ဂေဇက်အဖွဲ့ဝင်တွေ တွေ့ဆုံစားသောက်ပွဲတွေလုပ်ကြမယ်ဆိုတော့
အစားတလုပ်အတွက်နဲ့အမှားမဖက်မိစေဖို့အန်ကယ်စာရေးသတိ
ပေးလိုက်ပါတယ်ကွယ်
တလောကမိတ်ဆွေတွေဆုံတုန်းစကားပြောကြရင်း
မိတ်ဆွေတယောက်ကသူစီစီတီဗီမှာကြည့်လိုက်ရတဲ့သတင်း
တပုဒ်အကြောင်းပြောပြပါတယ်
တရုပ်ပြည် ပြည်နယ်တခုမှာအစိုးရကရယ်ဒီမိတ်ဟင်းခတ်အမွှေးထုတ်
တွေလိုက်သိမ်းနေကြောင်း
ဘာဟင်းခတ်အမွှေးထုတ်တွေလည်းဆို မာလာဟင်းထဲထည့်တဲ့
ဟင်းခတ်အထုတ်များဖြစ်ကြောင်း
ထိုအထုတ်များတွင်ပါဝင်သောငရုပ်ကောင်းများတွင်ပြည်သူများ
စားသုံးရန်မသင့်အဆိပ်ဖြစ်နေကြောင်း
အန်ကယ်တွေးမိသည်မှာငရုပ်ကောင်းမှိုတက်များဖြစ်ဖို့များတယ်လို့ထင်ပါ
တယ်မှိုဆိုတာသိသည့်အတိုင်းလူကိုအလွန်ဒုက္ခပေးသောပစ္စည်းဖြစ်လို့ပါပဲ

မြန်မာမှာကသိကြတဲ့အတိုင်းမယ်လမင်းပါသောနို့မှုန့်များတုန်းကလည်း
နို့ဆီချက်ရုံတရုံကအောက်ဈေးနဲ့သိမ်းသွားတာသတင်းတော်ပြန့်သွားသေး
မဟုတ်လားအောက်ဈေးဆိုပြီးရော
အခုလည်းဟိုမှာသိမ်းနေပြီ ဆိုစီးပွားရေးသမားများကရောင်းရသည့်နေရာ
ရှာရောင်းကြမှာအမှန်တွေးကြည့်ရန်မလို မြန်မာကလည်းအောက်ဈေးဆို
အလွန်ကြိုက်နဲ့ မြန်မာနိုင်ငံထဲဝင်လာလို့က မာလာဟင်းကြိုက်ကြသူ
တွေဒုက္ခ

နောက်သတိပေးချင်တာတခုက
ပုဇွန်ဟင်းပါ ပုဇွန်ဆိုလို့
ကျွန်တော်တို့ငယ်စဉ်ကလေးဘ၀ အမေဈေးကပြန်ရောက်လို့ဈေးခြင်းတောင်း
ချပြီးတာနဲ့ပုဇွန်ဝယ်လာတာကြုံရင်မီးသွေးဖိုနဲ့ပုဇွန်မီးဖုတ်စားရတာအမှတ်ရပါ့
နောက်ကြီးလာတော့လည်းပုဇွန်ကြိုက်လို့စားဖြစ်တာပါပဲ
ဒါဖြင့်ဘာဖြစ်လို့ပုဇွန် နဲ့ပတ်သက်ပြီးသတိပေးချင်တုန်းဆို ဒီလိုပါ

