5 Series မှာလာနေတဲ့ တနင်္လာ ကနေ ကြာသပတေး နေ့ အထိ ည ၇နာရီမှာ လာနေကျ ကိုရီးယား ဇတ်လမ်းတွဲ အက္ခရာ စာလုံးလေးများ၏ အရှင် သခင် ဇတ်လမ်းပြီးအောင် မပြဘဲ နောက်တကား အစားထိုး ပြတော့မှာပါ။ ဇတ်လမ်း အသစ်ကို တနင်္လာကနေ စပြီး ပြမယ်လို့ ကြေညာသွားပါတယ်။ ဘာလို့ မပြလဲ သိကြလား။ ကြည့်တဲ့လူတွေ သိပါလိမ့်မယ်..
ဇတ်လမ်း သဘော တရားလေး သိသလောက် ပြောပြမယ်။ စဉ်းစားကြည့်ရအောင်.. ဇတ်လမ်း စစချင်းမှာ လူငယ်တယောက် မျက်နှာကို ပြပြီး နောက်တချိန် ဘုရင် ဖြစ်မှာလို့ စာတမ်းထိုးသွားတယ်။ နောက် ဇတ်လမ်း ပြတော့ ဘုရင်ကြီးရဲ့ သားတော် ဖြစ်နေတယ်။ အိမ်ရှေ့စံမဟုတ်ပါဘူး အိမ်ရှေ့စံက သတ်သတ် တယောက်ပါ။ ဘုရင် ဖြစ်မယ် ဆိုတဲ့ သားတော်က မတရားတာဆို မနှစ်မြိုဘူး။ ခမည်းတော်ကို အတိုက်အခံတွေနဲ့ တိုင်ပင်ညှိနိုင်းပြီး တိုင်းပြည်ကို အုပ်ချုပ်ပါ။ တိုက်တွန်းပါ၏။ ခမည်းတော်လည်း အရင်တချိန်က ဓါးဆွဲပြီး တိုင်းပြည်နေရာ ရအောင် ယူခဲ့တာဘဲလို့ ပြောပြီး နားချနေပါတယ်။ ဇတ်လမ်းက ဒါဘဲ ကြည့်မိတော့ ဒါဘဲ သိတယ်.. နောက်ဆက်တွဲ သိချင်ရင် အခွေဝယ်ကြည့်.. နောက်နေ့ ဈေးရောက်မှ ရှာဝယ်ရမလို့.. စဉ်းစားထားတယ်။ ကိုရီးယားဇတ်လမ်း က ကိုရီးယား မင်းညီမင်းသားတွေဘဲဟာကိုနော်.. ဟုတ်တယ်မလား.. သူ့ ဇတ်နဲ့ သူ့ အကြောင်း ညီညွတ်နေတာဘဲ.. မပြတော့လည်း အခွေရှာဝယ်ကြည့်ရတော့မှာပေါ့.. စာတမ်းထိုးထားတဲ့ မင်းသားလေး ဘယ်လို မင်းဖြစ်သွားလဲလို့ သိချင်လို့.. ကိုရီးယားကတော့ စွဲတယ်.. ဂျူမုံတုန်းကလည်း ဂျူမုံ.. လီစွန်ရှင်း တုန်းကလည်း လီစွန်ရှင်း သမိုင်းတွင်မဲ့ မော်ကွန်းတုန်းလည်း အချိန်တွေ အများကြီးပေးပြီး ကြည့်ခဲ့ရတာ.. လွယ်တော့ မလွယ်ဘူး.. ကိုရီးယားမှာ မနေပေမဲ့ ကိုရီးယား သမိုင်းတော့ စုံအောင် သိလာပြီ.. ဒါလည်း ပညာဘဲ.. ဟဲဟဲ.. စဉ်းစားလိုက်ကြပါအုန်း.. ကိုရီးယား ကားကြည့်ပြီး.. ကိုရီးယား ပြောင်းနေကြရင် ကောင်းမလားလို့.. သူတို့ အကြောင်း ဒီလောက် သိတာ ဆွေမျိုးတောင် တော်နေမလား မသိဘူး..

About ဆူး

has written 398 post in this Website..