နန်းဆုရတီစိုး လုပ်ဇာတ်ထွင်မှု ရဲချုပ် ဒေါသထွက်
Wednesday, 13 October 2010 10:04 administrator

( ဒီ Post လေးကတော့ သိစေချင်ရုံတတ်ပါ။ကြာတော့ကြာပြီဗျ။ရွှေမန္တလေးကနေ ကူးပြီးတော့ ပြန်တင်ပေးလိုက်တာပါနော်။ဘယ်သူတွေပြောတာ အမှန်လည်းဆိုတာကိုသိချင်လို့ပါ။
တခြားသော ဘာရည်ရွယ်ချက်မှတော့ မပါပါဘူးနော်။ )

နန်းဆုရတီ စိုး ၏ နာမည်ကြီးရအောင် လုပ်ဇာတ်ထွင်ခြင်း ကို ရဲချုပ် ခင်ရီ က အလွန် အမင်းဒေါသထွက်နေကြောင်းကြားသိရသည်။ သူမ ပျောက်ဆုံးသည် ဆို၍ မိခင် ဖြစ်သူ ကိုယ်တိုင် လာရောက်တိုင်ကြား စဉ်က မြန်မာ နိုင်ငံရဲချုပ်မှာ သူကိုယ်တိုင် တိုင်း နှင့် ပြည်နယ် ရဲမှုးများ ဆီ သို့ အကြောင်း ကြားပေးပြီး အင်းစိန် CID စုံထောက် ဌာနသို့ ပင် တာဝန်ပေးခဲ့သည် ဟု Freedom News Group မှ သတင်းရရှိသည်။

ယခု မိဘ နှင့် စိတ်ဆိုးပြီး ထွက်သွား ကာ ပြန်ရောက်နေ သည် ဟု အကြောင်းပြခြင်းသည် ၎င်းနာမည်ကြီး ရန်အတွက်လုပ်ဇာတ် ခင်းခြင်း ဖြစ်သည် ဟု ရန်ကုန် တိုင်း ရဲတပ်ဖွဲ့ မှုး ရုံးမှ အရာရှိ တစ်ဦးက FNG သို့ ပြောသည်။ထိုရဲအရာရှိကရဲချုပ် ရဲ့ တာဝန်ပေးချက်အရ ကျွန်မ တို့ အမျိုး သမီး ရဲ မေတွေ တောင် သူသွားတတ်တဲ့ နေရာ တွေ ကို အရပ်သားယောင် ဆောင်ပြီး သတင်းသွားယူရသေး တယ်။ ဒီဇာတ်လမ်းမှာ သူအမေ လည်း ပါတယ်။ သူ့ အမေက သမီး ပျောက်နေတာတောင် သမ္မတ ရုံ ၉း၃၀ ပွဲစဉ် မှာ ရုပ်ရှင် သွားကြည့် နိုင် သေးတယ်။ အခု ရဲချုပ် ကတော်တော် စိတ်ဆိုးနေတယ်ကျွန်မ တို့ ကိုတောင် သူ့ ကို ဖမ်း ခိုင်းတယ်။ ကောင်မ က ဗိုလ်ချုပ် မြင့်ဆွေ ကို လှမ်းတိုင် လို့ မဖမ်းဖြစ်တာ “ဟု ပြောသည်။

နန်းဆုရတီစိုး သည် စီးပွား ရေး လုပ်ငန်း များ ကို လည်း လုပ်ကိုင် သူ ဖြစ်ပြီး ကားကြော်ငြာမော်ဒယ်အဖြစ်လည်း ရံဖန် ရံခါ သရုပ်ဆောင်သည်။

အောက်တိုဘာလ ၈ ရက်နေ့ က မင်္ဂလာတောင်ညွှန့် ရှိ မျှော်စင်ကျွန်းတွင် မြ၀တီ ရုပ်သံအတွက်ကြံ့ဖွံ့ အတွက် ရွေးကောက်ပွဲမဲဆွယ်တေး ကို သွားရောက် သီဆိုပေးခဲ့ပြီး အိမ်သို့  ပြန် ရာ တနင်္ဂနွေနေ့ ၁၀ ရက်နေ့ ထိ ရောက်ရှိလာခြင်း မရှိသေးသည် အတွက်သူမ ၏ မိသားစုမှ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ထိတိုင်တန်းထားသည် ဟု သတင်းရရှိသည်။

နန်းဆုရတီစိုး သည် စစ်အစိုးရ အာဏာရ သားသမီးများ နှင့် စီးပွားရေး ဆက်စပ် လုပ်ကိုင်ရာမှပြီးခဲ့လ က သူမ ဦးဆောင် ပြုလုပ်ခဲ့သည့် ပြပွဲ တစ်ခု တွင် ထိပ်တန်း စစ်တပ်အရာ ရှိ တစ်ဦး၏ သမီးဖြစ်သူ နှင့် အချေအတင် ဖြစ်ခဲ့သည်ဟု သိရသည်။

နန်းဆုရတီစိုးသည် ရန်ကုန်တိုင်းမှ ထိပ်တန်း စစ်အရာရှိ များ အာဏာပိုင် အသိုင်းအ၀ိုင်းများနှင့်ဝင်ဆံ့ သူဖြစ်သည်။

နန်းဆုရတီစိုး သည် စစ်အစိုးရ ၀ါဒဖြန့် ချိရေးရုပ်ရှင်ဇာတ်ကားဖြစ်သည့် “အရုဏ်ဦးတွင် ဖူးသည့် ကြာ”တွင် လည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးကာ ရွေးကောက်ပွဲ မဲဆွယ်တေး နှင့် စစ်အစိုးရ တစ်ဖက်သတ်ရေးဆွဲ သည့် အခြေခံဥပဒေမဲဆွယ်တေးများ တွင် လည်း ပါဝင်သီဆိုခဲ့ဖူးသည်။

သူမသည့် ယခင် ကြံ့ဖွံ့ အဖွဲ့ ဝင်တစ်ဦးဖြစ်ပြီး Milky Way ကုမ္ပဏီကို ထောင်ထား ကာရန်ကုန် မြို့ မှ အာဏာပိုင်သားသမီးတစ်ဦးဖြစ်သူ လူငယ်မော်တော်ကား ဂိုဏ်းဝင် တစ်ဦး နှင့်ခင်မင်ရင်းနှီးမှု ရှိသည်။

Source: Freedom Group
Last Updated ( Thursday, 21 October 2010 14:27 )
Comments

#2 မမ 2010-11-13 10:46
နာမည်ကြီးချင်ရင် ..မိုးဟေကို လို လုပ်လေ…..
Quote

0 #1 pp 2010-11-08 11:18
ရုပ်ကိုက မူလီမာလီ များမယ့် ရုပ်နဲ့ 
အရမ်းအမြင်ကပ်တယ်
ချီးထုပ်မလေး
Quote

About mG

M & has written 28 post in this Website..

I am very interesting this website program.