ကိုယ်ဝန် ၁၉ လ ရှိသော်လည်း ကလေးမမွေး

bigbirdJanuary 20, 20111min590

အသက် ၃၅ နှစ်ရှိပြီး ကလေးမရှိသေးသော အမျိုးသမီးတစ်ဦးသည် ကလေးရရန်အတွက် မိမိယုံကြည်ရသော နတ်တစ်ပါးထံတွင် သွားရောက်တောင်းဆိုခဲ့ရာမှစ၍ ကိုယ်ဝန်ရှိလာခဲ့ကြောင်း၊ ထိုကိုယ်ဝန်အား ဆရာဝန်နှင့် သွားရောက်အပ်နှံရာတွင် ဆရာဝန်ဖြစ်သူက အထဲတွင်ကလေးမရှိ ဟုဆိုရာ မိမိတို ့ဇနီးမောင်နှံမှာ မယုံကြောင်း၊ ကိုယ်ဝန်စလွယ်သည့် အချိန်မှစ၍ ဗိုက်ကြီးသည်များ ဖြစ်လေ့ဖြစ်ထ ရှိသောအရာများအားလုံး မိမိတွင်ဖြစ်ခဲ့ကြောင်း၊စီးပွားရေးလဲ တိုးတက်ကောင်းမွန်လာ ကြောင်း၊ ကိုယ်အလေးချိန်မှာ ယခင် 60 Kg ရှိရာမှ ယခု 89 Kilograms ထိရှိလာကြောင်း။ ၁၉ လရှိပြီးဖြစ်သော ထိုကိုယ်ဝန်အား ဆရာဝန်များမမွေးပေးပါက သူ ့အလိုလိုမွေးဖွားလာချိန်ထိ စောင့်စားသွားမှာဖြစ်ကြောင်း၊ ဆရာဝန်များ၏ ဆုံးဖြတ်ချက်မှာ ဗိုက်ထဲတွင် ကလေးမရှိကြောင်း၊ ရေ များသာတွေ ့ရှိကြောင်း ၊ ရောဂါတစ်ခုခုကြောင့် ထိုကဲ့သို ့ဖြစ်ရကြောင်း ယနေ ့ထိုင်းနိုင်ငံထုတ် Daily news သတင်းတွင် ဖော်ပြပါရှိပါသည်။