ယမန်နေ့က ကျင်းပပြိးစီးသွားသော ရတနာပုံ နေပြည်တော် သတင်းစာ ရွေးကောက်ပွဲတွင် နေပြည်တော် ၀န်ကြီးချုပ် ဦးခိုင် ခေါင်းဆောင်သော ငါသာအဖ ငါသာ ပထွေး ပါတီ(အတိုကောက် ငါ့ဖထွေးပါတီ) မှ အလှဲနေရာ အများစု(သိပ်မမတ်နှိုင်တော့လို့ လှဲထားတာပါ။) ဖြင့် အနိုင်ရရှိသွားသည်ဟု မှော်ဆရာ သတင်းဌာနမှ သတင်းရရှိပါသည်။ ထိုအကြောင်းအရာနှင့် ပတ်သက်၍ ၀န်ကြီးချုပ် ဦးခိုင်မှ ပြောကြားရာတွင် — ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အလားအလာရှိတဲ့ အလှဲလောင်း ဖြိုး ကို ပွဲဆူအောင် အရင်လုပ်ပေးပြီးမှ စွမ်းအားရှင် ဆူးတို့ ၊ ဝေေ၀တို့နဲ့ နပန်းလုံးခိုင်းထားတယ်။ ကိုလုပ်စရာတောင် မလိုဘူးလေ ။ ကို့လူတွေက လက်သံပြောင်ပါတယ်။ နိုင်မယ်ဆိုတာ သိပြီးသားပါ။ ဒါတောင် ကြိုတင်မဲတွေ အများကြီး ကျန်သေးတယ်၊ ဟ အားရပါးရ ပြောကြားသွားသည်။
ဦးခိုင်သည် လွန်ခဲ့သော နှစ်များစွာကပင် ရွေးကောက်ပွဲအတွက် စနစ်တကျ ကြိုတင်ပြင်ဆင်ခဲ့ခြင်းဖြစ်သလို ငါသာအဖ ငါသာပထွေးပါတီအား လက်ညှိုးတစ်ချောင်းထဲ ရှိသောသူပါတီဝင်များဖြင့်သာေ၇ွးချယ်ဖွဲ့စည်းခဲ့သည်။
ကျွန်တော့ ငါဖထွေး ပါတီမှာ ကျန်တဲ့လက်ချောင်းတွေဘာမှမလိုဘူး ။ လက်ညှိုးတစ်ချောင်းထဲနဲ့ အပေါ်နဲနဲထောင်တတ်ရင် ရပြီဟုလဲ ပါတီဝင်တစ်ယောက်၏ လိုအပ်သော အရည်အချင်းများကိဲု တင်းတင်းကျပ်ကျပ် ကန့်သတ်ထားကြောင်း ၀န်ကြီးချုပ် ဦးခိုင်မှ ငါ့ဖထွေးပါတီဝင်များအား မိန့်ခွန်းခြွေလေ့ရှိသည်။
အထက်ပိုင်းမှာသာ အောင်မြင်မှုရအောင်မဟုတ်ပဲ အောက်ပိုင်းတွင်လဲ အောင်မြင်မှု ရရှိစေရန် ဦးမိုက်ကယ်ဂျော်နီအောင်ဘု နှင့် ဦးကြောင်ကြီးတို့ အား ဘောင်းဘီချွတ်၍ ငါ့ဖထွေးပါတီ၏ အောက်ပိုင်းနေရာများတွင် ၀င်ရောက်ယှဉ်ပြိုင်စေရာ ဘောင်းဘီမရှိတော့သော ငါဖထွေး ပါတီဝင် ဦးမိုက်ကယ်ဂျော်နီအောင်ဘု နှင့် ဦးကြောင်ကြီးတို့အား ယှဉ်ပြိုင်ရဲသူ မရှိသောကြောင့် အော်တိုမစ်တစ် အနိုင်ရရှိသွားသည်ဟုလဲ သိရှိရသည်။
