• ယခင် Osasuna ၊Extremadura၊ဗလန်ဆီယာ၊ လီပါပူး နှင့် အင်တာမီလန် အသင်း နည်း ပြဟောင်း ရာဖေးဘင်နီတတ်စ် (Rafael Benítez) ၏ လျှို့ ဝှက် ထားသော ဘဝ မှန် မှာ ယခု တလော နာမယ် ကြီး နေသောWikiLeaks ၏ လက်ချက်ဖြင့် ပေါ်ပေါက် လာရ ပြီ ဖြစ်သည်။ ယင်း ကမ္ဘာကျော် နည်းပြကြီး မှာ ကမ္ဘာ့ အင်အား ကြီး ထိပ်သီးနိုင်ငံ ကြီး တခုမှ ဖွဲ့စည်း ထား သော အဖွဲ့ အစည်းကြီးတစ်ခုမှ သူလျှို တစ်ဦး ဖြစ်နေ ကြောင်း အံ့အား သင့်ဖွယ် သိရှိ လိုက်ရသည်။ အဖြစ် အပျက် အစုံ အလင် မှာ ထို အဖွဲ့အစည်း ကြီး သည် စစ်ရေး ၊စီးပွါးရေး၊နိုင်ငံရေး မှစ၍ အားကစား နယ်ပယ် များတွင် ပါ သူလျှို များကို မွေး မြူ ၍ မိမိ နိုင်ငံ ကောင်းစားရေး (အများထက်သာရေး) ကို အစင်တစိုက် လုပ်စောင် နေခဲ့သည်မှာ ဆယ်ဆု နစ် တော်တော် များများ ကြာခဲ့ ပြီ ဖြစ်သည်။
  • ယခု ဘောလုံးနည်းပြကြီး ရာဖေးဘင်နီတတ်စ် မှာ ယင်း အဖွဲ့အစည်း ကြီး မှ ငယ်စဉ် ကတည်း က လက်သက် မွေးမြု ထားသော လူတစ်ဦးဖြစ် သည်။( ရာဖေးဘင်နီတတ်စ် ကဲ့ သို့ အခြား သူလျှို အမြောက် အများ လဲ ရှိသေး သည် ဟုဆိုသည်)ရာဖေးဘင်နီတတ်စ် ၏ဘောလုံး ပါရမီ ကိုသိမြင် သော အဆိုပါ အဖွဲ့အစည်း ကြီး က ယင်း နည်းပြကြီး အား လူအား၊ငွေ အား ဖြင့် ထောက် ပံ့ကာ ဥရောပ ဘောလုံး လောက အတွင်းသို့ ဝင် ယောက် စေပြီး သူတို့စီမံ ထားသော အစည်အစဉ် များဖြင့် ဥရောပ ဘောလုံး အဆင့် နိမ့်ကြ ရန် စနစ်တကျ လုပ်ဆောင် ခဲ့သည်။
  • အစောပိုင်း တွင် ဗလန်ဆီယာ အသင်း ၌ သူ၏ နည်း ပြ အရည် အသွေး ကို ပြ ကာ ဗလန်ဆီယာ အသင်း ထက် မြင့်သော၊ဩဇာ လွှမ်းမိုး မှူ့ ကောင်းသော အသင်း တစ်သင်း သို့ ပြောင်းရွှေ့ ရန် အဆိုပါ အသင်း မှ ကစားသမား လုံလုံ လောက်လောက် ဝယ်မ ပေးဟု အကြောင်း ပြကာ ထွက် ခွါ ခဲ့ သည်။
  • ယင်းနောက် သူ့နည်းပြ အရည်အသွေး ကို အထင်ကြီးကာ အသင်းတော်တော် များများ ၏ကမ်း လှမ်း မှူ့ကိုရရှိခဲ့ သည်။ ထို နောက်၂၀၀၄ ခုနှစ်တွင် တော့ ဥရောပ ထိပ် တန်း ၊Premier League ကြီးလေးကြီး မှတစ်သင်း ဖြစ်သော လီပါပူး အသင်းသို့ ရောက် ရှိခဲ့သည်။ ယင်းအချိန် က လစ်ပါပူး အသင်း ပုရိတ်သတ် များ က ယင်းကဲ့သို့ ထိပ်တန်း အဆင့် နည်းပြ ကြီး ရောက် ရှိလာ ချင်း ကို ဝမ်းပန်းတသာ ကျိုဆို ခဲ့ ကြပြီး လစ်ပါပူး အသင်း အတွတ် မျှော်လင် ချက့် များထားရှိ ခဲ့ သည်။ (ထိုစဉ် ကလီပါပူး အသင်း ပုရိတ်သတ် များ မှာမိမိတို့ အမှားကြီး မှား ပြီမှန်း မသိရှိကြသေးပေ)
