ဘယ်သူက ပြုပြင်သင့်သလဲ

nigimi77March 6, 20111min1707

ဒီခေါင်းစဉ်ဟာ ကျုပ် အတွက် ဒီရွာထဲမှာ အန္တရာယ် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 
ဒါပေမဲ့လည်း ယုံကြည်ပါတယ်။ အားလုံး ကိုယ့်ဟာကို သိကြမှာပါ။
 
အများစု အော်ဟစ်နေတာတွေကို အစဉ်လိုက် ချကြည့်ရအောင်။
 
(၁)    ဆောက်သုံး မကျတဲ့ အစိုးရ
(၂)    သခိုး အစိုးရ
(၃)    အာဏာရှင် အစိုးရ
(၄)    ဦးဏှောက် မကောင်းတဲ့ အစိုးရ
(၅)   ဘုရင်ရူး အစိုးရ
(၆)   ပြည်သူတွေ အပေါ် မေတ္တာ မထားတဲ့ အစိုးရ
(၇)   ပြည်သူတွေ အပေါ် မုဒိတာ မပွားနိုင်တဲ့ အစိုးရ
(၈)   ပြည်သူတွေ အပေါ် စေတနာ မထားတဲ့ အစိုးရ
(၉)   ငါ့ဘို ့ အစိုးရ
(၁၀) လက်တစ်ဆုတ် အစိုးရ
 
စသည်ဖြင့် ငယ်သံပါအောင် အော်ဟစ်နေကြပေမဲ့ လည်း ဘယ်လို ပြောင်းလဲမှုမျိုးမှ မရှိပဲ အော်ပြီးရင်း အော်နေကြရတယ်။
 
ဘာကြောင့်လဲ ???
 
ပြည်သူတွေ ဆိုတဲ့ အုပ်ချုပ်ခံ လူတန်းစားတွေဟာ မကျေနပ်ချက်ကို အော်ဟစ်နေတာနဲ ့ အချိန်ကုန်ပြီး  အဲဒီ အချိန်မှာ လစ်ဟာသွားတဲ့ အရာတွေကို သတိမပြု
ကြမိတော့လို ့ပါ။ အဲဒီ အကျိုးဆက်က နောက်မျိုးဆက် အတွက် အမွေဆိုး အနေနဲ ့ဖြစ်ကျန်စေပါတယ်။
 
ကိုယ်တွေက ကိုယ်လုပ်ရမဲ့ အလုပ်ကို လုပ်လား မလုပ်လားတော့ မသိပါဘူး  သူတို ့ကတော့ သူတို ့လုပ်ရမဲ ့အလုပ်ကို စည်းစနစ်ကျကျ တောက်လျှောက် လုပ်ဆောင်
နေကြပါတယ်။
 
အခု မြန်မာနိုင်ငံသားတွေ အသိဉာဏ်ပိုင်း၊ အတွေးအခေါ်ပိုင်း၊ လေ့လာမှုပိုင်း၊ ခွဲခြားသုံးသပ်နိုင်မှု စွမ်းရည်၊ ယုတ္တိ  ယုတ္တာ လက်တွေ ့ကျမကျ ခွဲခြားနိုင်မှု၊
ဘာသာရေး (Religious)နဲ ့ လူမှုရေး (Society)  ကို  အကန် ့မခွဲနိုင်မှု၊ ရေရှည် အကျိုးဖြစ်တည်နိုင်ခြင်း ရလာဒ်အား မသိမြင်မှု၊ နိုင်ငံသား ကျင့်ဝတ်နှင့်
ပြည်သူ ့နီတိအား လုံးဝ သိရှိနားလည်ခြင်း မရှိမှု တို ့ကြောင့် တကိုယ်ကောင်းဆန်စွာ ကျောက်ခေတ်လူမှုပုံစံ သို ့ တဖြည်းဖြည်း အသွင်ပြောင်းမှု၊…….
 
