အထက်ပါ စာကတော့ ဇွန်လ (၁၀) ရက်နေ့ နေ့စွဲပါ ပြည်မြို့နယ် အုပ်ချုပ်ရေးမှူး အောင်ဇော်ထက်က နာရေးကူညီမှုအသင်း သုခကုသိုလ်ဖြစ် ဆေးခန်း(ပြည်) ၏ လှုပ်ရှားဆောင်ရွက်မူများကို ရပ်ဆိုင်းထားရန် ပေးပို့ထားသော စာဖြစ်ပါသည် ။
သုခကုသိုလ်ဖြစ် ဆေးခန်း(ပြည်)ကို ၈.၆.၂၀၁၁ မှစ၍ စမ်းသပ်ဖွင့်လှစ်ကာ ရဟန်းရှင်လူအပေါင်းတို့၏ ကျန်းမာရေး ကိစ္စအ၀၀ကို အခမဲ့ကုသပေးလျှက်ရှိရာ ၉.၆.၂၀၁၁ ရက်နေ့အထိ လူနာပေါင်း (၈၉) ဦးတို့ကို ကုသပေးပြီးဖြစ်သည်။ ဆရာဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့်အတူ ဆရာဝန် (၄)ဦးတို့မှ ကုသိုလ်ဖြစ် ပရဟိတစိတ်ဓါတ်ပြည့်ဝစွာ လာရောက်ကုသပေးမှုကြောင့် ပြည်မြို့ ရေနံချောင်း၊ ပုတီးကုန်း၊ သဲကုန်း၊ ပေါက်ခေါင်း၊ နှောကုန်း အစရှိသည့် မြို့ရွာများရှိ ကျန်းမာရေးချို့တဲ့သော ရဟန်း သံဃာ အများပြည်သူတို့မှာ များစွာဝမ်းသာပီတဖြစ်ခဲ့ရသည်။ ထိုနည်းတူ ကုသပေးသော ဆရာဝန်ကြီး များ၏ပီတိ၊ ဦးဆောင်ဦးရွက်ပြုလုပ်ခဲ့သော ပြည်မြို့ မိုးမေတ္တာပရဟိတလူငယ် သွေးလှူအဖွဲ့တို့၏ ပီတိ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ပီတိတို့ကား အတိုင်းအဆမရှိဖြစ်ခဲ့ရသည်။

ယခုမူ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ တားမြစ်မှုသည် အဘယ်ကြောင့် တားမြစ်ရပါသနည်းဟု အဖြေရှာမရတော့ချေ။ အများပြည်သူတို့ လိုအပ်နေသော ကျန်းမာရေးကို လှစ်လျူရှုချင်ပါ၍လားဟု စဉ်းစားမိသည်။ ရဟန်းရှင်လူ အများပြည် သူတို့၏ မျက်နှာများ၊ အလှူရှင်တို့၏ မျက်နှာများကို တစ်ချက်လေးတော့ ငဲ့ကြည့်သင့်သည်။

About နွယ်ပင်

နွယ် ပင် has written 243 post in this Website..