Soccer Myanmar မှ စီအီးအို ဦးခင်မောင်ကြိုင် အတည်ပြု ပြောကြား သတင်း

ကမ္ဘောဇ အသင်း၏ စီအီးအို ဖြစ်သူ ဦးခင်မောင်ကြိုင်က ဒယ်လ်တာ နည်းပြချုပ် ဦးဆန်းဝင်းကို အသင်းသို့ ခေါ်ယူလိုကြောင်း အတည်ပြု ပြောကြား သွားခဲ့သည်။

“ဆန်းဝင်း အနေနဲ့ ကျွန်တော်တို့ ဆီကို လာချင် နေတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း သူ့လို နည်းပြမျိုးကို အသင်းအတွက် ခေါ်ချင်ပါတယ်။ ဒါပေမယ့် သူ့ကို ဒယ်လ်တာ အသင်းနဲ့ ပြီးပြတ်အောင် ရှင်းလင်းပြီးမှ လာဖို့ ပြောထားပါတယ်။ ဟိုဘက် အသင်းနဲ့ လုပြီး ယှဉ်ပြိုင် ခေါ်ရတဲ့ ကိစ္စမျိုး ကျွန်တော်တို့ ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အသင်းမှာ ပြည်တွင်းကရော ပြည်ပကပါ အရည်အချင်း ရှိတဲ့သူတွေ ခေါ်ဖို့ အစီအစဉ် ရှိပါတယ်။ ဒါကြောင့် သူ့အနေနဲ့ ဒယ်လ်တာ အသင်းနဲ့ နှစ်ဦးနှစ်ဘက် ကျေနပ်လောက်တဲ့ ညှိနှိုင်းမှုမျိုး ပြုလုပ်နိုင်မှ ကျွန်တော်တို့ဆီကို လာဖို့ ပြောထားပါတယ်” ဟု ဦးခင်မောင်ကြိုင်က Soccer Myanmar သို့ အတည်ပြု ပြောကြားသွား ခဲ့သည်။

ဦးဆန်းဝင်းနှင့် ဦးခင်မောင်ကြိုင် တို့သည် ပြီးခဲ့သည့် မြန်မာ နေရှင်နယ်လိဂ် ဘောလုံးရာသီတွင် ဒယ်လ်တာ အသင်း၌ အတွဲညီ ခဲ့ကြသူများ ဖြစ်ပြီး ရာသီ အကုန်၌ ဒုတိယ ရရှိစေခဲ့သည်။ ဦးခင်မောင်ကြိုင်သည် ယခု ရာသီတွင် ကမ္ဘောဇ အသင်းသို့ ပြောင်းရွှေ့လာခဲ့ ပြီးနောက် ကမ္ဘောဇ အသင်းကိုလည်း အမှတ်ပေး ဇယား၏ ထိပ်ဆုံး၌ ရပ်တည်နိုင် နေစေသူ ဖြစ်သည်။ ဦးဆန်းဝင်းသည် ဒယ်လ်တာ အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးပြီး ဖြစ်သဖြင့် ကမ္ဘောဇသို့ ရောက်လာဖွယ် ရှိနေသည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် နေချိန်၌ ဦးခင်မောင်ကြိုင်က ယင်းသို့ အတည်ပြု သွားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဒယ်လ်တာ အသင်းမှ နှုတ်ထွက်လာသည့် ဂိုးနည်းပြ ဦးအောင်ကျော်ကျော် ကမ္ဘောဇတွင် လာရောက် လေ့ကျင့်ပေး နေသည့် ကိစ္စနှင့် ပတ်သတ်၍လည်း ဦးခင်မောင်ကြိုင်က “အောင်ကျော်ကျော်က လက်ရှိမှာ ပြည်ပထွက်ပြီး အလုပ်လုပ်ဖို့ အတွက် ပတ်စ်ပို့တ် လျှောက်နေတာပါ။ တကယ်လို့ ပတ်စ်ပို့တ် ကိစ္စ အဆင်ပြေမယ် ဆိုရင် ပြည်ပကို သွားမှာ ဖြစ်ပါတယ်။ လတ်တလောမှာ အလုပ်မရှိတုန်း ပျင်းနေတယ် ဆိုတဲ့အတွက် အသင်းမှာ လာပြီး ကူညီနည်းပြ ပေးနေတာပါ။ တကယ်လို့ သူရဲ့ ပြည်ပထွက်မယ့် ကိစ္စ အဆင်မပြေဘူး ဆိုရင် အသင်းမှာပဲ ဂိုးနည်းပြ အနေနဲ့ ခန့်အပ်ဖို့ ပြောဆိုဆွေးနွေး ပြီးပါပြီ။ လောလောဆယ်တော့ ဘာစာချုပ်မှ မချုပ်ရ သေးပါဘူး။ အလွတ် လာပြီး ကူညီပေး နေတာပါ” ဟု ပြောကြားသွား ခဲ့သည်။

Source : http://www.soccermyanmar.com/index.php?option=com_content&view=article&id=6919:2010-04-28-10-49-36&catid=54:myanmar-national-league&Itemid=104

Source : http://deltafcfans.yolasite.com/we-say-we-shout/-apr-28-2010-2-19-04-pm-4

