ရေသူမပဲကျန်ခဲ့တယ်…
စတားဘတ်ကော်ဖီဆိုင် ဒီနေ့လိုဂိုပြင်တာကြေငြာပါတယ်..။
အဲဒီအကြောင်းရေးမလို့ဟာ ..စာတင်ရခက်နေတာနဲ့..။
ထားပါတော့ ..တိုတိုပြောရရင် ..အနှစ်၄၀ ခရီးမှာ တံဆိပ်၎ခါပြောင်းပါတယ်၊ အပေါ်ကပုံက အဲဒီတံဆိပ်တွေကို ပြထားတာပါ။ ရှေ့ ဆုံးပုံက အခုပြောင်းတဲ့ပုံပေါ့။
ရေသူမပုံပဲ ကျန်တော့တာပါ။ စာတွေအကုန်ဖြုတ်လိုက်ပါပြီ။
စတားဘတ်ခွက်ကလေးမှ မနက်မှာမကိုင်ထားရရင် ခေတ်မမှီသလိုဖြစ်နေတဲ့သူတွေအတွက်သတင်းဦးလေးဖြစ်ကြောင်း..ပါ။
စတာဘတ်စ်ဆိုတာက ယူအက်စ်ရဲ့ ကော်ဖီဆိုင်ကုမ္ပဏီကြီးအမည်ဖြစ်ပါတယ်. ဇာတိမြေက မိုက်ခရိုဆော့နဲ့ တူတူပါပဲ။ ၀ါရှင်တန်ပြည်နယ်ကပါ။
ကော်ဖီ၊ လက်ဖက်ရည်တွေနဲ့ လူတိုင်းသောက်နိုင်တဲ့ဆိုင်လေးတွေ ကို တကမ္ဘာလုံးမှာဖွင့်နိုင်ခဲ့တာပါ။
ခေတ်မှီပြီး ကလပ်စစ်ဆန်တဲ့ စတားဘတ်ဆိုင်တွေက မနက်ခင်းကော်ဖီဝယ်ပြီးသောက်လို့ကောင်းသလို ညနေမိတ်ဆွေတွေနဲ့ ထိုင်ကောင်းပါတယ်။
မြန်မာပြည် ညနေခင်းလဘက်ရည်ဆိုင်တွေလိုပေါ့နော..။
ကော်ဖီတဗူးဝယ်ရင် .. တနေကုန်သောက်ရပါတယ်။ များလို့ဆိုတာထက် အရသာပျင်းလွန်းလို့ပါ။
ဂျဇ်သီချင်းနောက်ခံလေးနဲ့ ၊ နံရံမှာ ခေတ်စမ်းဆေးပန်းချီတွေနဲ့..။ အင်တာနက်ဖရီးနဲ့.. စတားဘတ်ဆိုင်ထဲက.. ထိုင်ခုံမြင့်လေးပေါ်ထိုင်နေတဲ့.. အပ်ပဲလ်လက်ပ်တော့လေးထိုင်လုပ်နေတဲ့ ရွှေရောင်ဆံပင်၊ မျက်လုံးပြာ ဘိုမချောချောလေးတွေကိုလည်း မြင်ကြည့်စမ်းပါ..။
အဲဒါစတားဘတ်ဆိုင်တဲ့..။
ရေသူမလို့တော့ မထင်လိုက်နဲ့နော..။ သူတို့မှာ .. ပြေးလို့ရတဲ့ခြေထောက်ပါတယ်..။
Starbucks Drops Coffee From Logo
Starbucks Corp. unveiled a new logo Wednesday as it prepared to celebrate its 40th anniversary and focus on becoming more of a consumer packaged-goods company.
During a webcast meeting with baristas, the Seattle-based coffee giant showed off a simpler logo that no longer includes the green circle that says “Starbucks coffee.” In addition, the mermaid inside that circle is now larger.
The updated logo reflects the company’s new emphasis on selling Starbucks-brand products in supermarkets and other channels beyond its retail stores.
“Even though we have been and always will be a coffee company and retailer, it’s possible we’ll have other products with our name on it and no coffee in it,” Chief Executive Howard Schultz said. He added that any noncoffee products Starbucks sells will adhere to the same standards the company applies to its coffee. “We’re not going to put our name on things that dilute the quality of Starbucks,” he said.
…
http://online.wsj.com/article/SB10001424052748704405704576063940765196656.html
ကော်ဖီကြိုက်ဖူး။ ကုလားတန်းက လဘက်ရည်ကမှတော်သေးတယ်။ တရုတ်ဆူပါမားကက်က တီးမစ်အထုပ်တွေကတော့ ဈေးလည်းပေါ၊ မြန်မာပြည်ကလဘက်ရည် အရသာနဲ့လည်းဆင်သေးတယ်။
Was this answer helpful?
LikeDislikeဒီ လို ဆို နောက် ၁၀ နှစ် ကျ ရင် ရေ သူ မ ဆံ ပင် တွေ ပါ မ ပါ တော. ၀ူး ထင် တယ် နော် ။ … ဟီး ဟီး ..
Was this answer helpful?
LikeDislikekai ရေ
ကော်ဖီသောက်ဖို့ ချိန်းလိုက်ကြရအောင်ဗျာ
Was this answer helpful?
LikeDislikeတကယ်တော့ … ကျုပ်ကလဖက်ရည်သမားပါဗျာ…။
တရက် ၈-၉ခွက်လောက်သောက်ခဲ့တာ..။
မြန်မာပြည်မှာနေတုံးကလည်း … ဒီစံချိန်ပဲ..။
ပေါ့ကျ မှသောက်ခဲ့တာ..။
အခုကော်ဖီလည်း .. စတားဘတ်ပြင်းလှပါတယ်ဆိုလည်း.. နို့မရော။ သကြားမထည့်ပဲသောက်တာပါ…။
ပြောရရင်.. စတားဘတ်မှာ ..လဖက်ရည်ရှိတယ်..။
သူတို့က .. လက်ဖက်ရည်အခါးရည်ထဲ.. ပျားရည်ထဲ့သောက်တာဗျို့ ..။
တော်တော်ဆေးဖက်ဝင်မယ်ထင်တယ်..။
မန္တလေးသားတွေ..လက်တည့်စမ်းကြည့်ပါလား..။
Was this answer helpful?
LikeDislikeဒီသတင်း ဖတ်မိမှဘဲ.. ဟိုနေ့က ဘန်ကောက်မှ တွေ့တုန်းက အမှုမဲ့ အမှတ်မဲ့ နေလိုက်တာ.. ဒီသတင်းဖတ်မိမှဘဲ.. ခေတ်နောက်ကျနေသလို ဖြစ်နေပြီ။
ကော်ဖီ ခါးခါး ကြိုက်ဘူး.. နို့ သကြားရောမှ ကြိုက်တယ်။ အဲဒီလို ဆိုင်က ကော်ကော် ၀ယ်မသောက်ဘူး ခါးလို့။
Was this answer helpful?
LikeDislike