— အိုး … ဘိုးအေကြီးက ချွတ်ဆိုလို့ ချွတ်တာပဲ။ လုပ်ဆိုလို့ လုပ်တာပဲ ။ တို့ကို ဘိုးအေကြီးက လုပ်သာလုပ် မနိုင်ရင် ဂုံနီအိတ် အကြီးကြီးတွေ ပို့ပေးမယ်လို့ ပြောထားတာပဲဟာကို ….တို့ကတော့လေ ဘိုးအေကြီးကိုယုံတယ်။ ပြီးရင်လဲ ပါမစ်အကြီးကြီးပေးမယ်လို့ ပြောတယ်ဟု ဦးအောင်ဘုမှ မှော်ဆရာ သတင်းဌာနသို့ ပြောကြားသည်။
ေ၇ွးကောက်ပွဲ မတိုင်မှီတွင်လဲ စွမ်းအားရှင် ဆူး နှင့် ဝေေ၀တို့မှ ခေါင်းဆောင်၍ စည်း၇ုံးရေးဆင်းသည့်အနေဖြင့် ငါ့ဖထွေး မှသာ အင်တာနက်လှိုင်းများ တစက္ကန့် လျှင် 10G အမြန်နှုန်းဖြင့် ဆက်သွယ်နှိုင်အောင် ဆောင်ရွက်ပေးနှိုင်ကြောင်း ၊ မန္တလေး ဂဇက်အသင်းဝင်များ စိတ်ချမ်းသာလက်ချမ်းသာ ခရီးသွားနှိုင်စေအောင် ငါ့ဖထွေးမှ စေတနာဖြင့် မြေအောက်ခြောက်ပေအနက်တွင် လှိုဏ်ခေါင်းများ ဖောက်လုပ်ပေးထားကြောင်း ၊ လှိုဏ်ခေါင်းထဲတွင် ၀မ်းလှားမှောက်သွားခြင်းဖြင့်လဲ အသင်းဝင်များ ကျမ်းမာရေး မြင့်မားလာနှိုင်ကြောင်း ၊ ငါ့ဖထွေးအား ထောက်ခံခြင်းဖြင့်သာ ဟိုမိုကရေစီ ရနှိုင်ကြောင်း ၊ တခြား ပါတီများကို မယုံစေလိုကြောင်း ၊ ထိုပါတီများကို ယုံကြည်သူများသည် ခေါင်းကို ဆင်နင်းခံရနှိုင်ကာ မိုးကြိုး အကြိမ်တစ်ရာပစ်၍ မဟာအ၀ိစိငရဲတွင် မလွတ်တမ်းကျခံရနှိုင်ကြောင်း စသည်ဖြင့် မဲဆွယ်စည်းရုံးကြသည်။ အတွင်းကျိတ်အနေဖြင့်လဲ ငါ့ဖထွေးကို မခြစ်လျှင် နင့်ဟာလေးကို ညှစ်ပြစ်မယ် ဟုလဲပြောကြားသွားသေးသည်။
ရွေးကောက်ပွဲတွင် လေ့လာသူများအနေနှင့် တခြားသူများ မလိုကြောင်း ၊ သတင်းဓါတ်ပုံ ရယူဖို့ ဆိုလျှင် ဝေေ၀ရှိကြောင်း ၊ သူလဲ ဟိုဟိုဒီဒီ ရှောက်ရိုက်နေကျဖြစ့်သဖြင့် သူတစ်ယောက်ထဲဖြင့် လုံလောက်သည် ဟုလဲ သိရသည်။ သို့သော် လေ့လာသူအဆင့်ဖြင့် သတင်းမှတ်တမ်း ရယူလိုကြောင်း ဦးဖက်တီးနှင့် ကိုပေါက်(မန္တလေး) မှ လျှောက်လွှာတင်ရာ မျက်လုံးနှစ်လုံးပါနေသဖြင့် ဟိုဟိုဒီဒီ ကြည့်မှာစိုးသောကြောင့် ပယ်ချခဲ့သည်။ နဲနဲရှည်တတ်သူကိုပေါက် မှ မျက်လုံးတစ်လုံးကို ပလာစတာနှင့် ပိတ်ထားပါမည်ဟု ပြောသေးသော်လဲ ကင်မရာပါ အသိမ်းခံချင်လို့လားဟု ချိုချိုသာသာ မိန့်ကြားသဖြင့် ကိုပေါက်ခမျာ မှားလို့ပါခင်ဗျာဟု ဆိုပြီး ကိုယ့်ဟာလေး ကိုယ်ပိတ်ကာ(ကင်မရာကို ပြောတာပါ) ပြန်ပြေးရကြောင်း ၊ ယခုတော့ ဦးဖက်နှင့် ပေါင်းပြီး စိတ်ချမ်းသာ လက်ချမ်းသာ မာဆက်များတွင် သတင်းရယူနေကြောင်း သိရှိရပါသည်။
ငါ့ဖထွေးပါတီ အနိုင်ရရှိသွားပြီဖြစ်သဖြင့် ပါတီ၏ ရှေ့လုပ်ငန်းစဉ် များအား မှော်ဆရာ သတင်းဌာနမှ ဆက်သွယ်မေးမြန်းရာ နင့်အပူလားဟု အမှော်အမြင်ကြီးစွာ မိန့်ကြားသဖြင့် ပုဆိုးလှန်မပြခင် ပြန်ပြေးလာခဲ့ကြောင်း မှော်သတင်းထောက်ထံမှ သိရှိရသည်.

(မတော်တဆ တမင်တကာ နာမည်တူတွေများရှိရင် စိတ်မဆိုးရ …၊ စိတ်ဆိုးရင် ဘိုးတော်နဲ့တိုင်ပြောမယ်၊)
မှော်ဆရာ
အင်း လက်ရှိအခြေအနေတွေပေါ်မှာ ကိုယ့်လူတွေကို စိတ်ကူးနဲ့ လူစားထိုးကြည့်ရင်း ရီချင်လာလို့ ဒီပိုစ့်ကို ရေးပါတယ်။ စိတ်ဆိုးရင်လဲ ပျော်စေပျက်စေ ကြည်စားတယ် သဘောထားပြီး ခွင့်လွှတ်ပေးပါ။ တကယ့်လူတွေကို မရေးရဲလို့ ကို့လူတွေနဲ့ပဲ ကိုရေးကြည့်တာပါ.။ကျွန်တော်က မြန်မာနိုင်ငံထဲက ခင်ဗျ၊ အိမ်တံခါးလေး လာခေါက် ခဏလောက် လိုက်ခဲ့စမ်းပါ ဆိုတာမျိုးကြောက်လို့ပါ။ ဟား ဟား
နစ်နာစေလိုတဲ့စိတ် တိုက်ခိုက်လိုတဲ့ စိတ် မရှိပါ။ ဒီနာမည် ဒီလူတွေက တွေ့နေကျ နာမည်ကြီးတွေဆိုတော့ ဒီလူတွေနဲ့ပဲ ဇာတ်လမ်းဆင်လိုက်တာပါ။ ဆောရီးနော် ……မှော်ဆရာ

About မှော်ဆရာ

has written 58 post in this Website..

အပြုသဘောဆောင်တဲ့ ရေးသားချက်များကိုသာ ရေးသားနှိုင်အောင် ကြိုးစားနေပါတယ်. နိုင်ငံတကာ ဆက်ဆံရေးပညာနဲ့ ကျောင်းပြီးပါတယ်။ ပွင့်လင်းမှုနဲ့ ယဉ်ကျေးမှုကို မြတ်နိုးပါတယ်။ သဘောကောင်းပါတယ်။ လက်သီးထိုး ပြင်းပါတယ်။ ဓါးထိုးပက်စက်ပါတယ်။ CJ # 9222010