နှင်းဆီပန်းခေါက်နည်း အပိုင်း-၁ Redo

သီးခံကြပါခင်ဗျာ connection မကောင်းလို. ပုံသေးပြီးတင်လိုက်မိတာပါ။

အခုပြန်တင်ပေးထားပါတယ် ပြီးတော့ တတ်နိုင်သလောက် ဘာသာပြန်ပေးထားပါတယ်. ကျွန်တော် လုပ်တုန်းက အတွေ.အကြုံလေးတွေပေါင်းပြီးတော့ပေါ့

ကဲစပြီနော်

A4 စာရွက်ကို စတုရန်း ပုံဖြစ်အောင်လုပ်ရပါမယ်။

 

ပြီးရင်တော့ အလည်ကနေ ခေါက်ချိုး ခေါက် ပြီး အရာလေးမှာ ခဲတံနဲ. လိုင်းမှိန်မှိန်လေးဆွဲပေးပါ။

လိုင်းဆွဲထားတဲ့ အပိုင်းနှစ်ပိုင်းကို ခေါက်ချိုးထက်ခေါက်ပါ ဒါဆို အပိုင်းလေးပိုင်းဖြစ်သွားပါတယ်။

အဲဒီလိုင်းလေးတွေမှာ ခဲတံ နဲ.လိုင်းဆွဲပါ ပြီးရင် မခေါက်ရသေးတဲ့ ဘက်မှာ လိုင်းဆွဲထားတာကို ဖြတ်ပြီး ပုံပါအတိုင်း ပုံ-၁ ပုံ -၂ ပုံ-၃ ပုံ-၄ အတိုင်း နောက်တစ်ခါပြန်လုပ်ပြီး လိုင်းလေးတွေဆွဲရပါမယ်။

အဲလိုလိုင်းတွေဆွဲပြီးသွားရင် စာရွက်ကို တစ်ဝက်ခေါက်လိုက်ပါ။ ခဲဆွဲထားတဲ့ အပိုင်းနှစ်ပိုင်းပေါ်နေပါမယ်။ အဲဒီအပိုင်းနှစ်ပိုင်းထဲက အောက်က အပိုင်း (ဆက်နေတဲ့ အပိုင်း) ကို တဝက်ထက်ခေါက်ပါ။

ပြီးရင် စာရွက်ကို ပြန်ဖြန်.ပါ အပေါ်ဆုံးပုံမှာ မြင်ရသလို ခေါက်ရာလေးတွေ.ရပါမယ်။ အဲဒီခေါက်ရာလေးကိုလဲ ခဲတံနဲ.လိုင်းဆွဲပါ။ အဒြီလိုင်းကိုု အရောင်မတူရင် ပိုကောင်းပါတယ် မှင်နီနဲ.ဖြစ်ဖြစ်ဆွဲပါ။ အဲဒီလို ပဲ လိုင်းကို ဖြတ်တဲ့ နောက် တစ်ဖက်က နေ အဲလို နည်းအတိုင်း ပြန်ခေါက်ပြီး မှင်နီနဲ. လိုင်းဆွဲပေးရပါမယ်။

 

နောက်အပိုင်းကို ဆက်လက်တင်ပြပေးပါမယ် စောင့်မှော်ကြပါခင်ဗျာ။

ကျေးဇူးတင်ပါတယ်။