ဝါသနာနဲ့ ဝမ်းရေး ဘာကိုရွေးပါမယ့် ဘယ်လိုရွေးပါ့မယ်(အပိုင်းတစ်)
တစ်ရက် အိမ်မှာအားနေတာနဲ့ ရူပ်ပွထနေတဲ့ စီဒီခွေတွေကို ပျင်းပျင်းနဲ့ ထိုင်ရှင်းနေပါတယ်။ တစ်ချို့ခွေတွေကတော့ သူ့အိတ်နဲ့သူ တစ်ချို့ခွေတွေကတော့ ဘာအမှတ်အသားမှမပါ နားထောင်ပြီးရင် ထားချင်သလိုထားခဲ့တော့ပွစာကြဲလို့နေပါတယ်။ အဲဒီထဲက တစ်ခွေအပေါ်မှာ “နောက်ဆုံးသီချင်း” လို့ မှင်အနီနဲ့ရေးထားတာကို တွေ့တော့ စက်ထဲ ထည့်လို့့် ဖွင့်ကြည့်လိုက်တဲ့အခါ၊ အလွန်မှရှားပါးတဲ့ အသံပိုင်ရှင်ထူးအိမ်သင်ဆိုထားတဲ့ “ဝါသနာထက်ကို ဝမ်းရေးခက်တော့ ဒီသီချင်းဟာ ငါ့ရဲ့နောက်ဆုံး သီချင်းဖြစ်ချင်ဖြစ်မယ် မပြောတတ်ဘူး…………… “ ဆိုတဲ့အသံလေးထွက်လာတော့ သိပ်နှစ်သက်ခဲ့တဲ့သီချင်းဖြစ်လို့ ဆက်နားထောင်မိပါတယ်။ ဆရာစိုင်းခမ်းလိတ်ရေးဖွဲ့ခဲ့ပြီး စစချင်းတော့ စိုင်းထီးဆိုင်သီဆိုထားခဲ့တဲ့ သီချင်းလေးဖြစ်ပါတယ်။ အနုပညာသမားတစ်ယောက်ရဲ့ ရှောင်လွှဲမရနိုင်တဲ့ ဝမ်းရေးအတွက် ကိုယ်ဖန်တီးချင်တာကို ဖန်တီးခွင့်မရရှာကြောင့် အနုပညာမာနကို ခဝါချလိုက်ရတဲ့ အခါ သူချစ်တဲ့ အနုပညာကို စွန့်လွှတ်တော့ မယ်လို့ ကြေငြာလိုက်တဲ့ သနားစရာ အနုပညာသည်တစ်ဦးရဲ့ ဘဝကိုချယ်မူန်းထားတဲ့ လွမ်းမောစရာသီချင်းကောင်းလေးပါ။ အနုပညာသည်တစ်ယောက်မှာရှိတဲ့ မာနလေးကို ပြလိုက်တဲ့သီချင်းလေးလည်းဖြစ်ပါတယ်။ ဒီသီချင်းလေးက အချိန်တန်လို့ ပြီးဆုံးသွားပေမယ့် ကျနော့် အတွေးတွေကတော့ မဆုံးနိုင်ဘဲ အမျှင်တန်းနေခဲ့ပါတယ်။ ကျနော်တို့ငယ်သူငယ်ချင်းတွေအသက်အရွယ်ရလာတဲ့ အခါမှာတော့ လူအစုံစုံ ဘဝအစုံစုံပါဘဲ။ အလုပ်အကိုင်ကလဲပေါင်းစုံဆိုပါတော့။ လူတိုင်းဘဝမှာ ငယ်အိမ်မက်လေးတွေတော့ ရှိကြစမြဲပါ။ ငာကယ်တော့ ငယ်အိမ်မက်ဆိုတာ ကလဲကိုယ်ဝါသနာပါရာကို အခြေခံပြီးဖြစ်လာတဲ့ စိတ်ကူးလေးပါဘဲ၊ တစ်ချို့ကတော့ အင်ဂျင်နီယာဖြစ်ချင်တယ် တစ်ချို့ကတော့ ဆရာဝန်၊ တစ်ချို့ကတော့ ကျောင်းဆရာ တစ်ချို့ကတော့ ကဗျာဆရာ၊ တစ်ချို့ကတော့အဆိုတော်၊တစ်ချို့ကတော့ ဈေးသည် တစ်ချို့ကတော့ စာရေးဆရာ၊တစ်ချို့ကတော့ ဝန်ထမ်း၊ တစ်ချို့ကတော့ အားကစားသမားတစ်ချို့ကတော့ဘာမှထွေထွေထူးထူးစဉ်းစားထားတာမရှိ။ တကယ်အသက်အရွယ်ရောက်လာလို့လူလောကထဲမှာ ကိုယ်တိုင်တကယ်ပါဝင်လှုပ်ယှားကြတဲ့အခါမှာတော့ ငယ်အိမ်မက်တို့ ဝါသနာပါတာတို့ စိတ်ကူးထားတာတွေကို