အစရှိသော မဆုံးနိုင်သည့် လူနေမှု စနစ်အတွင်း ဝင်ရောက် အမြစ်တွယ် လျက် ရှိနေပြီဖြစ်သည်။ ငြင်းချက် အနေဖြင့် ခင်ဗျားထင်သလို မဟုတ်ပါ၊
အစစအရာရာ ပြောင်းလဲတိုးတက်နေပါပြီဆိုသော အကြောင်းပြချက်သည် အပေါ်တွင် ဝတ်စုံ အပြည့်နှင့် အောက်တွင် ဖင်ပြောင်ကြီးအား ဘွတ်ဖိနပ်
စီးပြီး လူကြားထဲထွက်လာသော ဇာတ်ရုပ် အဖြစ် မြင်ပါသည်။
 
ကြိုက် သလိုဆဲ နိုင်ပါတယ်။ ကြိုက်သလို ဝေဖန်နိုင်ပါတယ်။ ကျုပ် အမြင် စည်းဘောင်ကနားတွေကန် ့သတ်နေတဲ့ အစိုးရကြောင့် ဘာမှ လုပ်လို ့မရဘူးလို ့
အော်နေတာထက်  တကယ် လုပ်ခွင့်ပေးရင် လုပ်နိုင်တဲ့ အရည်အချင်းရှိနေပြီလား အဆင်သင့်ဖြစ်နေပြီလား ဆိုတာပါ။
 
သူတို ့က သူတို ့လမ်းကို ဆက်လျှောက်နေချိန်မှာ ကျုပ်တို ့တွေက ကျုပ်တို ့မှာ ဘာတွေလိုအပ်နေသလဲ ဘာတွေပြုပြင်ပြောင်းလဲ အခြေတည်ဖို ့လိုအပ်နေသလဲ
ဆိုတဲ့  ကိုယ့် အလုပ်ကို ကိုယ်လုပ်ရင် အပြောင်းအလဲဆိုတာ မဝေးပါ။ 
 
အားရပါးရ ဝေဖန် ရေးသားကြပါ။  ရေးသားကြတဲ့ အမြင်တွေကို ကြည့်ခြင့် အားဖြင့် ကျုပ်တို ့နိုင်ငံရဲ  ့အနာဂါတ်ကို တွေးကြည့် နိုင်ပါတယ်။
 
သဂျီးက ရွာတည်ပြီး ဒို ့ရွာသားတွေ ဘယ်လို စိတ်ဓါတ်မျိုးရှိပြီး  ရရှိတဲ့ အဖြေရဲ ့ ရာခိုင်နှုံး အလိုက် ဒို ့ နိုင်ငံရဲ  ့ အနာဂါတ်ကို သုံးသပ် သလိုပေါ့။

7 comments

  • bigcat

    March 6, 2011 at 10:00 pm

    ပြင်စရာတွေတော့ အများကြီးပဲဗျို့။ မညှာတမ်းသုံးသပ်ရရင် ကျုပ်တို့မြန်မာတွေရဲ့ အခုခေတ် အတွေးအခေါ် ပွင့်လင်းမှုက ဖဆပလခေတ်၊ မဆလခေတ်တွေနဲ့စာရင် သိသိသာသာကြီး ပြောင်းလဲရင့်ကြက် တိုးတက်မှုရှိမလာတာ တွေ့ရမှာပါ။ လွတ်လပ်ရေးရကာစ ဖဆပလခေတ်မှာ ရေဒီယိုနားထောင်တယ်၊ မဆလခေတ်မှာ တီဗွီကြည့်လို့ရတယ်၊ အခုခေတ်တော့ ဂြိုလ်တုစလောင်းတို့ ကေဘယ်လိုင်းတို့ပေါ့လေ။ ရုပ်ဝတ္ထုပိုင်းမှာသာ ပြောင်းလဲလာပေမဲ့ အတွေးအခေါ် အမူအကျင့် ပြောင်းလဲဖို့ လိုအပ်တဲ့ စနစ်တို့၊ ပတ်ဝန်းကျင်၊ အခြေအနေနဲ့ အခြားအခြေခံ အဆောက်အအုံတွေက မပြောင်းလဲ၊ ပိုနိမ့်ကျသွားတာပဲရှိတယ်။ ဒီအခြေအနေအောက်မှာ ပြောနိုင်တာ ရတဲ့အခွင့်အရေးကို အသုံးချပြီး ဖောက်ထွက်ဖို့ပဲရှိပါတယ်။ ရတဲ့အခွင့်အရေးဆိုတာ ခါးလေးညွှတ် ဦးလေးချ လေးဖက်ထောက်ပြီး သူတို့အနားမှာ ထိုင်လို့ရတာကို ပြောတာမဟုတ်ဘူးနော်။ မလျော့သော ဇွဲလုံ့လ သတ္တိတို့ကို ပညာအမြော်အမြင်ညဏ်နဲ့ အခြေအနေ အချိန်အခါကိုသိပြီး ကစားတတ် လုပ်ယူတတ်ဖို့ပြောတာ။ ကျုပ်ကတော့ ပြောပဲပြောတတ်တယ်၊ တကယ်လက်တွေ့ မလုပ်တတ်လို့ ခံရပေါင်းများပြီ။ ဒါကြောင့် တိုင်းပြည်အပြောင်းအလဲအတွက် ကိုယ်နဲ့တန်ရာ နောက်လိုက်ကောင်းတဦးပဲ ဖြစ်ဖို့စဉ်းစားတယ်။

  • ကောင်းပါတယ်.. ရှုထောင့်တစ်မျိုးကနေ တင်ပြသွားတာ..

    ဒီနေရာမှာ လက်ရှိအစိုးရ ဘာကြောင့် ခုတိုင်အောင် တည်မြဲနေရလဲ ဆိုတော့ သူတို့မှာ ဘာပြီးရင် ဘယ်လိုသွားမယ်၊ ဘယ်သူတွေက ဘယ်အပိုင်းကို တာဝန်ယူရမယ် စသဖြင့် စစ်တပ်ထုံးစံအတိုင်း ဆင့်ကဲ၊ ဆင့်ကဲ အုပ်ချုပ်ကွပ်ကဲမှုပုံစံရှိတယ်၊ ရှေ့တန်းစစ်မြေပြင်မှာ ရန်သူ့စခန်းကို သိမ်းပိုက်ဖို့အတွက် ဗျူဟာမျိုးစုံချမှတ်ပြီး အပြန်အလှန် ဆွေးနွေးညှိနှိုင်း ဗျူဟာရေးဆွဲသလို မြန်မာပြည်ကြီးကိုလဲ သူတို့က ဗျူဟာကျကျ သိမ်းပိုက်ထားတာဆိုတော့ တော်ရုံ ပြန်ခုခံဖို့ ခက်ခဲတဲ့အတွက် နိုင်ငံရေးပါတီတွေ၊ လူထုတော်လှန်ရေးတွေ ကျရှူံးခဲ့ရတယ်လို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။

    ဒီတော့ တစ်ခုဖြစ်သင့်တာက ယခုအခြေအနေမှာ ပြည်တွင်းက နိုင်ငံရေးပါတီတွေကလဲ တစ်ပါတီကောင်းစားရေး မူဝါဒဆွဲကိုင်ထားတယ်၊ နိုင်ငံရပ်ခြားရောက်နေတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေ၊ ပါတီတွေကလဲ ကိုယ်သန်ရာ၊ သန်ရာ မူဝါဒတွေကို အသေဆုပ်ကိုင်ထားတယ်။ အရေးကြီးတဲ့ တိုင်းပြည်နဲ့ လူမျိုးကောင်းစားရေးဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ ကိုယ်ဆုပ်ကိုင်ထားတာတွေလွှတ်ချ၊ ကိုယ်ကျိုးထိခိုက်မှာကို မတွေးပဲ စည်းလုံးညီညွတ်စွာနဲ့ စုပေါင်းလုပ်ဆောင်ကြမယ်၊ ဆွေးနွေးညှိနှိုင်း အဖြေရှာပြီး ရှေ့ဆက်သွားမယ့်လမ်းစဉ်တွေ၊ ပြည်သူတွေရဲ့ထောက်ခံမှုတွေကို ရအောင်ယူနိုင်မယ်ဆိုရင်တော့ အပြောင်းအလဲတစ်ခုကို မြင်မိပါတယ်။

