မေမေ…
သိပ်ကိုကျေးဇူးတင်ပါတယ်…
ကျွန်တော့်ကို သတ္တိရှိရှိမွေးထုတ်
ရင်ကိုမြေကတုတ်လုပ်ပြီး
ဖ၀ါးနဲ့ ပခုံး
လက်နှစ်သစ် လက်နှစ်လုံးကစပြီး..
အရွယ်ရောက်ပြီး လူလားမြောက်တဲ့အထိ
ဂရုဏာတွေပေး အကြင်နာအေးအရိပ်နဲ့
ချွေးသိပ်ပေးခဲ့တဲ့ …. မေမေ….
နှိုင်းဆမရ မေမေ့ မေတ္တာက
လိုချင်မှုကင်း နှောင်ကြိုးရှင်းတယ်…
မေမေရယ်….
ကျွန်တော်ဟာ.
ဒီလောကပေါ်ခြေချနင်းတော့
ပတ်ဝန်းကျင်ကထိုးနှက် ကြင်နာသူကရက်စက်
မျက်ရည်တွေ ပိုးစိုးပက်စက်ကျခဲ့ရလည်း..
ညှာတာမှုဆိုတာ အလျှဉ်းမရခဲ့ပါဘူး..
မေမေသာ….
ကျွန်တော်ပြန်လာတိုင်း..ဆီးကြိုလို့
ညစာအတွက် မပျက်မကွက် ပြင်ပေးခဲ့တယ်
ယှဉ်စရာရှိလာကာမှ..
မေမေ့မေတ္တာ တန်ဖိုးကြီးမှန်း သိလာတယ်..
သားလေ… တကယ်ရှက်မိပါတယ်..
မေမေနဲ့အတူ..
၂၄ နာရီပြည့်အောင် မနေခဲ့မိတာ
တော်တော်ကြာနေပါပြီလား…
မေမေရယ်…….
မေမေကသာ သားအတွက်..
အများကြီး ပြင်ဆင်တည်ဆောက်ခဲ့တာပါ..
သားကတော့..
နှလုံးသား ဗိမာန်ကို… တာ့ခ်ျမဟာလို
ကြီးကျယ်ခမ်းနားအောင်…
တည်ဆောက်ချင်နေတာ..
အမေ့ကို အမောပြေဖို့..
ရေတစ်ခွက်တောင် ခပ်မတိုက်မိခဲ့ပါဘူး…
သြော်… မေမေရယ်….
ငါးဆယ်ကျော် ခြောက်ဆယ်နင်းလို့..
မေမေ့မျက်နှာမှာ..
အရေးအကြောင်းတွေ တွေ့နေရပြီနော်…
စိတ်ချပါမေမေရယ်..
သားလေ
ကေဒါရကျေးမင်းလို ကြွေးသစ်မချနိုင်ရင်နေပါ..
ကြွေးဟောင်းကိုတော့…
နို့တစ်ပေါက်ဖိုးလောက် ရအောင်ဆပ်ပါ့မယ်…

မျိုးမင်းဦး(၃၀.၁၂.၂၀၁၀)
Dedicated to My Lovely Mom Daw Aye Aye Thaung

About ohalaylay

eric myo has written 3 post in this Website..

I'm Announcer