မိတ်ဆွေအတော်များများသိထားကြပြီးမည်ဖြစ်ပါသည်၊၊ ဇတ်လိုက်ကြီး၏နာမည်မှာ
ကပ်ဖား (ခေါ်) လူလိမ် (ခေါ်) လူယုတ်မာ (ခေါ်) ထွန်းသန့်ကျော် (ခေါ်)ကျော်ကျော် ဖြစ်ပါသည်ရှင့်၊
ယ္ခု ကျော်ကျော်၏ဒုက္ခပေးမှုကြောင့်သံတွဲမြို့သူမြို့သား ၃၀၀၀၀(သုံးသောင်း) ခန့်
ကြီးစွာသောစိတ်ဆင်းရဲမှုများစွာခံစားနေကြရပါသည်ရှင့်၊ ယ္ခုအသစ်ရောက်ရှိပြီးဖြစ်
သော ခရိုင်လ.ဝ.က မှုးဦးကိုကိုမောင်သည် ၎င်းကျော်ကျော်နှင့်မိတ်ဆွေဖွဲ့၍ ခရီး
သွားလာခွင့်(ဗီစာ) အတွက်လာဘ်ငွေ များစွာတောင်းခံယူကာ လူအများဒုက္ခရောက်
အောင်ပြုလုပ်လျှက်ရှိနေပါသည်ရှင့်၊ ယ္ခင်၁၅၀၀၀/၂၀၀၀၀ ပေးပြီးသွားလာနေကြသူ
များအားသွားလာခွင့်ပိတ်ပင်၍ ၄၀၀၀၀/၅၀၀၀၀ ကျပ် ပေးမှသာဗီစာ ထုတ်ပေးနေ
ပါသဖြင့်လယ်ယာလုပ်ငန်းများလုပ်ကိုင်နေကြရပါသော ဆင်းရဲသားပြည်သူအချို့မှာ
နာမကျန်းဖြစ်ပါက ငွေမတတ်နိုင်ပါသောကြောင့် အသက်ပင်အသေခံရမည့်အခြေနေ
ဆိုးများဖြစ်ပေါ်နေပါသည်ရှင့်၊ ၎င်းကျော်ကျော်ဆိုသူကလည်း ယ္ခုရဲချုပ်ကြီးအသစ်မှာ ရင်းနှီးခင်မင်သောမိတ်
ဆွေဖြစ်ကြောင်း သံတွဲမြို့အာဏာပိုင်များမှာလည်းသူပြောသလိုဖြစ်ကြောင်း၊ လက်ရှိ
ပါတီတွင်လည်း ခေါင်းဆောင်ဖြစ်မည်သေချာကြောင်း၊ စစ်တွေမှပါတီလူကြီးများကို
လာဘ်ငွေများစွာလာဘ်ထိုးခဲ့ကြောင်း၊ လက်ရှိ မ.ထ.သ ဥက္ကဋ္ဌရာထူးကိုလည်းဆက်
လက်ရယူမည်ဖြစ်ကြောင်း ကြွားဝါ၍ လ.ဝ.က မှုး ကို ကပ်ဖားလုပ်ပြီး ရရှိလာသော
တန်စိုးလာဘ်ငွေများကိုခွဲဝေယူလျှက်ရှိနေပါသည်ရှင့်၊ ယ္ခင်ကတိုင်ကြားခဲ့သော်လည်း အထက်မှအရေးယူစစ်ဆေးခြင်းမပြုလုပ်သေးသဖြင့်
နားမလည်နိုင်ဖြစ်ရပါသည်ရှင့်၊ လ.ဝ.က မှုးဦးကိုကိုမောင်ကလည်း ကျော်ကျော် ၏
အားကိုးဖြင့် ဗီစာ မပေးသည့်ပြင် မင်းတို့ကို ဖမ်းချုပ်ထောင်ချ၍ရကြောင်း ခြိမ်းခြောက်
ပြောဆိုလျှက်ရှိနေပါသည်ရှင့်၊ မြို့မှာအာဏာပိုင်များမှာလည်းကျော်ကျော်အားကြောက်
ရွံ့နေကြပါသဖြင့် စစ်ဆေးရန်တုတ်တုတ်မျှမလှုပ်ရဲကြောင်းသိရပါသည်ရှင့်၊
မရှက်မကြောက်ဝန်ခံရသော် ကျွန်မသည်လည်း ၎င်းလူယုတ်မာ ၏ သွေးဆောင်ဖျက်ဆီးခြင်းခံရသော မိန်းကလေးများထဲမှတစ်ယောက်ဖြစ်ပါသည်ရှင့်၊
online မိတ်ဆွေများ သက်ဆိုင်ရာသတင်းဋ္ဌာနများသို့ ဆက်လက်ဖြန့်ဝေ ပေးကြ
ပါရန် အသနားခံအကူအညီတောင်းခံအပ်ပါတယ်ရှင့် ။

About ဂဂျီဂဂျောင် ပျိုတို့မောင်

has written 2 post in this Website..