အကြောင်းမလှ သူ များသို့
.အကြောင်းမလှတာ လောဘ မထိန်းနိုင်လို့ ဖြစ်နေကြတာ..
ကုန်ထမ်းသမား သားသမီး ဘွဲ့ရတွေ အများကြီးပါ။
မကြာသေးခင်ကမှ.. လုပ်ငန်းခွင်ကို ရောက်လာတဲ့ အမျိုးသမီးလေး တယောက်ဆို ဓါတုဗေဒ ဘာသာနဲ့ ဘွဲ့ရထားပြီးသား.. အဖေကတော့ ကုန်ထမ်းသမား နယ်ကုန်ပို့ လုပ်ငန်းလုပ်တဲ့ ဂိတ်ကြီးတွေမှာ.. အထုတ်အကြီးအသေး မရှောင် ထမ်းရတာ.. အလုပ်လုပ်ရင်း ကျောင်းထားတာ.. ဘွဲ့ရမှ အလုပ်ကို စလုပ်ခိုင်းတယ်။ မိဘ မေတ္တာ တော်တော် ကြီးမားတယ်။ သားသမီး ကို ပညာတတ် အရင် လုပ်ခိုင်းတယ် ပညာ မတတ်ရင် သူ့လို ပင်ပန်းမှာ စိတ်ပူလို့.. ပညာရေးပြီးမှ လုပ်ငန်းခွင် လွတ်လိုက်တယ်။ သို့သော် အားနည်းချက်က သူများတွေ ၁ဝတန်းအောင်ကတည်းက လုပ်ငန်းခွင်မှာ ကြိုကြားကြိုကြား ဝင်လုပ်နေတော့ သူထက်ငယ်ပေမဲ့ သူထက် ရာထူးကြီးနေတယ်။ ဒီလို အမျိုးကောင်း သားသမီးတွေ တပုံကြီးပါ။ ပြောလို့သာ ပြောတာပါ.. သွားမပါတဲ့ ကျားတောင် အသားနံရရင် မနေနိုင်ဘူး.. သဖုံးလေးနဲ့ ကြိတ်ဝါးမှာ.. သနားလို့ ကျားမစားတာ မရှိဘူး။ အကြောင်းမလှလို့ အကြောင်းလှအောင် ဆိုတာ.. အကြောင်းမလှသူတွေအတွက် နယ်လှည့် အလှူခံလား.. ဘဝတူတွေ တွေ့ပြီး အခြောက်တွေ ပိုစ်လို ရဲရဲတင်းတင်း လူတွေ လက်ခံလာအောင် လုပ်ကြနေမလားဘဲနော်။ အမျိုးသမီးချင်း ကိုယ်ချင်းစာပါတယ်။ အမျိူးကောင်း သားသမီးတွေ ကိုယ့်ကိုယ်ကို စောင့်ထိန်းတတ်ဖို့ တန်ဖိုးထားတတ်ဖို့.. အသိနဲ့ အတွေးအခေါ်တွေ ပေးဖို့က ရင့်ကျက်တဲ့ လူသားတွေ အသိတရားမျှဝေဖို့ တာဝန်ရှိတယ် ထင်တယ်။ ကိုယ်တိုင်ရင့်ကျက်တဲ့ လူသား တယောက် မဖြစ်သေးပါဘူး။ နေ့စဉ်နဲ့ အမျှ အချိန် ရှိသ၍ မြင်မြင် သမျှ သင်ယူနေရဆဲပါဘဲ။ အသိပညာဆိုတာ တယောက်ကနေ တယောက် လက်ဆင့် ကမ်းနေကြတာပါ။ ဟိုးအရင်တုန်းက ကျောက်ခတ်မှာ အသိနဲ့ အခုခေတ်က အသိတွေ မတူညီကြသလိုပါဘဲ။ လူချင်းတူပေမဲ့.. တယောက်စီ တယောက်စီ ဖြစ်ပေါ်လာတဲ့ အတွေးအခေါ်တွေ ကောင်းတာ ဆိုးတာတွေ ပေါ်မူတည်ပြီး လူတွေ အဆိုး အကောင်း ပြောင်းလဲ သွားတယ် ထင်မိတယ်။
လူဆိုးလည်း လူကမွေး သလို လူကောင်း ဆိုတဲ့ လိမ်မာတဲ့ လူသားတွေကိုလည်း လူက မွေးထားတာဖြစ်တဲ့ အတွက် တူညီတဲ့ အဆင့် အနေနဲ့ မြင်ပါတယ်။ မတူညီတဲ့ အသက်မွေးဝမ်းမှုတွေ ရှိပေမဲ့ လူမှု ပတ်ဝန်းကျင်က လူသားတွေ ရိုးသားကြိုးစားပြီး ကောင်းမွန်စွာ အသက်မွေးနိုင်ဖို့ လမ်းစပျောက်စေမဲ့ အကြောင်းအရာတွေ အလုပ်လုပ်ချင်စိတ် ပိန်းပိတ်သွားအောင် တိုက်တွန်းတဲ့ အကြောင်းအရာတွေ နဲ့ လူစိတ်ကို မချိုးနိမ်သင့်ဘူး။ ရိုးသားကြိုးစားပြီး ဘဝကို အရှုန်းမပေးဘဲ ရုန်းကန်နေတဲ့ လူသားတွေကို နေရာပေးသင့်တယ်။ အဝတ်အစားဝတ်ရင်တောင် မမြင်သင့်တာ ဖုံးကွယ်ထားရတာဘဲလေ။ ဒါဟာ လူတွေ ထုတ်တဲ့ ဥပဒေပါဘဲ။ ဘဝကို တန်ဆာခံ (မတရားပြုကျင့်ခံ) အဖြစ် သူတပါး အတွက် မဖြစ်ချင်တဲ့ ဘဝမှာ နေနေရတာ ဆိုရင်တော့ ဖော်ထုတ်သင့်ပေမဲ့.. ကျေနပ်လို့ လုပ်နေတဲ့ လူသားတွေ.. ဝမ်းရေးကို ဒီအလုပ်နဲ့မှ ပြေလည်မယ်လို့ သတ်မှတ်ပြီး လောဘ ရမက် မထိန်းနိင်တဲ့ အမျိုးသမီးတွေအတွက်တော့.. မတော်ရာ လူမမြင်အောင် ဖုံးကွယ်ဝတ်တဲ့ အဝတ်အစားလို သဘောထားသင့်တယ် ထင်တယ်။ စာဖတ်နေတဲ့ အမျိုးကောင်း သမီးတွေ စိတ်ဓါတ် ယိမ်းယိုင် မထွေပြားစေဖို့ တိုက်တွန်းတာမျိုး မဖြစ်ဘဲ။ အမျိုးကောင်း သား အမျိုးကောင်း သမီးတွေ ဖြစ်အောင် စိတ်ဓါတ်ခွန်အားပေးသင့်ပါတယ်။ လူတိုင်းက အမေက မွေးလို့ လူဖြစ်နေကြတာ ဆိုတော့ နောက်တချိန်မှာ မိခင် ဖြစ်ကြမဲ့ အမျိုးကောင်းသမီးတွေအတွက် ကိုယ်ချင်းစာပေးပါ။ ကိုယ်မိခင်က တချိန်က မတွေးသင့်တာ မဖတ်သင့်တာ မဖြစ်သင့်တာ တိုက်တွန်းမိလို့ တစုံတရာ ကိစ္စတခုကြောင့် လူကြားထဲမှာ သိမ်ငယ်နေရတယ် ဆိုရင်.. သားသမီးဖြစ်တဲ့ ကိုယ်တိုင်ကော မိခင်နဲ့ ဆက်စပ်သူ အဖြစ်ကောင်းပါ့မလား။ တွေးမယ်ဆို အများကြီးပါ။ အဓိက စာနာစိတ်နဲ့ တွေးပေးမယ်ဆိုရင် လူတွေ အတွက် အများကြီးကောင်းကျိုးတွေ ဖြစ်လာမှာပါ။
6 comments
weiwei
December 3, 2010 at 4:14 am
မိဘတွေသာ မိဘမိဝတ္တရားကို ကျေပွန်ကြမယ်ဆိုရင် အကြောင်းမလှတဲ့ကိစ္စတွေ လျော့နည်းသွားလိမ့်မယ်ထင်တယ် … တစ်မိသားစုလုံး တက်ညီလက်ညီဆိုရင် မအောင်မြင်စရာ မရှိပါဘူး ..