  • ပထမ ရာ သီ ၌ အသင်းကို Premier Leagueတွင် နံပတ်ငါး နေရာရ အောင် လုပ်စောင် နိုင်ခဲ့ ပြီး ၊ ချန်ပီ ယံလိဂ် တွင်တော့ အိုလံပီကို၊ လေဘာကူဆင်၊ ဂျူပင်တပ်စ် တို့ ကို ပွတ်ကာသိကာ ဖြတ်ကျော်ပြီး ဆီမီး ဖိုင်နယ် ပွဲ စဉ်တွင်လဲ မော်ရင်ဟို ချယ်ဆီး အသင်းကို ပွတ်ကာသိကာ ဖြင့်အနိုင် ယူ ကာ ဖိုင်နယ် ပွဲ စဉ် သို့ ရောက် ရှိခဲ့သည်။( ယင်းမှာ လီပါပူး အသင်းပုရိတ်သတ် များ အတွက် ကျေနပ်စ ရာဖြစ်သော်လဲ ရာဖေးဘင်နီတတ်စ် အတွက်တော့ သူ့၏အဖွဲ့အစည်းကြီး ၏ ငြိုညင်ခြင်း ခံ ရရန် အစပြု ချင်း ပင်)
  • အဆိုပါ ဂန်တဝင် ဖိုင်နယ် ပွဲ၌ ဘင်နီတတ်စ်  ကြိုတင်အကွပ်ချ မျှော်မှန်း ထား သကဲ့ သို့ AC Milan အသင်းကို ၃ဂိုး ပြတ် ဖြင့် ရှုံးနေ ခဲ့သော် လဲ၊ အသင်း မှ အလိုက်မ သိသော ကစားသမားများ ကြောင့် ၃-၃ သရေကြ ကာ၊ ပင်နယ်တီ အဆုံးအဖြတ် တွင် လဲ ဂျာဇီ ဒူးဒက်(Jerzy Dudek ) ၏ လက်စွမ်းပြ မှူ့ ဖြင့် ချန်ပီ ယံ ဆု ကြီး ကိုရရှိခဲ့ ကာ သူလျှိုနည်း ပြကြီး မှာ ၏ အဖွဲ့ အစည်း ကြီး ၏ အပြစ်ပေးခြင်း ကိုခံခဲ့ရ လေသည်။ (အဆိုပါ ပွဲတွင် နည်းပြ ကြီး ၏ လူနေရာချထားမှူ့များ၊ ပန်နယ်တီ ကန်စဉ် က အနိုင်ရသွားမြည် ကိုအစိုး ရိမ်လွန် ကာ ကွင်းနဘေး မြေကွတ်လတ် တွင်ထိုင် ၍ ဆုတောင်းနေ ပုံ တို့ကို တွေနိုင်သည်)
  • နောက်ရာသီ တွင် တော့အသင်း၏ ကစားသမား များကို ရရာ ဈေး ဖြင့် ရောင်းချ ခဲ့ပြီး လက်စွမ်းပြနေ သော ဂိုးသမား ဒူဒက်ကို ဂျောင်ထိုး ကာ သူ၏ ဂိုးသမား အစွမ်းအစ များကို ဖျက်စီး ခြင်းအားဖြင့် အဖွဲ့အစည်းမှ အဆူအဆဲ ခံရမှူ့ ကိုလက်စားချေခဲ့သည်။အဆိုပါရာသီ ၌လဲ FA Cup အပါအဝင် အောင်မြင်မှု အချို့ ရကာ ဘင်နီတက်ဇ် အားကံအကြောင်း မလှဖြစ်စေ ခဲ့ သည်။
