ချက်တင်ချစ်သူ

နေ.စဉ်ရက်ဆက်
တစ်ရက်မှမပျက်အောင်
အချိန်ခြင်းချိန်းလို.ချက်မယ်။

သိလားဆိုတော.လည်း သေချာမသိ
မသိဘူးလားဆိုတော.လည်း
ပြောထားသလောက်တော.သိမယ်။

စိတ်ထဲရှိသလို နာမယ်ပေးလို.
စိတ်ထဲရှိသလိုလည်းခေါ်မယ်။
စိတ်ထဲရှိတာကိုလည်းအားမနာဘဲပြောမယ်။

အက္ခရာလေးများနဲ.ချစ်မယ်
အက္ခရာလေးများနဲ.စိတ်ကောက်မယ်
အက္ခရာလေးများန.ဲချော.မယ်
အက္ခရာလေးများနဲ.ချွဲမယ်
အက္ခရာလေးများနဲ.သဲမယ်
အက္ခရာလေးများနဲ.ဘဲကဲမယ်
ဒါပေမဲ.လည်း ဆို်င်းအောက်လုပ်ပြီးတာနဲ.
မေ.ထားလိုက်ပါတယ်။

10 comments

  • zoxnet

    April 24, 2010 at 12:03 pm

    အစ်ကို ကဗျာလေးက လည်း တကယ့် အမှန်တရားလေးပါပဲ။ ဟစ်ဟော့ပ် သမားတွေ တွေ့သွားရင်တော့ သီချင်းလုပ်ဆို လို်က်လိမ့်မယ်။ အစ်ကို ပြောသလိုပဲ မိတ်ဆွေကောင်း တွေနဲ့ တွေ့ဖို့က အဲဒီလောက မှာ တော်တော် ခက်ခဲပါတယ်။

  • Rain girl

    April 26, 2010 at 6:42 am

    အမှန်တရားတွေကို ရေးပြသွားတာပါ့လား။ တော်လိုက်တာ။ အဲ့ချက်တင်က ဟာတွေကို စိတ်ကူးယဉ်နေတဲ့သူတွေတော့ သနားပါတယ်နော်။ လေးစားပါတယ် ကိုပေါက်။

  • kyawgyi

    May 11, 2010 at 5:42 am

    အော်အော် ချက်တင် ထဲကနေကော သားသားမီမီးလေးတွေ မွေးလို.မရဘူးလား ………….၊

  • we are myanmar

    May 11, 2010 at 6:12 am

    သားသားမီမီးလေးတွေ မွေးလို.ရမရတော့ မသိပေမယ့် တွေ့သမျှလူကို အားမနာတမ်း မကြူဘူးဆိုတဲ့ စိတ်ကိုတော့ မွေးလို့ရပါတယ်။ 🙂

  • etone

    July 13, 2010 at 9:00 am

    ချက်တင်ရူးတွေရှိတယ် ကောင်းတယ် ဒီလိုကဗျာလေးရေးပြီး အသိရအောင်ပြောလိုက်တာ … ။

  • SAR

    August 11, 2010 at 4:41 pm

    အက္ခရာလေးများနဲ လောက် ပဲ လား အကို ရယ်…….

  • Juemyit

    August 11, 2010 at 5:49 pm

    အမှန်တရားတွေကို ဒီကဗျာလေးနဲ.လမ်းပြပေးတာ တကယ်ကောင်းပါတယ်…..

  • Good Idea

    August 13, 2010 at 2:15 pm

    အရမ်းအရမ်းကောင်းတယ်ဗျာ….အမှန်တရားတွေကိုအဲလိုမြင်အောင်ပြောပြတာ….ကျေးဇူးဗျာ…

  • HayMonChan

    October 12, 2010 at 5:14 pm

    တူတို ့တွေ ပြောသွားတဲ ့အတိုင်းပါဘဲ..ဟိဟိ

  • alinsett (gazette)

    April 1, 2014 at 5:02 pm

    ကဗျာ အဆုံးသတ်မှာ ပေးသွားတဲ့ အယူအဆလေးက
    good တယ်ဗျို့။

Leave a Reply