ကံဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော်မြင်မိတာလေး ပြောပြချင်တယ်။ ဘာသာရေး အမြင်မဟုတ်ပါဘူး။

ကျွန်တော့် အသိတစ်ယောက် တွေ့ဘူးတယ်။ သူကအရက် သိပ်ကြိုက်တယ်။ အရက်ကို အချိန်ရတိုင်း သောက်တယ်ဆိုတဲ့ လူမျိုးပေါ့။

တစ်နေ့မှာ နေမကောင်းဖြစ်လို့ ဆေးခန်းပြလိုက် ပြန်ကောင်းလိုက်နဲ့ (၄)(၅)ခါလည်းရှိရော သူ့ကို အသည်းပါရဂူနဲ့ ပြခိုင်းတယ်။ သူလည်း အသည်းပါရဂူနဲ့ အထူးကုဆေးခန်းမှာ ပြတာပေါ့။ သက်သာလိုက် ပြန်ဖြစ်လိုက်နဲ့ နောက်ဆုံးတော့ အသည်းဆရာဝန်က ဆေး(၁၀)ရက်သောက်ခိုင်းတယ်။ အဲဒီ(၁၀)ရက်ပြည့်လို့မှ မသက်သာရင် ဆေးရုံတက်ရမယ်လို့ ပြောလိုက်တယ်။ (၅)ရက်လောက်နေတော့ မနေနိုင်တော့လို့ ဆေးရုံသွားပြတယ်။ ဆရာဝန်ကြီးက ဓါတ်မှန်ရိုက်ခိုင်းတယ်။ ဓါတ်မှန်ကြည့်ပြီး ဆရာဝန်ကြီးက အဆုတ်ကမွနေပြီလို့ ပြောတယ်။

အဲဒီမှာ ပထမ အသည်းဆရာဝန်က အဆုတ်မှာဖြစ်နေတာ မသိဘဲ အသည်းဆေးတွေနဲ့ ကုနေတာကိုအံ့သြမိတယ်။ အဲဒါနဲ့ နောက်ဆရာဝန်ကြီးက ကြိုးစား ကုတော့ပြန်ပြီး ကျန်းမာလာတယ်။ ဆေးတော့ သောက်နေရတုန်းဘဲ။ ဆရာဝန်ကြီးက အရမ်းတော်ပါတယ်။ လူနာရှင်တွေကို ဆရာဝန်ကြီးက နောက်ဆုံးစကား ပြောတယ်။ လူနာအခြေအနေက လုံးဝမကောင်းဘူး။ သေဖို့များတယ်ပေါ့။ ဒါပေမယ့် သူတတ်နိုင်သလောက် ကြိုးစားပေးမယ်လို့ ပြောပြီးကုတာ။

မြန်မာနိုင်ငံ အရမ်းတော်တဲ့ ဆရာဝန်တွေရှိပါတယ်။ အသိတစ်ယောက်ပြောတာ ကြားဖူးတယ်။ သူ့ကိုယ်တွေ့။ မတော်တဆမှု့တစ်ခုကြောင့် ခြေကျင်းဝတ်ကနေ ပျက်ပြီးတန်းလန်း ဖြစ်နေတာကို အခြားဆရာဝန်တွေက ဖြတ်မှရမယ်ဆိုပြီး ဖြတ်ဖို့ပြင်တုန်း ဆရာဝန်ကြီးတစ်ဦး ရောက်လာပြီး ဘာလုပ်နေတာလဲ မေးတယ်။ အခြေအနေမကောင်းလို့ ဖြတ်ဖို့ပြင်နေတာ ဆိုတော့ ဆရာဝန်ကြီးက ခြေဖနောင့်က အကြောတစ်ခုကိုကိုင်လိုက်တော့ ခြေချောင်းလေးတွေက လှုပ်နေတာတွေ့ရတော့ သူခွဲမယ်ဆိုပြီးခွဲတာ အခုအဲ့ဒီလူနာ ခြေထောက်နည်းနည်းဆာနေတာကလွှဲရင် အကောင်းနီးနီးဖြစ်နေပြီ။

အဓိကပြောချင်တာ ဆရာဝန်အကြောင်း မဟုတ်ပါဘူး။ အပေါ်က အသိအကြောင်းပါ။ သူကမသေချင်တော့လည်း အဆုတ်ရောဂါကို အသည်းဆေးတွေနဲ့ နှစ်နဲ့ချီအောင် မှားပေးပြီး
ကုတာတောင်မသေဘူး။

နောက်တစ်ယောက်က အသိရဲ့သားတစ်ယောက်။ အသက်က (၂၀)လောက်ဘဲ ရှိသေးတယ်။ ကျောင်းတက်တုန်း။ လူကောင်ကလည်း တောင့်တောင့်တင်းတင်းဘဲ။
သူက ၀ိတ်လည်းမတယ်။ ကစ်ဘောင်ဆင်လည်းဆော့တယ်။ တစ်နေ့မနက်ကျတော့ ရင်ပတ်တွေနာတယ် လို့ပြောတယ်။ အိမ်ကလူတွေကလည်း အားကစားလုပ်လို့
ကိုယ်လက်နာတယ်ဘဲ ထင်တာပေါ့။ နောက်အရမ်းနာတယ်ဆိုလို့ ဆရာဝန်ခေါ်ပြတော့ ဆေးထိုးပေးပြီး ဆေးရုံအမြန်တင်ခိုင်းတယ်။ ဆေးရုံရောက်တော့ မမှီတော့ဘူး။
ဆုံးသွားတယ်။ ရင်ခွဲကြည့်တော့ နှလုံးနရံတွေက ထူပြီးမာနေပြီတဲ့။ နှလုံးရောဂါနဲ့ ဆုံးတယ်လို့အတည်ပြုတယ်။

အဲဒီမှာတွေ့ရတာက မွေးရာပါနှလုံးရောဂါဆိုရင် အရင်တုန်းကတည်းက ရင်ပတ်အောင့်မှာဘဲ။ ဒါပေမယ့် သူကဒါနဲ့ သေရမယ့်သူဆိုတော့ ၀ိတ်မတာ ကစ်ဘောင်ဆင် ကစားတာတွေက နှလုံးကြောင့်နာတာကို ဖုံးထားလိုက်တယ်။

တစ်ချို့ စာစောင်တွေမှာလည်း တွေ့ဘူးမှာပါ။ ဘလက်ဖေါင်းပေါ် ကားတက်ပြီးတိုက်တာတို့။ နရံပြိုကျပြီး ပိတာတို့။ ရပ်ကွက်တွေမှာ ခဏခဏကြားရတတ်တဲ့ သူကအရင်
ဒီနေရာမသွားဘူး။ ဒီလိုမလုပ်ဘူး။ ဒီနေ့မှ ဒီနေရာသွားတာ ဒီလိုလုပ်တာ ကြောင့်ဖြစ်တာဆိုတာတွေပါ။

နိဂုံးချုပ် အနေနဲ့ပြောရရင် ဒီလိုဖြစ်ရမယ် ဒီလိုကြုံရမယ်ဆိုရင် အဲဒီကိစ္စကိုရောက်အောင် ဆွဲခေါ်သွားတာ တွေ့ရပါတယ်။ စနစ်တကျ အကွက်ချ စီမံထားသလိုပါဘဲ။
အဲဒါဟာ ကံရဲ့ ထူးခြားမှု့နဲ့ စနစ်တကျ စီမံတတ်မှု့လို့ မြင်မိပါတယ်။

About nagargyi

has written 12 post in this Website..

   Send article as PDF