နံနက်ခင်း ဂျာနယ် အမှတ် ၃၉၈ တွင်ပါသော ဆရာ ကိုကြည်မင်း ၏ ” သြော်..ဝမ်းတစ်ထွာ ” ဆောင်းပါးကို ဖတ်ပြီး ထပ်ဆင့်ခံစားမိပါသည် ။ ကိုကြည်မင်း အဓိက ရေးသော အကြောင်းအရာ မှာ လူတွေ လုပ်စား တတ်ကြပုံ ၊ အဆိပ် မိ သေသော ခွေးသေ ကို အမှိုက်ပုံတွင် ပစ်ထားရာကို ကောက်ယူ ပြီး ဝက်အူချောင်း ၊ ကြက်အူချောင်း ၊ ဆိတ်သားခြောက် ၊ အမဲခြောက် စသည်ဖြင့် လုပ်ရောင်းကြပုံ  ကို ရေးသားထားပါသည် ။ အန္တရာယ် ရှိသော အသား ကို ညာရောင်းခြင်း ။ ကျွန်တော် စဉ်းစားမိသည်မှာ ထို ခွေးအသေ ကို လုပ်စားသူသည် ထိုအတွက် ပိုက်ဆံ မည်မျှ ရမည်နည်း ။ ထိုရသော ငွေသည် တစ်ဘဝစာ ဖူလုံသွားမည်လော ။ ထားပါ ။ တစ်လစာ စားသောက်လောက် အောင် ဝင်ငွေ ရသည် ထားပါစို့ ။ ထို ဝင်ငွေ အတွက် တစ်ဘက် စားသုံးသူများ အနက် မှ လူသုံးယောက် အသက် သေသည် ဆိုပါစို့ ။ ညီမျှခြင်း ချကြမည် ဆိုလျှင် ” တစ်လစာ စားစရိတ် = လူသုံးယောက် ၏ အသက် ” တန်ပါရဲ့ လား ။ ကျွန်တော် တို့ ယခုလို တွေ့ မြင်နေရသည့် အန္တရာယ် များ ကို ရေးသား နေကြသော်လည်း ထို ဒုစရိုက် မကောင်းသော အလုပ် ကို လုပ်ကိုင်နေကြသူများသည် ဤ စာ ကို ဖတ်ကြမည် မထင် ။ စာဖတ်ရ ကောင်းမှန်းလည်း သိကြမည့်  လူတန်းစားမျိုးများ မဟုတ်လောက် ။ သို့ သော် သူတို့ လုပ်ရောင်းသော အသား ကိုမူ သူတို့ ပြန်စားမည် မဟုတ်တာ ကတော့ အသေအချာ ပင် ။ သို့ ဆိုလျှင် ဤဖြစ်ရပ် များ ကို မည်သို့ ကာကွယ် တားဆီးကြမည် နည်း ။ ကျွန်တော့် ဆန္ဒ အရ ဆိုလျှင် ထောင်ဒဏ် ၅ နှစ်လောက် နှင့်တော့ မတန် ဟု ထင်ပါသည် ။ မှတ်လောက် သားလောက်အောင် လူသိရှင်ကြား ကြေငြာ သတင်းထုတ်၍ သေဒဏ် လို ပြစ်ဒဏ်မျိုး ပေးသင့်သည် ဟု ထင်သည် ။ သို့ မှလည်း မည်သူမှ နောင်ကို မလုပ် ရဲ မလုပ်ဝံ့ လောက် မည် မှတ်သွားလောက်မည် ဟု ထင်ပါကြောင်း ဖော်ပြလိုက်ရပါသည် ။ ကျေးဇူးတင်ပါသည် ။

About မောင် ပေ

မောင် ပေ has written 396 post in this Website..