snique
December 3, 2010 at 6:03 am
ထမင်း ငတ် တဲ့ ဒုက္ခကို စားချင်ရက်နဲ ့စားစရာမရှိမှ သိပါမည်။ အငတ်ခံကြည့်မယ်ဆိုတော့ အနေအထားနှင့်တော့ မသိနိုင်ပါ။
အဲဒီလို ပါပဲ ကို ့အသားလှီးမှ နာ တတ်ကြပါမည်။
စကားဆိုတာ တတ်တိုင်းပြောရင်အမှားပါတတ်ပါသည်။ အဖိုးတန်သောတိတ်ဆိတ်ခြင်းများ လောက မှာ အများကြီးရှိပါသည်။
မျက်စိတစ်ဆုံး ဉာဏ်တစ်ဆုံးလေး တွေးတတ်ယုံ မျှ ဖြင့် မမှီ နို်င်သော ပြဿနာ များစွာရှိပါသည်။
လက်ဖမိုး ပါ ဆို ပြီး စွတ်အော်နေရင် အာခြောက်ရုံသာ အဖတ်တင်ပါမည်။
တွေးတော့ခြင်း ဒေါင့်တွေ ပြောင်းကြည့်စေခြင်ပါသည်။ လောကမှာ အကြွင်းမဲ့အမှန်တရား ဆိုတာ မရှိပါ။
ရှိပါသည် ဟု ငြင်းဆို လျှင်လဲ လက်ခံလိုက်ပါမည်။
Agree to Disagree ကို ကျင့်သုံးလျှင် ပိုဆွေးနွေးခွင့်တွေ ရှိလာကာ သာ၍ ကောင်းမွန်သော လူမှု အသိုင်းအဝိုင်းတစ်ခု ကို ဖန်တီး နိုင်မည် ဟု မြင်ပါသည်။
ငါ့စကား နွားရ ပြော နေ ရုံမျှ ဖြင့် မိမိ ပတ်ဝန်းကျင်မတိုးတက်နိုင်ပါ။
Angelic Pricess
December 3, 2010 at 10:25 am
ဟုတ်တယ် မမဆူးရဲ့။
တကယ်ဖြစ်နေတဲ့လူ့ပတ်ဝန်းကျင်က အရမ်းဆိုးတယ်။ ညီမတောင် အရင် ဒီလောက် မသိခဲ့ဘူး။
မိဘတွေ ပညာမတတ်၊ ပညာမတတ်တော့ သားသမီးတွေ များလာရော များလာတဲ့သားသမီးတွေကို ကျွေးမွေးဖို့ မလောက်ငှ၊ ပြီးတော့ မမဆူးအပေါ်က ပြောသလို ပညာတတ်မှလူရာဝင်မယ်လို့ ထင်တဲ့ မိဘလည်းရှိသလို ပညာအမွေ မပေးနိုင်တဲ့ မိဘလည်းရှိတယ်။ အခုရန်ကုန်မြို့ အစွန်အဖျားတွေမှာ ထမင်းရည်တောင်သောက်နေကြရတဲ့ လူတန်းစားတွေ ရှိတယ်။ အဲဒီလူတန်းစားက ကလေးတွေ အထူးသဖြင့် မိန်းကလေးတွေ ဘယ်လိုကျောင်းနေမလဲ။ နောက်တစ်ခု ပတ်ဝန်းကျင်။ပတ်ဝန်းကျင်ဆိုတာ ကိုယ့်ကို ရာခိုင်နှုန်းပြည့်အောင် မပြောင်းလဲနိုင်ပေမဲ့ 90ရာခိုင်နှုန်းထိတော့ ချုပ်ကိုင်ထားနိုင်တယ်။ ငယ်ငယ်ကသင်ခဲ့ရတဲ့ ကျေးညီနောင်ပုံပြင်က ဥပမာပါဘဲ။ အဓိက ကတော့ မိဘတစ်ယောက်ရဲ့ စိတ်ဓာတ် နဲ့ သားသမီးရဲ့ စိတ်ဓာတ်က အဓိကဘဲ။ ဘဝပေးအရ ဖြစ်သွားရတာတွေလည်း