နေတတ်အောင် နေကြည်.ရအောင်လေ

ကျွန်တော်တို. လူတွေမှာ နေ.စဉ် စားဝတ်နေရေးအတွက် ပဲလုံးပန်းနေကြရပါတယ်။
သည်တော.လဲ တစ်နေ.တစ်နေ. ကိုယ်ထင်သလိုဖြစ်မလာတဲ.အခါတို.၊ လိုအပ်ချက်တွေသိပ်များလာတဲ.အခါတို.မှာ သိပ်ကိုစိတ်ပင်ပန်းရကြပါတယ်။
စိတ်ပင်ပန်းမှတော. လူလဲဘယ်လန်းတော.မလဲပေါ.နော်။
ဒီအခါမှာ ကိုယ်.ရဲ.ပင်ပန်းနွမ်းနယ်မူ.တွေကို ဖြေဖျောက်ဘို.နည်းလမ်းတွေ ရှာကြရတော.တာပေါ.။
ကျွန်တော်ကတော. ကြားဘူးတဲ. ဒီအဖြစ်အပျက်ကလေးထဲက ဖြေရှင်းနည်းကိုသိပ်သဘောကျပါတယ်။
ဒီအတွေးအခေါ်က လုံးဝပြည်.စုံတယ် မှန်ကန်တယ်လို.တော.မဆိုလိုပါဘူး။
ဟိုအရင်တုန်းကပေါ.ဗျာ။
ုဆိုရှယ်လစ်စနစ် အရမ်းကိုထွန်းကားတဲ. ရပ်ရှာပြည်မှာပါ။
ွှအဲသည်ခေတ်တုန်းးက လူတိုင်းဟာအထက်က
ပါတီဗဟိုကော်မီတီဗျူရိုက သတ်မှတ်ပေးတဲ. ခွဲတမ်းစနစ်နဲ. ဘဲ အသက်ရှင်ကြရပါတယ်။
လူတိုင်းလူတိုင်းဟာ နိုင်ငံတော်အတွက် အလုပ် လုပ် နိုင်ငံတော်က နေစရာ စားစရာတွေကို ဖန်တီးပေးတာပေါ.ဗျာ။
အဆင်မပြေရင်တော.တင်ပြပေါ.။
မော်စကို နဲ.မနီးမဝေးမှာ ရှိတဲ. ဘုုုုုုံလယ်ယာ မြေစခန်းမှာ အီဗန်ဆိုတဲ. လူတစ်ယောက်ရှိပါတယ်။
ူသူကလုပ်ငန်းခွင်အပြီး မှာ အပေါင်းအသင်းတွေနဲ.ဆုံရင် သူ.အခက်အခဲတွေကို နေ.စဉ်နဲ.အမျှခိုညည်းသလိုညည်းပါတယ်။
ကြာတော.နားပူတာမခံနိုင်ကြတော. အထက်ဗျုရိုကိုတင်ပြဘို.ဝိုင်းပြောကြတာပေါ.။
ဒါနဲ.ဘဲ အီဗန်က သည်လိုတင်ပြပါတယ်။
“လွန်ခဲ.တဲ. (5)နှစ်အိမ်ထောင်စပြုခါစက အဆင်ပြေပါတယ်။
ဘုံလယ်ယာမြေက ချထားပေးတာနဲ. နေလောက်စားလောက်ပါတယ်
အခု ကလေးကလဲ(5)ယောက်တိုးပွားလာပါတယ်။
နောက်ပြီးတော. မိန်းမဘက်က အမေရယ် ညီမတစ်ယောက်ရယ် ကျွန်တော်.ဘက်က အဖေရယ် ညီတစ်ယောက်ညီမတစ်ယောက်ရယ်ဆိုတော. အားလုံးပေါင်းလူတစ်ဒါဇင်ဟာအခန်းကျဉ်းကျဉ်းလေးထဲမှာ
ပြွတ်သိပ်ပြီးနေရတော. အဆင်မပြေပါဘူး ဒါကြောင်. အခန်းကျယ်ကျယ်လေး ပေးဘို.တင်ပြပါတယ် “လို.လူကြီးတွေကိုတင်ပြပါတယ်။
ဒါနဲ.ဘဲလူကြီးတွေက သည်အပါတ် အစည်းအဝေးမှာ သူ.ကိစ္စကို အထူးကိစ္စတရပ်အနေနဲ. စဉ်းစားပေးပြီး အမြန်ဆုံး ဖြေရှင်းပေးမယ်လို. ပြောလိုက်ပါတယ်။
ဒါနဲ.ဘဲ အီဗန်လဲ ကျေနပ်ပြီးလဲပြန်လာတာပေါ.။
ခါတိုင်းလို လဲ မညည်းတော.ဘဲ အလုပ်ကိုလည်းတက်တက်ကြွကြွလုပ်ပါသတဲ.။
မျှော်လင်.ချက်ကလေး ရှိလာတာကိုး။
ဒါနဲ.ပဲသူတင်ပြ ပြီးလို. (13)ရက်မြောက်တဲ.နေ. သူအလုပ်ကပြန်လာချိန် အိမ်မှာ ဧည်.သည်တွေရောက်နေပါတယ်။
သူတို.က အထက်ဗျူရိုက လွတ်လိုက်တဲ. လူတွေပါတယ်။
အီဗန်တင်ပြထားတဲ. ကိစ္စကိုဆောင်ရွက်ပေးဘို.တာဝန်ပေးအပ်ခံရတဲ.သူတွေပါလို.ပြောပြီး အိမ်ထဲကို သူတို.ယူလာတဲ.
ကြက်မိသားစု (6)ကောင်ရယ် ဆိတ်(2)ကောင်ရယ် ကိုထားသွားပါတယ်။
အီဗန်ခမျာမှာ အထက်က ချပေးတဲ. အမိန်.ဆိုတော. ငြင်းလို.မရပါဘူး။
သူလဲ အိမ်မှာတောင်မနေချင်လောက်အောင်တော်တောာ် ကြီးကိုစိတ်ညစ်သွားပါသတဲ.။
ညည အိပ်မယ်ကြံရင် ဆိတ်က” တဘဲဘဲ”အော် မနက်အိပ်ကောင်းပြီဆို ကြက်မိသားစုက “ကတော်ကတော်”နဲ.ဆူ
ဆိုတော. သူ.မှာ ရူးချင်စိတ်တောင်ပေါက်လာပါသတဲ.။
ဒါနဲ.နောက်တပါတ်အားလပ်ရက်မှာ အထက်ကိုသွားလို.တင်ပြတဲ.အခါ “နောက်တော.အဆင်ပြေသွားမှာပါ “လို.ဘဲနှစ်သိမ်.ပြီး ပြန်လွှတ်လိုက်ပါသတဲ.။
သူလဲဘာမှမတတ်နိုင်တော. ဒီအတိုင်းဘဲ
နောက်တစ်လလောက်အကြာမှာ ကြက်တွေနဲ.ဆိတ်တွေထားသွားတဲ.သူတွေ ထပ်ရောက်လာပြီးသူတို.ထားခဲ.တာတွေကို ပြန်ယူသွားကြသတဲ.။
အဲဒီနေ.က စလို.အီဗန်မှာအိမ်ကလဲ ပိုကျယ်လာသလိုတောင်ထင်လာသလို အခုမှလွတ်လွတ်လပ်ရှိပြီး စိတ်လဲအတော်ချမ်းသာသွားပြီး ပျော်ပျော်ရွှင်ရွှင် ဖြစ်လာပါသတဲ.။

