ကျောက်ဆည်မြို့မှာပထမဦးဆုံး လူငယ်လေးများ ဖွဲ့စည်းတည်ထောင်ထားတဲ့ဆွမ်းလောင်းအသင်းလေးပါ …… ဆွမ်းလောင်းအသင်းကိုစတင်တည်ထောင်စဉ်က လူငယ်လေး ( ၁၀ )ယောက် ဖြင့်မတည် တည်ထောင်ပြီး အခုဆိုလျှင် အဖွဲ့ဝင်လူငယ်လေးများ ( ၅၃)ယောက်တောင်ရှိနေပါပြီ … အသောကရာဇာဆွမ်းလောင်းအသင်းဟာ လပြည့်၊လကွယ်နေ့တိုင်း သံဃာတော်အရှင်သူမြတ်များကို ဆွမ်းလောင်းလှူပါသည် ….အခုဆိုလျှင် (၁၀ )ကြိမ်မြောက် ရှိပါပြီ …. ကနဦးအစမှာ ဘုန်းကြီးနှင့်ကိုရင်များ အပါး (၃၀)လောက်သာကြွရောက်အလှူခံပါတယ် … အခုဆိုလျှင် ဘုန်းကြီး နှင့် ကိုရင်လေးများ အပါး (၂၀၀)ကျော် ကြွရောက်အလှူခံပါတယ်ဟုသိရပါတယ် … အသင်းမှာ အသက် ( ၂၀ ) အရွယ်လူငယ်လေးများနှင့်အသက်(၁၅) နှစ်အရွယ်လူငယ်လေးများသာဖြစ်ပါတယ် ..အသင်း၏ရည်ရွယ်ချက်မှာ သာသနာ့တော်ကြီးအား အဓွန့်တည်တံခိုင်မြဲအောင် ဆောင်ရွက်နေကြသော ရဟန်းသံဃာတော်များအား ပစ္စည်းလေးပါး အထောက်အပံ ရရှိစေရန်ရည်ရွယ်ပြီး ရပ်ကွက်နှင့် မြို့နယ်အတွင်းရှိလူငယ်လေးများ သာသနာ့တော်ကို ပိုမိုယုံကြည်သက်ဝင်လာပြီး သာသနာ့ပြုသူရဲကောင်းလေးများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်ပါသည် …

အသောကရာဇာဆွမ်းလောင်းအသင်းရှိလူငယ်လေးများဟာ ရပ်ကွက်အတွင်းတွင် လူမှုကူညီမှုများနှင့် ပရဟိတ လုပ်ငန်းများကိုလည်း လုပ်ဆောင်နေကြပါသည် … ရပ်ကွက်အတွင်းရှိ လမ်းမီးတိုင်များတွင် မီးသီးများတပ်ဆင်ခြင်း ရေမြောင်းဖောက်ပေးခြင်း လမ်းပြင်ခြင်း နှင့်  တစ်ခြားလုပ်ငန်းများကို ဆောင်ရွက်နေကြပါသည် ….အခုဆိုလျှင် ကျောက်ဆည်မြို့မှ ရေကြီးနေသော ရပ်ကွက်များတွင် ထမင်းထုပ်များကို ရေများထဲထိ တစ်နေကုန်လိုက်လံဝေဌပေးနေပါတယ် …. ရေတွေကလည်း လူမြုပ်တဲ့အထိကို နစ်တဲ့နေရာများကို ဖောင်များ ကျွက်များဖြင့် ဝေဌပေးနေပါတယ် …. စေတနာ့ရှင်များကလည်း ဆွမ်းလောင်းအသင်းတည်နေရာသို့လာရောက်ပြီး ရေဘေးကယ်ဆယ်ရန်နှင့် ထမင်းထုပ်များ ဝေဌနိုင်ရန် ဆန်၊ဆီ၊ဆား၊ကြက်သွန် ပိုက်ဆံ အစရှိသည်တို့ကို လာရောက်လှူဒါန်းကြပါသည် … သာသနာ့တော်ကြီးအတွက် အခုလိုလူငယ်လေးများ အများအပြားပေါ်ပေါက်လာတာအရမ်းကောင်းပါတယ် … အားလည်းအားပေးပါတယ် … ဖြစ်နိုင်ရင်ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းချင်ပါသေးတယ် … သာသနာ့တော်ကြီး အဓွန့်ရှည် တည်တံ ခိုင်မြဲပါစေ ….

About thihayarzar

thiha yarzar has written 76 post in this Website..