Email ထဲက spam msg တစ်ခု

etoneApril 1, 20111min400

မနေ့က ကျမအလုပ်ထဲက အီးမေးလ်ထဲကို ဒီလို စာမျိုးဝင်လာပါတယ်….။ တနိုင်ငံကနေ တနိုင်ငံ ပါဆယ်ပို့နေကြမို့ အများအားဖြင့် DHL ပဲ သုံးဖြစ်ပါတယ်… ။ တစ်ခါတစ်လေ Europe ဘက်ကလာတဲ့ ပါဆယ်ဆိုလျှင် TNT သုံးတယ်ပေါ့… ။ တစ်ချို့နေရာကလာတာဆိုရင် EMS အနည်းကျဉ်းပါတတ်တယ်… ။ DHL , TNT တွေက သုံးနေကြဆိုပေမဲ… တခြား ဒလီဗာရီ ဆားဗစ်တွေကလာရင် ပဲဖြစ်ဖြစ် ၊ ဖော်ဝေါ်ဒါ အေးဂျင့်တွေက လာရင်ဖြစ်ဖြစ် လုပ်ပုံလုပ်နည်း သေချာမသိလို့ ကျမတို့ကို ဖုန်းနဲ့ တမျိုး ၊ မေးလ်နဲ့ တသွယ် ဆက်သွယ်ကျပြန်တယ်… ။ ဒီတခါရတဲ့စာကို သေချာမဖတ်ပဲ စာမှာပါတဲ့ အတက်ချ် ဖိုင်ကို ဖွင့်မိတာနဲ့ ဗိုင်းရပ်စ် မိတော့တာပါပဲ… ။ သတိထားမိမိချင်း စက်ကို ရီစတတ်ပြန်လုပ်ပြီး အန်တီဗိုင်းရပ်စ် နဲ့ ပြန်စစ် ရှင်းတော့မှ အဆင်ပြေသွားတော့တယ်… ။
သေချာစဉ်းစားတော့မှ ငါအတော် ဉာဏ်နည်းခဲ့ပါလားလို့ နောင်တရတယ်… ။ ပါဆယ် က ဘယ်ဆားဗစ်ကလည်း မသိဘူး … ပြီးတော့ အဲဝေးဘေလ် နံပါတ်လည်းမပါဘူး ၊ ပို့တဲ့ consignee လိပ်စာ ဘာညာလည်း မသိတာကို ယုံမှားပြီး ဖွင့်မိလေချင်းပေါ… အရင်က စပန်းတွေဝင်ရင် သိသာပါတယ်… ဒီတစ်ခါ မသိပဲ ခံလိုက်ရတယ်… ။ အံမယ် အီးတုံးကလည်း သိပ်မသင်္ကာလို့ ဆန်ဒါ အီးမေးလ် အက်ဒရက်စ်ကို ထောက်ကြည့်လိုက်သေးတယ်… upder2@ups.com ကလာတာဆိုတော့… အင်း ယူနိုက်တက်ပါဆယ်ဆားဗစ်ဆိုတော့ အတိုကောက် UPS ဆိုပြီး မေးလ်မှာ သုံးတာ အင်မဟုတ်လောက်ဘူး ထိမိပါတယ်… ။ ငါးပါးမှောက်တော့မလို့ … ။ ဒီလိုစာတွေ သတိထားရှောင်ရှားကြပါ ဗျို့ … ။

Dear customer.

The parcel was sent your home address.
And it will arrive within 3 business day.

More information and the tracking number are attached in document below.

Thank you.
© 1994-2011 United Parcel Service of America, Inc.