲယားကွန်း အစုံပေါ့ဗျာ … အကိုခဏစောင့်နော် လာပါလိမ့်မယ် …။

ခဏနေတော့ ကလေးမလေးတယောက်ဝင်လာသဗျ …။ ကျနော့ ခြေရင်းဘက်ထိုင်လိုက်ပြီး … အကို ဘယ်နှစ်ချိန်လဲတဲ့ …။ ကျနော်က လဲ စကားလေးဘာလေးပြောချင်တာကိုး … ၂ ချိန်ပေါ့ …။

သူလေးက ကျနော့ ခြေဖ၀ါးနှစ်ဘက်လုံးကို snowtower နဲ့ အရင်သုတ်ပါတယ် …။ ပြီးတော့ ခြေဖ၀ါး ..ခြေချောင်းလေးတွေ နှိပ်ပါတယ် ..။
သမီးနာမယ်ဘယ်လိုခေါ်လဲ … သမီးက ကြည်ပြာပါ …။ ဟုတ်လား .. သမီးဒီရောက်တာဘယ်လောက်ကြာပြိလဲ …။ ၁ နှစ်ကျော်ပြီ ..။
အော် အဆင်ပြေလား သမီးဒီမှာ လုပ်ရတာ …။ ပြေတယ်ရယ်လို့လဲ ဘယ်ဟုတ်ပါ့မလဲ …။ အခုတလော ဧည့်သည်က အကျနဲတယ်လေ .. သမီးဆို အခုမှ တယောက်
ဘဲရသေးတာ …။ ဒီမှာ အားလုံး ၂၀ ကျော်တယ် ဦးရဲ့ ..။ စခေါ်တုံးကတော့ အကိုတဲ့ …မီးကလဲမှိန်တော့ ကျနော့ကို ကောင်းကောင်းမြင်ပုံမရဘူးဗျ ..အဟဲ ..။

အနီးရောက်တော့မှ ကျနော့အသက်အရွယ် မှန်းမိသွားပုံရတယ် ..။ ဦး ..တဲ့ ။

ထားပါလေ …. အဲဒါတွေ ။ သူကလေးက ECO first year distant တက်နေသူလေးပါ …။ ဒီကနေ့ ဘာဟင်းနဲ့စားလဲဆိုတော့ .. ပဲပင်ပေါက်ပဲပြားကျော် တဲ့ မနက်ရော ညနေရော ဒါဘဲတဲ့ဗျား …။ မစားနိုင်တဲ့သူက အပြင်က နဲနဲပါးပါး ၀ယ်စားရတာပေါ့တဲ့ ..။ တနာရီကို ၃၀၀၀ ပေးရတယ် တစက်ရှင်ခေါ်တာပေါ့ …။ သူတို့အတွက်က
၅၀၀ ရတယ် ..။ တလကို ပျမ်းမျှ ၇၀၀၀၀ ကျပ်လောက်ရတယ်ပြောတယ် ….။ သူတို့အလုပ်နဲ့ စက်ရုံအလုပ်သမလေးတွေဘ၀ နှိုင်းယှဉ်ကြည့်ကြတာပေါ့။

သူတို့လေးတွေဘ၀ထဲမှာ … ခဏလာခိုသူတွေ ရှိသလို … အပြီးလုပ်စားနေသူတွေလဲရှိလေ၇ဲ့ …။ အပြီးလုပ်စားတဲ့သူတွေကြတော့ အနှိပ် တင် မကတော့ပါဘူး
ခန္ဓာကိုယ်နဲ့ပါ ရင်းရတော့တာပါ …။ ခဏနားပါမယ် ။

မှတ်ချက်။  ။ အယ်ဒီတာမှ ဓါတ်ပုံကို မျက်နှာဖျက်လိုက်ပါသည်။

About fatty

Zaw oo has written 351 post in this Website..

i am over 50. I have the knowledge of broadcasting and televising as a producer and have trading- company-experiences as well.