ရှိတာပေါ့လေ။ တစ်ချို့ကို အဖြူထည် ကိုယ့်ကို အနိုင်ပိုင်းခံလိုက်ရလို့ အဲဒီ ဘဝထဲ ဝင်သွားရတဲ့ လူလည်း ရှိတာဘဲ။ နောက်တစ်ခု မိန်းကလေးတစ်ယောက်က အရွယ်မရောက်ခင်မှာ စိတ်တွေထွေပြားလာရင် အဲဒီမိန်းကလေး ပျက်စီးဖို့ တော်တော်များနေဘီ။ဘဝနာတဲ့စိတ်ရှိတဲ့လူမျိုးကတော့ မပျက်စီးတတ်ဘူး။ မမဆူးပြောသလို ကြိုးစားလို့ ရတာမှန်ပါတယ်။ ပညာအရည်အချင်း အတွေ့အကြုံ ပတ်ဝန်းကျင်ကောင်း အများကြီးလိုတယ်မမရဲ့။ စိတ်ဓာတ် အဓိကကျတယ်လို့ ညီမပြောချင်တယ်။ ရိုးရိုးလေးဘဲတွေးကြည့်မယ်။ မိဘက ကုန်ထမ်းသမားထားလိုက် သားသမီး 4ယောက်ဘဲ ထားလိုက်(အခုခေတ် အဲလောက်မွေးတာ ရှိတယ်နော် ညီမမျက်မြင်) အဲကလေးတွေကို ဘယ်လိုကြည့်ရှုစောင့်ရှောက်မလဲ။ အရပ်ကဘဲ ဝိုင်းကြည့်ရတာပေါ့။ ညီမတို့က တကယ့်ဘဝထဲကနေ အခုမှ ထွက်မလို့ ခြေလှမ်းတုန်းမမရဲ့။ မြတ်စွာဘုရား ဟောခဲ့တဲ့ ဘဝပေး ရှေးဘဝကုသိုလ်ကံဆိုတာ တကယ်ရှိပါတယ်။ ညီမတော့ လက်ခံတယ်။ လက်တွေ့ခေတ်ဆိုပေမဲ့ ပယ်မချနိုင်သေးဘူး။ ကိုယ်လုပ်မှ ကိုယ်စားရမဲ့ ဘဝမှာ ဘယ်သူမှ ထမင်းမစားဘဲနဲ့တော့ မနေနိုင်ဘူးရှင့်။ နောက်တစ်ခု အခုထက်ထိ နာဂစ်ဖြစ်ခဲ့တဲ့ နေရာတွေက မိန်းကလေးတွေ ဘာနဲ့အသက်မွေးဝမ်းကျောင်းမလဲ၊ အခုထက်ထိ သိနေမြင်နေရတုန်းဘဲ။ အဲဒါက လက်တွေ့ဘဝပါဘဲ။ တကယ်ဆင်းကြည့်မှ သိရပါတယ်။ တကယ် နေမကောင်းမှ ကျန်းမာတဲ့အချိန်ကို တန်ဖိုးထားတတ်တာပါ။ တကယ် ထမင်းအငတ်ခံကြည့်မှ ထမင်းငတ်ကြည့်မှ အဲဒီထမင်းရဲ့တန်ဖိုးကို သိတာပါရှင့်။ အထက်တန်းလူတန်းစားတွေမှာ ပိုက်ဆံ မရှိမှ အလွန်ဆုံး အိတ်ထဲမှာ 5သောင်းပေါ့။ တကယ့် ဘဝသမားတွေမှာကတော့ တကယ်မရှိရင် တစ်ပြားတောင် မရှိတာ အမှန်ပါ။
ဆူး
December 3, 2010 at 1:47 pm
အထက်က ကွန်မန်းပိုင်ရှင်တို့ရေ.. သူငယ်ချင်းတို့.. အတွေးနဲ့ ဆူး အတွေးနဲ့ မတူတာလည်း ဖြစ်ချင် ဖြစ်လိမ့်မယ်။ ဆူး ရေးတဲ့ အကြောင်းအရာ ရည်ရွယ်ချက်ကို နားလည်မှု လွဲတာ ဖြစ်လိမ့်မယ် ထင်တယ်။
