စိန်စီသောည ထက် ကိုးဆယ်ဆ သာမည့် လက်ထပ်ပွဲ အတွက် ပရိသတ် က စိတ်ဝင်စားနေ

နေမျိုးဦး ၊            ၊ဇန်န၀ါရီလ ၁၅ ရက်နေ့ နှင့် ၁၆ ရက်နေ့ များ တွင်
ရန်ကုန် မြို့ ရှိ နေရာအသီးသီး ဉ်
ခြောက်ကြိမ်ခွဲ၍ ကျင်းပမည့် ပြေတီဦး နှင့် အိန္ဒြာ ကျော်ဇင် တို့  ၏
လက်ထပ် မင်္ဂလာ ပွဲ မှာ လှည်းနေလှေ
အောင်း မြင်းဇောင်း မကျန် စိတ် ၀င်စားနေကြသည် ဟု သိရှိ ရသည်။

ရဲဘော် သုံးကျိပ် ၀င် ဗိုလ်ဇေယျ ၏ မြေးဖြစ်သူ အိန္ဒြာကျော်ဇင် နှင့် နာမည်
ကျော် သရုပ်ဆောင်
ပြေတီဦး တို့ ၏ မင်္ဂလာ ဆောင် မှာ စပွန်ဆာ အများအပြား ရရှိပြီး
ကျော်ကြားသူ တို့ မင်္ဂလာ ပွဲ
သမိုင်း တစ်လျှောက်တွင် အများ ဆုံး ရရှိခြင်း ဖြစ်သည် ဟု ဒီဇင်ဘာ နှင်း က
Freedom News
Group သို့ ပြောသည်။

နေ့ ရက် အချိန် နှင့် နေရာ အတိအကျ ကို မသိရသေးသော်
လည်း ထို နေ့ တွင် မင်္ဂလာဆောင်မည့် နေရာ သို့ သူ၏
ပရိသတ်များ က အများ အပြားသွား နိုင်သည် ဟု ရန်ကုန်
မြို့ တွင် အလှပြင် ဆိုင် ဖွင့်ထား သည့် အိန္ဒြာကျော်ဇင် ၏
ပရိသတ် တစ်ဦး ကပြောသည်။

ဇန်န၀ါရီလ ၂၀ ရက်နေ့ လက်ထပ် မင်္ဂလာ ပွဲ ကို MRTV4 မှ
တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်မည်ဖြစ်ပြီး ကျန် မင်္ဂလာဆောင် မှတ်
တမ်း များ ကို လည်း ရိုက်ကူး ပြသမည် ဖြစ်ကြောင်း MRTV 4
မှ အမှုဆောင် အရာ ရှိ တစ်ဦး က Freedom News Group
သို့ ပြောသည်။အတည်မပြု နိုင် သော သတင်းများ အရ ထို
သရုပ်ဆောင် ဇနီးမောင် နှံ၏ မင်္ဂလာ ဆောင်အား မြန်မာ့
ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည် အား
ဖိတ်ကြားခြင်း မပြုရန်စာပေ စိစစ်ရေး မှ ဖိအား ပေးမှု များ ရှိ
သည် ဟု သိရပြီး မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး
သန်းရွှေ ၏ သမီးများ က ပြေတီဦး နှင့် အိန္ဒြာကျော်ဇင်တို့ 
၏ မင်္ဂလာ ဆောင် အား သ၀န်တို မနာ လို  မှု များ ဖြစ်
နေသည် ဟု သိရသည်။

ပြေတီဦး နှင့် အိန္ဒြာကျော်ဇင် သည် ၎င်း တို့ ၏ ကိုယ်ပိုင်ငွေများ ထ

About nyimalay

nyimalay has written 61 post in this Website..