ဘေးအသာဖယ်ထားလို့ ထမင်းနပ်မှန်အောင်စားနိုင်ဘို့အတွက်ရရာအလုပ်ကို ဝင်လုပ်လိုက်ကြရတာများပါတယ်။ တစ်ချို့သောကံကောင်းသူများကတော့ လည်း ဝါသနာနဲ့ဝမ်းရေးတစ်ထပ်ထည်းကျနိုင်ပေမယ့် အများအားဖြင့်ကတော့ ဖြစ်ချင်တာထက် ဖြစ်လာတာကို လက်ခံလိုက်ရတာများပါတယ်။ အထူးသဖြင့်တော့ ယုံကြည်ချက်ပြင်းထန်တယ် အများနဲု့မတူအောင်စဉ်းစားတတ်တယ်ဆိုတဲ့ အနုပညာရှင်တွေ (အထူးသဖြင့်ကဗျာဆရာ၊စာရေးဆရာတစ်ချို့)ကတော့ ဒီလိုက်ိစ္စနဲ့ပါတ်သက်ရင် အစွန်းရောက်တတ်ကိုတွေ့ရပြန်ပါတယ်။ တစ်ချို့ကတော့ ကဗျာထမင်းကဗျာဟင်းနဲ့ဘဲ ဘဝကိုဖြတ်သန်းနိုင်သယောင်ယောင် ၊အနုပညာဆိုတာနဲ့ဘဲ အားလုံး ပြည့်စုံလုံလောက်နေသယောင်ယောင် စိတ်အတွေးတွေနဲ့ဖြတ်သန်းနေကြသူတွေလဲရှိပါတယ်။ တနည်းပြောရရင် လွန်လွန်ကဲကဲ တင်စားဖွဲ့နွဲ့လို့ပြောတာပါ။ အထူးသဖြင့် လွန်ခဲ့သောနှစ်ပေါင်းများစွာ ခေတ်ရေစီးတစ်ခုလိုဖြစ်ခဲ့တယ် အခြေခံလူတန်းစားမှ ဘဝမှန်တယ် လို့ ယူဆတဲ့ခေတ်တစ်ခေတ်ရှိခဲ့ဘူးပါတယ်။ အဲဒီခေတ်တုံးကတော့ ကောင်းမွန်မွန်ဝတ်စားနေထိုင်ရင်ကို လူတန်းစားမမှန်ဘူးဆိုတဲ့ အသိအမှားတွေနဲ့ မဆင်းရဲတဲ့သူကလဲ ဘဝမှန်အောင်ဆိုပြီး ဆင်းရဲပြခဲ့ကြဘူးပါတယ်။ အထူးသဖြင့်ကဗျာဆရာစာရေးဆရာတွေက စာရေးနေတာကအလုပ်ဘဲ ငွေမရှာဘူး စီးပွားရေးမရှာဘူးဆိုပြီး ကြွေးကြော်လို့ ထမင်းစားဘို့ ငွေမရှာဘဲ တကယ်ကို နေခဲ့ကြဘူးပါတယ်။ အဲဒီခေတ်က လက်ဝဲစာရေးဆရာအမည်ခံသူတော်တော်များများက ဆင်းရဲချင်ယောင်ဆောင်တာလား တကယ်ဆင်းရဲတာလားမသိနိုင်အောင်ကို စုတ်စုတ်ပြတ်ပြတ်ပုံစံ ခုံဘိနပ်စီး မီးလောင်ပေါက်နေတဲ့အကျီ လုံချည်ဝတ် ဆေးပေါ့လိပ်လက်ကမချ အရက်ဆိုင်တကာရောက်လို့ လူတန်းစားမှန်အောင် နေပြခဲ့ကြပါတယ်။ ရီစရာလို့ဘဲပြောရမလား စိတ်လေစရာလို့ဘဲပြောရမလား အလကားနေရင်းပြဿနာမရှိပြဿနာရှာတယ်ပြောရမလား လူတန်းစားတိုက်ပွဲဘဲပြောရမလား ဘယ်လိုပြောရမှန်းမသိအောင်ကို ဖြစ်ခဲ့တာလေးကတော့ ကျနော်တို့ သူငယ်ချင်းတွေကြားမှာ စိတ်ဝမ်းကွဲစရာ တစ်ခုဖြစ်ခဲ့ဘူးပါတယ်။ ဒီ ကဗျာထမင်းကဗျာဟင်းနဲ့အသက်ရှင်မယ်အနုပညာကလွဲလို့ ဘာမှအရေးမကြီးဘူးလို့ လွန်လွန်ကဲကဲကြွေးကြော် ပြီး သူ့ကိုယ်သူ လူထုကဗျာဆရာလို့ ခံယူထားသူနဲ့ လက်တွေ့ ကျကျလုပ်ဆောင် စဉ်းစားတတ်တဲ့ သူငယ်ချင်းကြား စကားနိုင်လုပြီးအငြင်းပွားတာကနေပြီး ကျနော်တို့ သူငယ်ချင်းတွေကြားမှာပြဿနာတွေတက်လို့ အုပ်စုလိုက်ကြီးကို အတွေးအမြင်တွေကွဲ စိတ်ဝမ်းတွေကွဲ မခေါ်မပြောနိုင်ကို အကြာကြီးဖြစ်ခဲ့ကြဘူးပါတယ်။ ကျနော်တို့ သူငယ်ချင်းတွေထဲမှာ ကိုမျုးိဆိုတဲ့ စာပေကိုအရူးအမူးဖြစ်နေတဲ့သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ သူကိုပေးထားတဲ့ နာမယ်ပြောင်ကတော့ “မှန်ကြောင်”ပါတဲ့ အရက်မူးပြီး မှန်လာရင ်ကြောင်တောင်တောင်ဒဿနတွေပြော ကဗျာတွေရွတ်နဲ့ တွေ့သမျှလူကို အလွတ်မပေးတတ်သူလို့ နာမယ်ကြီးပါတယ်။ နေ့ညမရှောင်စာဖတ်လွန်းအားကြီးတော့ အသက်ငယ်ငယ်လေး ကတည်းက မျက်မှန်အထူကြီး တပ်ထားရတဲ့သူလဲဖြစ်ပါတယ်။ သူပေးထားတဲ့နာမယ်ပြောင်နဲ့ လိုက်လဲလိုက်အောင်ကို ကြောင်ပါတယ်။ သူနဲ့အပြိုင်ငြင်းသူကတော့ ဘဝမှာစိတ်ကူးယဉ်တာတွေအလကား လက်တွေ့ကျကျလုပ်နိုင်မှ လူပီသတယ်၊ အလုပ်လဲ အမြဲတမ်းလုပ်ရမယ်၊လူဆိုတာသူများကို အမြဲအားကိုးလို့မရဘူး ကိုယ့်ဝန်ကိုယ်ထမ်းတာအကောင်းဆုံး၊ သူကိုယ်တိုင်ကလဲ ကျောင်းသားဘဝတည်း က မိဘအလုပ်တွေကို ကူညီလုပ်ပေးတတ်ပြီး ကျောင်းသားဘဝလွန်မြောက်တော့လဲ မိဘလုပ်ငန်းကို ဦးစီးပြီး တက်တက်ကြွကြွလုပ်ပါတယ်။ သူအမြဲပြောတာကတော့ လူဆိုတာ ငွေကိုလဲ ရှာနိုင်ရမယ် ငွေရှိမှ သူများအခက်အခဲကို ကူညီနိုင်မယ်။ နောက် လူလူခြင်း အလကားနေရင်း ကယ်တင်ရှင်လုပ်ချင်လို့ မရဘူး သူ့ဘဝနဲ့ကိုယ် သူ့ဘဝနဲ့သူ ၊ နောက်တစ်ချက်က သူက ဘယ်သူ့ကိုမှ ဘာကို မှ အလကားမပေးချင်ဘူး။ တစ်ခုပေးတစ်ခုယူ စံနစ်ပဲ။ လူတော်တော်များများက လှူဒါန်းကြတယ်ဆိုတာ စေတနာမ မှန်ဘူး။သေရင်ကိုယ့်နောက်ပါလာမှာ ကုသိုလ်ဘဲရှိတာဆိုတဲ့ အယူအဆနဲ့ သူ့တို့ နောက်ဘဝအတွက် ဘဏ်မှာငွေစုသလိုကြိုစုတာ။ တကယ်ဆိုရင ်ကိုယ်ချင်းစာနာစိတ်နဲ့သာလှူဒါန်းမှ သာမှန်တယ်ဆိုပြီး ယုံကြည်ထားသလို လက်တွေ့လဲ လုပ်ဆောင်တတ်သူဖြစ်ပါတယ်။ သူတောင်းစားတို့ အလှူခံတို့ ကို ဘယ်တော့ မှ မထည့်ပါဘူး။ ဒါပေမယ်သူစိတ်ပါလာရင်တော့ သူလုပ်ချင်တဲ့ နေရာမှာ ဘာပကာသနမှ မပါဘဲ လှူဒါန်းလေ့ရှိပါတယ်။ သူမိဘကလဲ အတော်အသင့် စီးပွားရေးပြေလည်တဲ့ လုပ်ငန်းရှင်တစ်ယောက် သူကလဲဒီလိုပြောတော့ ဘိုဆန်ဆန်”ဘူဇွာ”(အရင်းရှင်)လို့နာမယ်ပြောင်ပေးထားကြပြန်ပါတယ်။ သူငယ်ချင်းတွေ ကျောင်းပြီိးကြတဲ့ အခါ ဝါသနာပါ ပါ မပါပါ ဝမ်းရေးအတွက် ဘဝအတွက် လုပ်ငန်းခွင်ကိုရောက်သူရောက် မိဘအလုပ်လုပ်သူလုပ်ကြပေမယ့် မှန်ကြောင်တစ်ယောက်ကတော့ လက်ဖက်ရည်ဆိုင် တွေ့ရင်လဲ ဆံပင်စုတ်ဖွား ဘေးမှာလွယ်ထားတဲ့ လွယ်အိတ်ကြီးထဲမှာ ရှုပ်ပွနေတဲ့ စာမူတွေက တစ်ထပ်ကြီး တစ်ယောက်ထဲ ထိုင်နေရင် လောက ကြီးအတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက် ချဘို့ဘဲအသဲအသန်စဥ်းစားနေတဲ့ပုံနဲ့ “ငူငူငိုင်ငိုင်”? သူ့ထက်ငယ်တဲ့ကလေးများနဲ့ ထိုင်ပြီဆိုရင်တော့ အခေါ်ရခက်တဲ့အနောက်နိုင်ငံက နာမယ်ကြီးဆရာဆရာမများရဲ့နာမယ်တွေ စာအုပ်တွေ ကိုးကားလို့ ဒဿနတွေကို အမြုတ်ထွက်မတတ် မရပ်မနားတစ်ယောက်ထည်းပြောပါလေရော။ ဟောသူ့လေးစားတယ်လို့ ပြောပြောနေတဲ့ ဆရာကြီးများနဲ့တွေ့လို့ကတော့ ဟိုလူတွေပြောသမျှကို တွေးတွေးဆဆနဲ့ ဘဲ နားထောင်နေသလို ခေါင်းလေးတဆတ်ဆတ်နဲ့ ငြိမ့်လို့ “ဒါပေါ့” “သိပ်မှန်တာပေါ့ “တို့ဆိုတဲ့စကားလုံးတွေနဲ့ တရားထောက်ပါတယ်။ သူအသက်30တန်းသာရောက်လာတယ် အိမ်ကအလုပ်လဲမလုပ် သူများအလုပ်ကိုလဲ မလုပ်စာရေးဆရာစာတွေရေးတာ သူ့အလုပ်ငွေရှာတာ သူအလုပ်မဟုတ်ဘူးပုံစံနဲ့ လက်ဖက်ရည်ဆိုင်မှာတစ်နေကုန်ထိုင်ညနေစောင်းရင် အရက်ဆို်င်ပြေး မူးလာရင် ကဗျာတွေရွတ်နဲ့ ထူးမခြားနားတဲ့ အခြေအနေနဲ့ ဘဝကိုဖြတ်သန်းလို့နေပါတယ်။ တစ်ရက်မှာ ကျနော်တို့ သူငယ်ချင်းတွေဆုံလေ့ရှိကြတဲ့လက်ဖက်ရည်ဆိုင်မှာသူငယ်ချင်းအတော်များများ ဆုံလို့ စကားပြောနေကြတုန်းမှာ မှန်ကြောင်လဲရောက်လာပါတယ်။ သူကရောက်ရောက်ခြင်း “ဆာလိုက်တာကွာ မနက်ကတည်းက ဘာမှမစားရသေးဘူး ထမင်းဆီဆမ်းတစ်ပွဲ ကြက်ဥကြော်တစ်လုံးနဲ့ ချိုခါးတစ်ခွက်ဟေ့ “လို့ စားပွဲထိုးလေးကို လှမ်းမှာလိုက်တဲ့အချိန်မှာ ဘူဇွာကနေပြီး ………………………………………………………………………………………
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး www.kopaukmdy.info
4 comments
မိုက်ကယ်ဂျော်နီအောင်ပု
January 6, 2011 at 2:16 am
မောင်တော် ဒါလင်ပေါက်
“ဘဝအမှားရောက်တော့ ……………….ဘဝမှောက်”(အပိုင်းတစ်)
အိုက်ဒါကြီးက တန်းလန်းကြီး……
နီလေး
January 6, 2011 at 3:41 am
မျော်
kopauk mandalay
January 6, 2011 at 10:42 am
မောင်တော်လဲ ပြင်ဆင်ရန်အသဲအသန်ကြိုးစားနေပါသည်။
သုံးရက်လောက်စောင့်တော်မူပါ
နှမတော် ပုရေ
bigbird
January 6, 2011 at 3:26 pm
ဆက်တငတ်ငတ်နဲ ့ ထားရစ်ခဲ ့ပြီးလား…ကိုပေါက်ရယ်။