ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းဝယ်ယူသူ Customer များအနေဖြင့် Warranty ရှိပစ္စည်းများ ချွတ်ယွင်းပျက်စီးမှု ဖြစ်ပေါ်လာသည့် အခါဝယ်ယူခဲ့သောဆိုင်သို့သွားရောက်ပြုပြင် လဲလှယ်ရာ၌ အဆင်မပြေမှုများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။ “ကျွန်တော့် မန်မိုရီစတစ်ဆိုရင် Warranty ရှိပြီး Brand လည်းကောင်းတော့ စိတ်ချလက်ချပဲဝယ်ယူခဲ့တာ။ အိမ်ရောက်တော့သုံးမယ်ဆိုပြီး USB ပေါက်ထဲထိုးကြည့်တော့ စတစ်က Detect တောင်မှရဘူး။ ဝယ်ယူခဲ့တဲ့ဆိုင်မှာသွားပြန်ပြပြီးလဲတော့ အီးမလုပ်အဲမလုပ်နဲ့တစ်လတောင်စောင့်လိုက်ရတယ်။ Warranty မရှိတဲ့ပစ္စည်းတွေဝယ်တာကပဲ စိတ်ချမ်းသာရဦးမယ်” ဟု ကွန်ပျူတာ ဟတ်ဝဲလ်သင်တန်းတက်ရောက်နေသူ ကိုစွာစိကပြောသည်။ အမှန်တကယ်အားဖြင့် ကွန်ပျူတာအရောင်းဆိုင်တချို့တွင် ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများသည် Warranty ပေးထားသည်ဆိုသော်လည်း ပင်ရင်းဆိုင်မှ တစ်ဆင့်ပြန်လည်ဝယ်ယူ ရောင်းချရခြင်း ဖြစ်သောကြောင့် ပစ္စည်းပြုပြင်လဲလှယ် ဝန်ဆောင်မှု ပေးရာတွင် နှောင့်နှေးကြန့်ကြာမှုများ ရှိနေပြီး ပစ္စည်းပြန်လဲမပေးမှု များပင်ရှိနေကြောင်းသိရသည်။ ဆိပ်ကမ်းသာလမ်းရှိ ကွန်ပျူတာအရောင်းနှင့် ဆားဗစ်ဆိုင်တစ်ဆိုင်မှ မဖြူဖြူခိုင်ကလည်း “လုပ်ငန်းလည်ပတ်ပုံနဲ့ တချို့အနေအထားတွေက Customer တွေစိတ်ပျက်မယ်ဆိုရင်လဲ သူတို့ကို အပြစ်ပြောလို့မရဘူး။ ဆားဗစ်ပေးတဲ့ဝန်ထမ်းတွေ အနေနဲ့လဲလုပ်ပေးနိုင်တဲ့အတိုင်းအတာထိတော့ လုပ်ပေးပါတယ်။ တချို့အပိုင်းတွေကျတော့ ရောင်းပြီး ပြီးရောဆိုသလိုမျိုး ဖြစ်နေတော့ Customer တွေရဲ့မကျေနပ်သံကို အမြဲလိုလိုကြားရတဲ့အခါ ဦးနှောက်ခြောက်ရတယ်” ဟုပြောသည်။ ယင်းပြင် အိုင်စီတီ အရောင်းပြပွဲ တစ်ခု၌လည်း Acer အမျိုးအစား ၁၂သိန်းတန်လက်တော့ပ် ဝယ်ယူခဲ့သော Customer တစ်ဦးသည် Laptop Bag တွင် Acer အမှတ်တံဆိပ် မပါ၍ဆိုက ယင်းလက်တော့ပ်အားအဆိုပါကွန်ပျူတာအရောင်းဆိုင်သို့ ချက်ချင်းပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။

About kln

k ln has written 409 post in this Website..