ကဲ ကျွန်တော်.တို.ဘဝတွေမှာလဲ သိပ်မွန်းကျပ်လာရင် သိပ်ခက်ခဲတယ်လို.ထင်လာရင်
သည်.ထက်ပို ခက်ခဲသောကိစ္စတွေရှိနေသေးတယ်၊
ကိုယ်ဒုက္ခရောက်နေတယ်ထင်ရင်
ကိုယ်.ထက်ပိုဆိုးတဲ.သူတွေ ပိုဒုက္ခရောက်နေတဲ.သူတွေ ရှိနေသေးတယ်ဆိုတာကိုသာလက်ခံနိုင်မယ်ဆိုရင်
စိတ်တင်းကျပ်တာတွေ ညစ်နေတာတွေ အတော်အတန်ပြေပျောက်သွားမယ်လို.ထင်ပါတယ်ဗျာ။
ကဲ ဒီနေ. ကပဲစကြည်.လိုက်ရအောင်နော်။

3 comments

  • Sayar

    April 21, 2010 at 11:26 pm

    ဒါက ဒေးကာနယ်ဂျီနည်းဘဲ။ လက်၁ဖက်ပြတ်တဲ့သူက ခြေ၂ဖက်ပြတ်တဲ့သူကြည့်ပြီး စိတ်ဖြေနည်းပေါ့
    ကောင်းတယ်။ မန်းဒလေးသားကိုပေါက်က ကောင်းတာလေးတွေရေးတတ်တယ်

  • susunosuki

    April 22, 2010 at 8:01 am

    ကိုယ့်ထက်ဆိုးတဲ့ဘဝတွေကို ကြည့်
    စိတ်ဖြေသာလာလိမ့်မယ်
    ကျွန်တော်လည်းအလုပ်မှာ အဆင်မချောဘူးပင်ပန်းတယ်ထင်တာ
    အိမ်မှာ တစ်ရက်နေပြီး အိမ်အလုပ်လုပ်လိုက်ရတာနဲ့
    ရုံးအလုပ်ကိုပဲ ပျော်ပျော်ရွှင်ရွှင်လုပ်နိုင်သွားတယ်

  • thethtet87

    September 28, 2010 at 7:52 am

    ကောင်းတယ်ဗျာ။ကျွန်တော်ခင်ရတဲ့သူငယ်ချင်းတစ်
    ယောက်ကအဲလိုစိတ်လေးထားဖို့မပြောလိုက်ရတာ
    ကျွန်တော်စိတ်မကောင်းလိုက်ဘူး။အရမ်းစိတ်ဓါတ်ကျ
    နေတဲ့ကျွန်တော်သူငယ်ချင်းကိုအားပေးဖို့အတွက်ပြ
    လိုက်အုန်းမယ်။ဒီစာလေးကို။ကျွန်တော်တို့ရဲ့နေ့စဉ်
    ဘဝတွေမှာဝန်ထုပ်တွေတသီကြီးနဲ့ဆိုတော့ဒါလေးကို
    စဉ်းစားဖို့သတိမေ့နေတယ်။သတိပေးတာကျေးဇူးတင်
    ပါတယ်။ကိုပေါက်-အကိုပေးတဲ့အတွေးတွေကျွန်တော်
    မှာတော်တော်များနေပြီ။ကျေးဇူးတင်ပါတယ်။

Leave a Reply