Delta United Fan Club ရဲ့ Admin နှင့်ဦးဆန်းဝင်းနဲ့ ခဏတာ

ကျွန်တော် SM ကသတင်းကြားလို့ ဒယ်တာယူနိုက်တက်အသင်းနည်းပြ ဦးဆန်းဝင်းကိုဖုန်းဆက်ပြီးမေးမိပါတယ်။ သူက မဟုတ်ဘူး ဆိုတော့ သက်ပြင်းချနိုင်ခဲ့ပြီး အားမရသေးတာနဲ့ နောက်တစ်ခေါက်မေးကြည့်ပြီး ဒယ်တာအကြောင်း တစ်စေ့တစ်ဆောင်း မေးကြည့်မိပါတယ်။
သူနဲ့ ဘယ်လိုအင်တာဗျူးလဲ သူကဘယ်လိုပြောလဲ ကြည့်ကြည့်ကြရအောင်ပါ။

Admin : ဦးဆန်းဝင်းခင်ဗျား ကျွန်တော်ကတော့ Delta United Fan Club ရဲ့ Admin ဖြစ်ပါတယ်ခင်ဗျား
ဦးဆန်းဝင်း : ဟုတ်ကဲ့

Admin : ဒယ်တာယူနိုက်တက်အသင်းကနှုတ်မထွက်ဘူးဆိုတဲ့ အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ဦးဆန်းဝင်း : ဟုတ်ကဲ့ ၊ ကမ္ဘောဇကိုလည်းမပြောင်းသလို ဘယ်အသင်းကိုမှမပြောင်းပါဘူး။ ဒယ်တာယူနိုက်တက်အသင်းကို စကိုင်ခဲ့တဲ့သူ ဖြစ်တဲ့ အတွက် ဒယ်တာကနေ ဘယ်မှမပြောင်းပါဘူး။

Admin : ဟုတ်ကဲ့ခင်ဗျ၊ အရင်ပွဲတွေမှာ ဒယ်တာပရိတ်သတ်အများကြီးဂှိခဲ့ပေမဲ့ ၊ ယခုပွဲတွေမှာ လူတွေနည်းလာတာတွေ့ရပါတယ်ခင်ဗျ အဲဒိအပေါ်?
ဦးဆန်းဝင်း : ဟုတ်ကဲ့ ၊ အဲဒိအပေါ်ဘာမှတ်ချက်မှ မပေးလိုပါဘူး ၊ ဒယ်တာပရိတ်သတ်ကအရင်က ငါးထောင် တစ်သောင်းလောက်ဂှိပေမဲ့ ခုတလော ရာဂဏန်းပဲဂှိတဲ့အတွက် ၀မ်းနည်းပါတယ်။ အသင်းကနိုင်ငံခြားကစားသမားတွေက စိတ်မကောင်းဘူးလို့ ပြောပါတယ်ခင်ဗျာ။

Admin : အွန်လိုင်းမှာ အဲလိုတွေ့လို့ ကျွန်တော်က ပျာယာခက်ပြီး မေးလိုက်တာပါခင်ဗျ။ ဘယ်ဧရာဝတီသားကမှ ဆရာ့ကို မထွက်စေချင်ပါဘူး ၊ ဦးခင်မောင်ကြိုင်ထွက်သွားတာကိုလဲ အရမ်းဝမ်းနည်းမိပါတယ်။
ဦးဆန်းဝင်း : မဟုတ်ပါဘူး ၊ ကျွန်တော်မထွက်ပါဘူး ၊ သူတို့မသိလို့ဖြစ်မှာပါ ။ ကျွန်တော် ကမ္ဘောဇ ပြောင်းဖို့ အစီအစဉ်မဂှိပါဘူး

Admin : အရင်ပွဲတွေကလဲ ကစားပုံကောင်းခဲ့ပေမဲ့ အနိုင်တစ်ပွဲပဲ ရခဲ့တယ်နော်?
ဦးဆန်းဝင်း : ဟုတ်ပါတယ်၊့ ကျွန်တော်တို့ အနိုင်ရသင့်ခဲ့ပေမဲ့ ထင်သလောက် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

Admin : ကမ္ဘောဇပွဲမှာ ကစားပုံတော်ခဲ့တယ်နော်?
ဦးဆန်းဝင်း : ဟုတ်တယ် ၊ အဲဒိပွဲမှာ အပိုင်ကန်သွင်းခွင့် ဂှစ်ကြိမ်ဂှိခဲ့ပါတယ်။

Admin : နောက်ဆုံးအနေနဲ့ဘာပြောချင်ပါလဲခင်ဗျ ?
ဦးဆန်းဝင်း : ရန်ကုန်နဲ့ပွဲဟာ မေလ2ရက်နေ့ ဖြစ်တဲ့အတွက် နာဂစ်ပွဲရဲ့ နှစ်ပတ်လည်ဖြစ်ပါတယ်။ အဲဒိအတွက် လက်မောင်းမှာ အနက်ရောင်ပတ်ပြီး တော့ တစ်မိနစ်ငြိမ်သတ်မှာဖြစ်ပါတယ်။ တစ်မိနစ်ငြိမ်သတ်ဖို့ကတော့ အဖွဲ့ချုပ်ကို ခွင့်ပြုချက်တောင်းဦးမှာ ဖြစ်ပါတယ်။
ပရိတ်သတ်အနေနဲ့ ရန်ကုန်ပွဲမှာ အားပေးကြပါ ပရိတ်သတ်ရဲ့ အားပေးမှုသာသည် အသင်း၏ အောင်မြင်မှုဖြစ်ပါတယ်။

Admin : ကျေးဇူးတင်ပါတယ်ခင်ဗျ ?
ဦးဆန်းဝင်း : ဟုတ်ကဲ့ပါ။

About Bayote

Bayote has written 395 post in this Website..