လူတိုင်းက မိဘက မွေးထားလို့ တူညီတယ်လို့ ခံစားမိပေမဲ့.. ဆင်းရဲလို့ မကောင်းတဲ့ အလုပ်မှာ ပျော်မွေ့စွာ လုပ်နေရတယ် ဆိုတာက တကယ် ပင်ပန်းဆင်းရဲတဲ့ မိသားစု ဘဝတွေ တိုင်းမှာ ရှိတဲ့ သမီးပျိုတွေ စော်ကားသလို ဖြစ်နေမလားဘဲ။ ဆင်းရဲလို့ ထမင်းနပ်မှန်အောင် မစားနိုင်တဲ့ မိန်းခလေးငယ်တဦးကို လူတယောက်က နင် ကောင်းကောင်းစား ကောင်းကောင်းနေရမယ် လုပ်မလားလို့ ဆွဲဆောင်တဲ့လူ။ နောက်တယောက်က ဆင်းရဲပေမဲ့ အားမလျှော့နဲ့.. ကြိုးစားသူတိုင်းအတွက် အနာဂါတ်က အောင်မြင်မှုတွေ စောင့်ကြိုနေတယ်။ နှုတ်အားဖြင့် အားပေးပြီး အလုပ်အကိုင် ဝိုင်းရှာပေးနေတဲ့ လူတွေ ရှိပါတယ်။ တခါတည်း လမ်းတို လိုက်သင့်သလား လမ်းရှည်တယ် ပင်ပန်းတယ် ဘဝကို တန်ဖိုးထားတယ် အဲဒီလို ဖြစ်သင့်သလား။ ဆင်းရဲခြင်းကို နိမ့်ကျတဲ့ ဘဝ ရောက်စေတယ် ဆိုတာ ဆင်းရဲတဲ့ လူတန်းစားကို နိမ့်ချပြီး အလုပ်အကိုင် လုပ်ချင်စိတ် ကွယ်ပျောက်အောင် လုပ်လေသလား။
intro
December 3, 2010 at 2:23 pm
လက်တောင် အတိုအရှည် မညီပါဘူးဗျာ… snique ပြောတာ လက်ခံပါတယ်… လောကမှာ အကြွင်းမဲ့အမှန်တရား မရှိဘူး ဆိုတာကိုပေါ့…
kopauk mandalay
December 3, 2010 at 3:15 pm
မှန်ပါတယ် အကြမ်းဖျဉ်းအားဖြင့်ပြောမယ်ဆိုရင်အခုပေးတဲ့ကော်မင်းတွေဟာလက်သင့်ခံနိုင်စရာကြီးပါဘဲ။
တကယ်ဒုက္ခခံနေရသူလောက ်သူခံစားနေရတာကို သူ့ထက်ပိုမသိနိုင်ဘူးဆိုတာကလဲ သိပ်မှန်တဲ့အတွေးပါဘယ်။
ကျနော်ဖြစ်ချင်တာလေးပြောမယ်ဆိုရင်တော့ အခက်အခဲလေးကြုံလိုက်တာနဲ့ အလွယ်လမ်းလိုက်ပြီး ဖြေရှင်းလိိုက်မယ်ဆိုတာထက် အားမတန်မှ မာန်လျော့မယ်ဆိုတဲ့ စိတ်ကလေးတွေနဲ့အားတင်းထားမယ်ဆိုရင်
ပိုများကောင်းမလားလို့ တွေးမိပါတယ်။
အဆင်မပြေတိုင်းအလွယ်လမ်းလိုက်မယ်ဆိုတဲ့အတွေးကတော့မဖြစ်စေချင်ပါဘူး။
မတော်လို့များ ဒီလိုဘဝထဲကို ရောက်သွားရင်တောင်ရုန်းထွက်ဘို့ ကြုးိစားစေချင်သလို ရုန်းထွက်နိုင်အောင်လည်း ဝိုင်းဝန်းလို့ကူညီပေးကြရင် ပိုလို့တောင်ကောင်းမယ်ထင်ပါတယ်။
စိတ်ကူးနဲ့လက်တွေ့တစ်ထပ်တည်းမကျုနိင်ဘူးဆိုတာကိုယုံကြည်ပေမယ့် စိတ်ကူးကြည့်မိတာပါ