HealthDigest ၁၁-၅-၂၀၁၁ ထုတ်ဂျာနယ်ကိုဖတ်လိုက်ရလို့ပါ
အဲဒီဂျာနယ်မှာဒေါက်တာမြင့်သန်း(ညောင်လေးပင်)ရေးထားတာကဒီလို
ထိုင်ဝမ်မှာအမျိုးသမီးတဦး ဒွါရပေါက်တွေကသွေးတွေထွက်ပြီးရုတ်တရက်
သေဆုံးမှုတခုဖြစ်ဆိုပဲ လူသေတယ်ဆိုရဲတပ်ဖွဲ့ကလည်းစုံစမ်းရတာပ
သေဆုံးပုံကလည်းဆန်းကိုး ကိုယ့်ဟာကိုယ်အဆိပ်သောက်သေတာလား
အဆိပ်ခတ်သတ်မှုလား ဘာညာပေါ့
ဆေးတက္ကသိုလ်ကဆရာကြီးတဦးကိုဖိတ်ကြားပြီးစစ်ဆေးစေမှ
အဖြေမှန်ပေါ်တာကိုး ကိုယ့်ကိုယ်ကိုသတ်သေတာလည်းမဟုတ်
အဆိပ်ခတ်ခံရတာလည်းမဟုတ် မသိနားမလည်မှုကြောင့်သေဆုံးခြင်းလို့
မှတ်ချက်ချပါသတဲ့
သို့သော်သေဆုံးရမှုကအာဆင်းနစ်ကြောင့်ပါတဲ့
အညိုရောင်အဆင်းရှိတဲ့အာဆင်းနစ်သည်အဆိပ်တမျိုးဖြစ်ပြီးကြွက်သတ်ဆေး
ယင်ကောင်ဖမ်းစက္ကူတို့မှာပါနေကြပါတဲ့ ထိုအဆိပ်များသည်စွန့်ပစ်ပစ္စည်းများ
အဖြစ်ရေအရင်းအမြစ်များတွင်ပျော်ဝင်နေပါတယ် ထိုအဆိပ်များသည်
အခွံပျော့ပုဇွန်ဆိတ် ပုဇွန်ထုပ်ကြီးများတွင်အချိုးအဆမြင့်မားစွာပါဝင်နေ
ကြောင်း ထိုအစာများကိုလတ်လတ်ဆတ်ဆတ်စားသုံးမှုကလူကိုဘေးဥပတ်
မဖြစ်စေသော်လည်း ဗီတာမင်စီ ဆေးကိုအတူတွဲသောက်သုံးလိုက်ပါက
ခန္ဓာကိုယ်အတွင်းဓာတုဓာတ်ပြုခြင်းဖြစ်ကာမူရင်းပိုတက်စီယမ်
အာဆင်းနစ်ဓာတ်ပေါင်း ၅ မျိုးမှအာဆင်းနစ်အဆိပ် တနည်းစိန်အဆိပ်
အဖြစ်ပြောင်းသွားပါသည်
အာဆင်းနစ်အဆိပ်ကြောင့်သွေးကြောငယ်များပျော့ခွေမလှုပ်ရှားနိုင်မှု
အသည်း၏လုပ်ငန်းဆောင်တာများကိုပိတ်ပင်ဟန့်တားမှု
အဆီဓာတ်များဝင်ရောက်ကာအသည်းဆဲလ်းများပျက်စီးမှု
နှလုံးကျောက်ကပ်အသည်းအူလမ်းကြောင်းတို့အရည်များပိတ်ဆို့ပျက်စီးမှု
ဆံခြည်မျှင်သွေးကြောများပျက်စီးမှု စသည်တို့ဖြစ်ပေါ်စေပါသည်
ထို့ကြောင့်နားနှာခေါင်း ပါးစပ် မျက်စိတို့မှ သွေးများယိုစီးကာအသက်
ဆုံးရသည်အထိဖြစ်ရပါသည်
ထို့ကြောင့်အထူးသတိပြုရန်မှာ
ဗီတာမင်စီဆေးသောက်ထားစဉ်ပုဇွန်ဆိတ် ပုဇွန်ထုပ်များမစား
ရန်သတိပေးထားပါသည်

အထူးနောက်ဆက်တွဲသတင်း
ဂေဇက်အဖွဲ့ဝင်များတွေ့ဆုံပွဲကို မန်းတွင်လုပ်ရန်ရွှေမင်းသားလေးမှ
စီစဉ်ထားပါတယ်
နေရာကမန္တလေးရွှေဘဲမှာပါ
အစားသောက်ကို ကိုပေါက်မန်းကိုတာဝန်ပေးထားတယ်လို့သိရပါတယ်
အထူးအစားအစာအဖြစ်
ပုဇွန်ဆိတ်နဲ့မာလာဟင်းပါ (၀က်ကြက်ခြေလေးချောင်းသားရှောင်သူများအ
တွက် )
နောက်အထူးဟင်းကတကောင်ကို ၂၅ ကျပ်သားစီးသောပုဇွန်ထုပ်ဟင်းပါ
ကျမ္မာရေးလိုက်စားသောသူများအတွက် ဗီတာမင်စီဆေးပုလင်းလိုက်
ချထားပေးမယ်လို့သိရပါကြောင်း

About unclegyi1974

sun moon has written 27 post in this Website..

1974Ipass10st 1980IpassBSC(physc)