    ခုလိုအနေအထားမှာတော့ မင်းကွန်းခေါင်းလောင်းကြီးလို ငါတို့မှာဒီလောက်ကြီးမားတဲ့ ဒီလိုခေါင်းလောင်း အကြီးကြီးရှိနေတယ်ဆိုပြီးပြထားပြီး အသံမြည်အောင် ခေါင်းလောင်းထိုးနိုင်မယ့်သူမရှိတဲ့ အနေအထားမျိုးပဲ ဖြစ်နေကြောင်း……

    (သေချာပါတယ်… ဝိုင်းပြီး Dislike ကြမှာ၊ ကိုယ်ပိုင်အမြင်တစ်ခုကိုတော့ ချပြရမှာက ကိုယ့်အပိုင်းပါပဲ)

  • koyinmaung

    March 7, 2011 at 8:25 am

    ပြည်သူတွေ တကယ်ရင်ဆိုင်ရှင်းရမှာက ဦးသန်းရွေနဲ့အပေါင်းပါလူတစုမဟုတ်ပါ သူတို့ကိုလက်လှမ်းလဲမမှီပါ ရပ်ကွက်ထဲမှာစွာကျယ်စွာကျယ်လုပ်နေတဲ့ကြံဖွတ်လိုကောင်တွေ စွမ်းအားရှင်လါးဆိုတဲ့ကောင် ဒီကောင်တွေကို အယင်ရှင်းရမှာ …..

  • naywoonni

    March 7, 2011 at 8:45 am

    ဆဲစရာလည်း မလိုပါဘူး dislike လည်း မလုပ်ပါဘူး။ သေချာစဉ်းစားကြည့်တော့ ကိုယ်က ခံရတဲ့သူဘက်ရောက်နေလို့သာ တစ်ကယ်လို့သာပေါ့လေ ။ ကိုယ်တွေထဲက တစ်ယောက်ယောက်လည်း သူတို့ဘက်ကို မတော်တစ်ဆရောက်ပြီး သူတို့လို လုပ်ပိုင်ခွင့်တွေရသွားကြည့်ပါ့လား။ ဒီလိုတွေဘယ်ပြောတော့မလဲ။ သူတို့လိုပဲ ရှိတော့မပေါ့…….။ မဟုတ်ဘူးလား? ဒါသဘာဝပဲလေ 😛

  • manawphyulay

    March 7, 2011 at 1:18 pm

    အင်း ဘယ်က ကြည့် ကြည့် လက်ဖမိုးနဲ့ လက်ဖဝါးဆိုသလို ဖြစ်နေပြီပေါ့………….. ဘယ်သူတွေမှားတယ် မှန်တယ်ပြောနေတာထက် တစ်နေ့ထက် တစ်နေ့ ထက် တစ်နေ့ တိုးတက်အောင်မြင်အောင် ကြိုးစားဖို့ပဲ စဉ်းစားမိတော့တယ်။

  • nigimi77

    March 7, 2011 at 6:48 pm

    ကိုနေရေ။ လူလူချင်း အားလုံးတူရင် ဂေါတမဟာ ဘုရားမဖြစ်ပါဘူး။ အောင်ဆန်းဟာ ဗိုလ်ချုပ်အောင်ဆန်းမဖြစ်လာပါဘူး။

  • Foreign Resident

    March 10, 2011 at 1:21 am

    Dear naywoonni,

    I feel there are somethings to point out in your comment,
    Please, think it again, please.
    There is no case that
    “” fair because of done by you or agree by you &
    wrong because of done by other or disagree by you “”
    Who ever do it, Right is Right, Wrong is wrong & Unfair is Unfair,

    ( Eg; My self told to my father that
    “” I feel Myanmar military personals are not loyal to people,
    instead oppress to them ( bite the feeding hand ) &
    I am not proud for his service in there “”
    even my father was a high ranking officer in military, at that time )

    It means,
    Wrong will not change to Right &
    Unfair will not change to Fair,
    even it was done by my father nor me,
    even I get advantages from that.

    I know this might be human tendency of selfishness,
    But, I am pretty sure, by this selfishness ( self-centre ) alone,
    they will not become a good people nor gentleman.

    Please forgive me, if my comment is too harsh,
    but please consider again thoroughly.
    Thanks.

Leave a Reply