တေးဆို   ဟင်္သာတထွန်းရင်

မြို့ ကြီးပြကြီးရောက်တာ သုံးနှစ်သုံးလီ ကြပြီအမေရယ်

ပညာအမွေ အမေကပေး တစ်နယ်တစ်ကျေးမှာသားပျော်ရတယ်

ရွာနဲ့ အနေဝေးပေမယ့် ဘဝရှေ့ ရေးတွေးလို့ သာတစ်ကယ်

အတတ်အသိပညာရှာရင်း အပေါင်းသင်းသူငယ်ချင်းများနဲ့  ကစားခုန်စား ပျော်ပါးကြတယ်

သားသဘောက အမှန်တစ်ကယ် အမေနဲ့ ရွာကိုမှန်းးးး တမ်းတမ်းတတကျွန်တော့်မှာဖြေရတယ်

ရွာအခြေ ဘယ်လိုပြောင်း မိခင်အိုနေထိုင်ကောင်းပါစကွယ် တွေးတယ် ဆွေးးတယ်

မြို့ မှာအနေကျွမ်းပေမယ့် ကျွန်တော့်စိတ်က ရေဝေးပန်းနှယ် အမေနဲ့ ရွာကို လွမ်းးးးတယ် (တီးလုံး)

ငယ်စဉ်က ဆရာတော်ကျောင်းမှာ ကကြီးအစအဆုံး စလုံးပေါင်းသဘောနားလည်

မိဘ ဆရာသမားများက သားလှကိုပညာပေးတယ် ဘဝရှေ့ ရေးတွေပါတဲ့ကွယ်

ကျွန်တော့်အရွယ်ငယ်ငယ်လေးမို့ ပြေးကာလွှားကာ ရွာမှာပျော်ခဲ့တယ်

သြော်….ခုဆိုမြို့ ကိုရောက်လို့ တက်ကသီလာ အောင်မြေနင်း သူငယ်ချင်းများနဲ့ အသိမြင်ကြွယ်

ခုံမင်စရာတွေ…. ပေါပေမယ့် ကျွန်တော့်ရင်မှာ နေထိပန်းနှယ် အမေနဲ့ ရွာကိုလွမ်းးးတယ်(တီးလုံး)

ယုံကြည်ချက်မြင့်မားးး ..အမေ့သားက ဘဝအကြောင်းနားလည် အတုယောင်လိုက်စား မိုက်မှားဘို့ မရည်ရွယ်

အချာအလှမဒီကညာတွေ အစီအရီပေါပေမယ့် သားသဘောက ကျောင်းစာကိုခင်တွယ် ကျေးဇူးရှင်အမေ့ထံသို့ ရယ်

ပညာစုံမှ ပြန်မယ်အမေရယ်(တီးလုံး)

ယုံကြည်ချက်မြင့်မားးး ..အမေ့သားက ဘဝအကြောင်းနားလည် အတုယောင်လိုက်စား မိုက်မှားဘို့ မရည်ရွယ်

အချာအလှမဒီကညာတွေ အစီအရီပေါပေမယ့် သားသဘောက ကျောင်းစာကိုခင်တွယ် ကျေးဇူးရှင်အမေ့ထံသို့ ရယ်

ပညာစုံမှ ပြန်မယ်အမေရယ်(တီးလုံး)

            ကျွန်တော့်ဘဝအရွယ် ငယ်ငယ်လေးဝယ် ပြေးကာလွှားကာ ရွာမှသူငယ်ချင်းများနဲ့  ကစားကြတဲ့အချိန်ကိုရောက်ရင် ငယ်မူမပျောက်လေဘဲ အမြဲလိုသာ  မှန်းးးစ.ရွယ်

အဖေရှိစဉ်အခါက သားကိုရှင်ပြုကြလို့  မျက်ရည်စို့ ကာ သာဓုခေါ်ခဲ့တယ် အဲ့ဒါတွေ တွေးမိပြန်ရင်

သြော်  မြို့ မှာအနေကျွမ်းပေမယ့် ကျွန်တော့်စိတ်က ရေဝေးပန်းနှယ် အမေနဲ့ ရွာကို လွမ်းးးးတယ် (တီးလုံး)

            ကျွန်တော့်ဘဝအရွယ် ငယ်ငယ်လေးဝယ် ပြေးကာလွှားကာ ရွာမှသူငယ်ချင်းများနဲ့  ကစားကြတဲ့အချိန်ကိုရောက်ရင် ငယ်မူမပျောက်လေဘဲ အမြဲလိုသာ  မှန်းးးစ.ရွယ်

အဖေရှိစဉ်အခါက သားကိုရှင်ပြုကြလို့  မျက်ရည်စို့ ကာ သာဓုခေါ်ခဲ့တယ် အဲ့ဒါတွေ တွေဒမိပြန်ရင်

သြော်….  မြို့ မှာအနေကျွမ်းပေမယ့် ကျွန်တော့်စိတ်က ရေဝေးပန်းနှယ် အမေနဲ့ ရွာကို လွမ်းးးးတယ်

 ပရိတ်သတ်၏ အားပေးထောက်ခံမှုများကို အပြည့်ဝ ရရှိပါလျှင်

တွံတေးသိန်းတန်၏ ပန်းနွယ်ကစိမ်း ကို တင်ဆက်ပါမည်

ဥပုသ်နေ့  အထူးအစီစဉ် အနေဖြင့် အောင်ခြင်းရှစ်ပါးသီချင်းကို ဆက်လက်တင်ဆက်ပါမည်

ကျေးဇူးအထူးတင်ရှိပါသည်။

About မိုက်ကယ်ဂျော်နီအောင်ပု

aungpu michaelaungpu has written 87 post in this Website..

friend