အဏုမြူဗုံးတလုံးမှာ စွမ်းရည် ၃မျိုးပါဝင်ပါတယ်…

၁  လေပြင်းရိုက်ခတ်တုန်လှုပ်မှု ၅၀ ရာခိုင်နှုန်း

ရေမြေလေထု တုန်ဟည်းရိုက်ခတ်ကာ အဆောက်အအုံများ လွင့်စဉ်ခြင်း၊ ဒဏ်ပိခြင်းဖြင့် အတုံးအရုံးသေနိုင်ပါတယ်.. ၂၅ မီဂါတန် ဗုံးတလုံးသည် ဟီရိုရှီးမားမှာ ချခဲ့သော ဗုံးထက် ၁၂၅၀ အင်အားကြီးမားပြီး မိုင် ၂၅၀ အတွင်း ၈၀ ရာခိုင်နှုန်း စိစိညက်ညက် ဖြစ်သွားစေနိုင်ပါတယ်…

၂  အပူဟပ်ခြင်း ၃၅ ရာခိုင်နှုန်း

ထိုဧရိယာတခုလုံးမှာ မီးလုံးကြီးများ တပြင်လုံး ဖုံးအုပ်တက်ကာ လောင်ကျွမ်းစေပါတယ်.. အဏုမြူမှုန်များ ရေမြေလေတို့မှာ ပျံ့နှံ့ကြေကွဲ လွင့်စဉ်ကာ စူးစိုက်သွားပါတယ်.. နှစ်ပေါင်းများစွာ အဆိပ်သင့်စေပါတယ်.. စားသောအစာ၊ သောက်သောရေ၊ ရှူသောလေတို့မှာ အဆိပ်ချည်းသာ ဖြစ်ကုန်တော့ပါတယ်…

၃  ရောင်ခြည်ဟပ်ခြင်း ၁၅ ရာခိုင်နှုန်း

မီးလုံးကြီးများနှင့်အတူ အဏုမြူရောင်ခြည်များ အရှိန်ပြင်းစွာ တွန်းကန်ရိုက်ခတ်ပါတယ်.. မျက်စိဖြင့် မမြင်ရ.. ခန်ဓာကိုယ်တွင် ဖြတ်ကာ သွားသော်လည်း လူ့ပင်ကိုအသိဖြင့် မသိနိုင်ချေ.. ရောင်ခြည်ထိသမျှ အရာတိုင်းမှာ အဆိပ်ဝင်ကာ ထိုအရာများကို ကိုင်တွယ်မိသူတိုင်းကား ကင်ဆာကဲ့သို့သော အနာရောဂါအမျိုးမျိုးကို ဖြစ်စေတတ်ပါတယ်.. နာမည်မတပ်နိုင်သော ရောဂါအမျိုးမျိုးကို တဖြည်းဖြည်း ခံစားရာမှ အသက်သေကြရပါတယ်…

ဗဟုသုတအနေနဲ့ပါ… :P

About lu ta lone

lu ta lone has written 261 post in this Website..