  • ၂၀၀၆-၂၀၀၇ ရာသီတွင် တော့ အိမ် ကွင်း တွင် အာဆင်နယ် အသင်းအား ၆-၃ဂိုး ဖြင်ရာဇဝင်တွင်အောင် အရှုံး ပေးခဲ့ပြီး ယင်းနည်း ပြကြီး၏ သူလျှို စွမ်း ရည်ကိုပြသ ခဲ့ သည်။ အဆိုပါရာသီတွင် အသင်းပိုင်ရှင် ပြောင်း လဲမှု နှင့်အ တူChampions League final ပွဲစင် သို့ အခန့်မသင့် ပဲ ရောက် ရှိ ခဲ့သော်လဲ ယခု တခါတွင်တော့ သူလျှိုနည်းပြ ကြီး မှာ အမှားမခံတော့ ပဲ AC Milan အသင်းကို ၂-၁ဂိုး ဖြင့် ကျေကျေနပ်နပ် အရှုံးပေးခဲ့သည်။
  • နောက်ဆက်တွဲ ရာသီများတွင် တော့ အသင်းကြီးမှ ကစားသမားများ အား ဝယ်ယူစဉ် ကဈေးထက် ချကာ ရောင်းထုပ်ခြင်း၊ အစွမ်းအစ ရှိ သော ကစားသမား များအား ဂျောင်ထိုးကာ ဖျက်စီးခြင်း၊အသင်းရှိကစားသမား ကောင်း များကိုရောင်းချလိုက်ခြင်း (Xabi Alonso) ၊ အချို့ထိပ်တန်း ကစား သမားများ (တောရက်စ် Fernando Torres ကဲ့သို့) ကိုအသင်းသို့ခေါ်ယူ ခြေဖျက်ခြင်း များ လုပ်ဆောင်ကာ အသင်း အား မည်သူမှ ကယ်တင်၍ မရ အောင် အကွက်ကျကျ ဖျက်စီးပြီး ၂၀၁၀ ဂျွန်လ တွင် အသင်းမှ ထွက်ခွါခဲ့သည်။
  • ထို့နောက် ၂၀၁၀ ဂျွန်လ ၁၀ ရက်နေ့ တွင် ယင်းနည်းပြ ကြီး အား အထင်ကြီး ကာ ကမ္ဘာကျော် ကမ္ဘာထိပ် တန်း Inter Milan ကလပ် မှ ခေါ်ယူခါ နည်းပြအဖြစ် ခန့်အပ်ထားခဲ့သည်။ (Inter Milan ၏အကြီးမားဆုံး ကံဆိုးမှုပင်)
  • နည်းပြ ကြီး က ဤ တကြိမ် တွင်တော့ သူ ၏ ဘောလုံးလောက၊သူလျှို လောက အတွေ့ အကျုံများ ကိုပေါင်းဆပ် ပြီး ရာသီ အစမှာပင် လှလှပပ အရှုံးပေးပြီး အသင်း၏အရည်အသွေး ၊ကစားသမားများ၏အရည် အသွေးကို ထိထိရောက်ရောက် ကျဆင်း စေနိုင်ခဲ့ သည်။ (ယင်းအတွက်လဲ အဖွဲ့အစည်းကြီး မှ ထူးချွန်ဆု များ ပေးအပ် ခဲ့သည်ဟုသိရ သည်)
  • သို့သော် နည်းပြ ကြီး ၏ Inter Milan အသင်း ရာသီအကုန် တွင် တန်းဆင်း သွားရေးဟူသော ရည်မှန်းချက် မှာ အဆုံးအစွန် ထိအောင်မြင် ခြင်းမရှိခဲ့ပေ။ အကြောင်းမှာ သူ့အားအသင်း မှနေ၍ ဒီစင်ဘာလ လယ်လောက် တွင် ဖြုတ် လိုက်သောကြောင့် ဖြစ်သည်။ ယခု အခါ သူသည် သူ၏ အိမ် မှ မည်သည့် ထိပ်တန်း အသင်းတစ်သင်းမှ ကမ်းလှန်း လာမည်လဲ၊ ထိုအခါ ထိုအသင်းအားမည် သို့မည် ပုံ ဖျက်စီး ရမည် နည်း ဟု စဉ်းစား တွေးတော လျှပ်ရှိသည်။ 
  • အဆိုပါ အဖွဲ.အစည်းကြီး  ၏ ခြေလှမ်းများကို ဖီဖာ (FIFA) အဖွဲ.မှ  ခြေရာခံနေဆဲဖြစ်ကြောင်း နောက်ဆက် တွဲသတင်း များ အရ သိရသည်။

About ဘဘ

has written 12 post in this Website..