သမဝါယမဦးစီးဌာန အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ သင်တန်းကျောင်းများမှ သင်တန်းသားခေါ်ယူခြင်း

klnApril 29, 20101min510

သမဝါယမဝန်ကြီးဌာန အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ သင်တန်းကျောင်းများတွင် ၂၀၁ဝခုနှစ် ဇွန် ၁ရက်၌ဖွင့်လှစ်မည့် အောက်ပါသင်တန်းများသို့ တက်ရောက်လိုသူများ လျှောက်ထားနိုင်သည်။ ၁။ အထက်တန်းယွန်းပညာကောလိပ် (၁)နှစ်သင်တန်းကို ယွန်းပညာကောလိပ်၊ ပုဂံမြို့(ဖုန်း-၀၆၁-၆၀၂၇၆)တွင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသားဦးရေ ၂ဝလက်ခံမည်ဖြစ်သည်။ ၂။ အခြေခံရွှေချည်ထိုးငွေချည်ထိုး(၃)လသင်တန်းကို ဆောင်းဒါးရက်ကန်းကျောင်း၊ အမရပူရမြို့(ဖုန်း-၀၂-၇၀၄၂၈)တွင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသားဦးရေ ၁ဝဦးလက်ခံမည်ဖြစ်သည်။ ၃။ ရိုးရာလွန်းရာကျချိတ်(၆)လသင်တန်းကို ဆောင်းဒါးရက်ကန်းကျောင်း၊ အမရပူရမြို့(ဖုန်း-၀၂-၇၀၄၂၈)တွင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသားဦးရေ ၁ဝဦးလက်ခံမည်ဖြစ်သည်။ ၄။ အထည်အလိပ်အတတ်ပညာ(၁နှစ်ခွဲ)သင်တန်းကို ဆောင်းဒါးရက်ကန်းကျောင်း၊ အမရပူရမြို့(ဖုန်း-၀၂-၇၀၄၂၈)တွင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသားဦးရေ ၂ဝဦးလက်ခံမည်ဖြစ်သည်။ ၅။ ချည်မျှင်နှင့်အထည်အလိပ် ကျွမ်းကျင်သူ(၁)နှစ်သင်တန်းကို အထက်တန်းရက်ကန်းကျောင်းများ(ဖလမ်း၊ မုံရွာ၊ ရွှေတောင်၊ ပခုက္ကူ၊ မိတ္ထီလာ၊ မုဒုံ၊ တောင်ကြီး၊ စစ်တွေ)တွင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသားဦးရေ ၁၆ဝဦး (ကျောင်းတစ်ကျောင်းတွင် ၂ဝဦးစီ)လက်ခံမည်ဖြစ်သည်။ ၆။ လက်ရက်ကန်း(၆)လသင်တန်းကို အခြေခံရက်ကန်းကျောင်းများ(မြစ်ကြီးနား၊ လွိုင်ကော်၊ ဘားအံ၊ မင်းတပ်၊ ကျောက်မဲ)တွင်ဖွင့်လှစ်မည်ဖြစ်ပြီး ၁၀ဝဦး(ကျောင်းတစ်ကျောင်းတွင် ၂ဝဦးစီ)လက်ခံမည်ဖြစ်သည်။ လျှောက်ထားသူသည် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်။ အထက်တန်းယွန်းပညာသင်တန်းအတွက် ၁-၆-၂၀၁ဝရက်တွင် အသက်(၁၅)နှစ်ပြည့်ပြီး (၂၅)နှစ်ထက်မကျော်ရ။ ရက်ကန်းသင်တန်းများအတွက် အရပ်အမြင့် (ကျား) ၅ပေ ၁လက်မ၊ (မ) ၄ပေ ၁၁လက်မရှိ၍ ၁-၆-၂၀၁ဝရက်တွင် အသက်(၁၆)နှစ်ပြည့်ပြီး (၂၅)နှစ်ထက်မကျော်ရ။ သင်တန်းတိုင်းအတွက် လျှောက်ထားသူများသည် အိမ်ထောင်မရှိသူ အပျို၊ လူပျိုဖြစ်ရမည်။ သင်တန်း(၂)နှင့် (၃)အတွက် အမျိုးသမီးများသာ လျှောက်ထားနိုင်သည်။ သင်တန်း(၂)၊ (၃)နှင့် (၆)အတွက် အခြေခံပညာမူလတန်းအောင်မြင်ပြီး သင်တန်း(၁)အတွက် အခြေခံပညာ အဘယ်တန်းအောင်မြင်ပြီးသူ၊ သင်တန်း(၅)အတွက် အခြေခံပညာအလယ်တန်း အောင်မြင်ပြီးသူများ၊ သင်တန်း(၄)အတွက် အနည်းဆုံးအခြေခံပညာအထက်တန်း(ခ)အဆင့် အောင်မြင်ပြီးသူများဖြစ်ရမည်။ ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းပြီး ကိုယ်ရောစိတ်ပါ ကျန်းမာသူဖြစ်ရမည်။ သင်တန်းသားများကို ပညာသင်ထောက်ပံ့ကြေးချီးမြှင့်မည်။ လျှောက်လွှာတွင် အမည်၊ ဖခင်အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ မွေးသက္ကရာဇ်၊ ပညာအရည်အချင်း၊ အရပ်အမြင့်၊ နေရပ်လိပ်စာ အပြည့်အစုံဖော်ပြ၍ ပညာအရည်အချင်းအတွက် အောင်လက်မှတ်မိတ္တူနှင့် သက်ဆိုင်ရာရဲစခန်းမှ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာမိတ္တူတို့နှင့် ပူးတွဲလျက် တက်ရောက်လိုသည့်ကျောင်း(သို့မဟုတ်) အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန(ရုံးချုပ်)သို့ ၁၅-၅-၂၀၁ဝရက် နောက်ဆုံးထားပေးပို့ရမည်။ အသေးစိတ်သိရှိလိုပါက အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန(ရုံးအမှတ်-၁၆)နေပြည်တော်၊ တယ်လီဖုန်းအမှတ် ၁၆၇-၄၁၀၂၇၃နှင့် ယွန်းပညာကောလိပ် ဖုန်း – ဝ၆၁-၆၀၂၆ရနှင့် ရက်ကန်းကျောင်းများတွင် ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း ၂၀၁ဝခုနှစ် ဧပြီလ ၂၈ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားပါသည်။ khitlunge.org.mm