မန်းတလေး မြို့ သည် မြန်မာနိုင်ငံ ၏ ဒုတိယ မြို့ တော် ဖြစ်သည် နှင့် အညီ တိုးတက်ခေတ်မှီလာလျက် ရှိသည် ။ အထွေအထွေ တိုးတက်မှများ နှင့် အတူ ယာဉ်လိုင်းများ အထူးသဖြင့် အဲကွန်း ဘက်စ် ကား လိုင်း ( အဲကွန်း လုံးဝ မဖွင့်ပါ ) ၂ လိုင်း တိုးတက်လာသည် မှာ ၂ နှစ်ကျော်ပါပြီ ။ ကောင်းမွန်ပါသည် ။ သက်သာသော ယာဉ်စီးခ နှင့် လိုရာ ခရီးသို့ သက်သက်သာသာ သွားလာနိုင်ပါပြီ ။ ရွှေမန်းမေ နှင့် အေးချမ်းမောင် ဖြစ်မည် ထင်ပါသည် ။ ယခု စာကို ရေးသား နေသော်လည်း ထို ကားများ ကို မစီးဖူးပါ ။ ရေးချင်သည် မှာ ဆရာ အဲကွန်းဘက်စ်မောင်းသမား များ ၏ မောင်းပုံ မောင်းနှင် နည်းလေး ။ ” ကညန ” တွင် လိုင်စင် မည်သို့ ဖြေလာခဲ့သည် ကို မသိရသော်လည်း ဆရာသမား တို့ ၏ မောင်းပုံမောင်းနည်း လေးများ မှာ အထူးပဲ ပညာ ယူစရာ ကောင်းသည် ။ လမ်းရှင်းရှင်း မရှင်းရှင်း လီဗာဇွတ်နင်းသည် ။ ဟွန်းပေါ်တွင် လက် အချိန်ပြည့် ထောက်ထားသည် ။ အထူး လေးစားစရာ ကောင်းသော အချက်မှာ လမ်းပေါ်တွင် ခရီးသည် တွေ့ လျှင် လမ်းဘေးသို့ ကပ်ရပ်ခြင်း လုံးဝ မရှိ ။ လမ်းလည် ခေါင် တွင်ပင် ခပ်တည်တည်ရပ်ပြီး ခရီးသည် တင်သည် မှာ ခရီးသည်များကို လွန်စွာ တန်ဖိုးထားကြသည် ဖြစ်မည် ထင်သည် ။ တစ်ကယ်လို့ စာဖတ်သူ သည် မန်းတလေး မြို့ သား သော် လည်းကောင်း အခြားမြို့ မှ ခဏ လာရောက်နေသော သူ သော် လည်းကောင်း မန်းတလေး လမ်းမ များပေါ်တွင် ယာဉ်မောင်းခဲ့မည် ဆိုလျှင် ဘုရားစာ ကို နောက်မှ ရွတ်ပါ ။ အထက်ပါ အဲကွန်းဘက်စ်ကား များ ကို အရင် သတိထား ပါ ။ လွတ်ပြီဆိုမှ သာ ဘုရားစာ ကို စိတ်ချ လက်ချ ရွတ်ပါ ။ မဟုတ်ပါက ဘုရားစာ မရွတ်ဖတ် သရဇ္ဈာယ် ရမှီ ဘေးအန္တရာယ် ဖြစ်မည် ကို စိုးရိမ်မိသဖြင့် ရေးလိုက်ခြင်း ဖြစ်ပါသည် ။ ကျေးဇူးတင်ပါသည် ။

About မောင် ပေ

မောင် ပေ has written 396 post in this Website..