ကျွန်တော် အရင်နေ.က အင်တာနက်ဆိုင်သွားပြီး ဒီရွာထဲလာမယ်လို.စိတ်ကူးပြီး ကောင်တာကိုစက်တစ်လုံးယူမယ်ဆိုတော. သူတို.ကလည်းအလွယ်တကူဖွင်.ပြီးသား

နံပါတ် 1 ယူလိုက်ပါအစ်ကိုဆိုတော. အိုကေပေါ.ယူလိုက်တယ် နံပါတ် 1 ဆိုတော.ကောင်တာအနားပေါ.ဗျာ ဒါနဲ.ရွာထဲဝင် ကလိနေတုန်း  ကောင်မလေး

သုံးယောက်ဆိုင်ထဲဝင်လာတယ် ကောင်တာကိုပြောတယ် Print ထုတ်မယ်ဆိုတော. ကျွန်တော်လည်း စပ်စုတာပေါ. သူတို.ဘာတွေလည်း ပေါ.နော်

ဒါနဲ.မသိမသာကြည်.နေတာပေါ. သူတို.က သတင်းထောက်တွေဗျ စာမူတွေကို ထုတ်မလို.ဆိုတာ ကြည်.နေရင် သူတို.စကားတွေ

ကြားနေရင်းနဲ.သိရတာပါ ဒါနဲ.ဆက်လက်ပြီး အကဲခတ်နေတာပေါ. နည်းနည်းတော. အထင်ကြီးသွားသေးတယ်ဗျ အသက်ကအလွန်ဆုံး 24 ပေါ.ဗျာ

သတင်းထောက်လုပ်နေတာက သူငယ်ချင်းသုံးယောက်လုံးဆိုတော. သူတို.အဖွဲ.တော်တော် ပျော်ကြမှာပဲလို.လေ ၀ါသနာတူ အသက်တူ သူငယ်ချင်းသုံးယောက်

အတူတူတွဲလုပ်နေတာဆိုတော.တော်တော် လည်းသူတို.ကိုကြည်.ပြီး ကြည်နူးမိပါတယ် Print ထုတ်ပြီးတော. သူတို.က တစ်ယောက်တစ်ပေါက် တွေပြောလာကြပြီ

တစ်ယောက်ကလည်း ဟဲနင်.သတင်း ကြီးကမှားနေတယ်တဲ.။ ကြိုပြောထားမယ်နော် သူတို. သတင်းတင်မယ်ဆိုတဲ. စာမူက မြေနီကုန်းမီးပွိုင်.မှာ  26 ရက် 6 လပိုင်း

က ကား 8 စီးဆင်.တိုက်တာကိုတင်မလို.ဗျ။ ဒါကလည်းသူတို.ပြောတဲ.စကားတွေကို နားထောင်ပြီးသိရတာပါ တစ်ယောက်ကနင်ရေးတဲ.အထဲမှာ မှားနေတာက

မြေနီကုန်းဘက်က လိုင်းကား မှန်လုံက 56 မဟုတ်ဘူး နင်ရေးထားတာ 56 ကြီးဖြစ်နေတယ်တဲ. ဒါနဲ.ကျွန်တော်တောင် ကြိတ်ပြီး ၇ယ်မိသေးတယ်

ဟုတ်တယ်လေဗျာ မြေနီကုန်းဘက်မှာ 56 မှန်လုံးမှမရောက်တာ 51 တို. 50 တို.ပဲရောက်တာကိုးနော် အမှန်က 51 မှန်လုံလို. သိရပါတယ် အဲဒါတစ်ယောက်မှားတာ

နော်။ သူတို.က ပြီးတော. သွားတင်မှာက သုံးယောက် တစ်ယောက်နဲ.တစ်ယောက်သတင်းကမတူဘူး သတင်းသွားယူတော. အတူတူယူလာကြတာထင်ပါတယ်

ကားတိုက်လို. ထိခိုက်သွားတဲ.လူနာစာရင်းက တစ်ယောက်တစ်မျိုးဖြစ်နေတာဗျ ဒါကိုသူတို.ထဲကတစ်ယောက်က ဘယ်လိုလုပ်မလဲ ဘယ်ဟာကအမှန်လဲဆိုတာ

ဘယ်လိုပြောပြရမလဲပေါ. သူတို.ကလည်း ငြင်းနေကြတာ သူအမှန် ငါအမှန်ပေါ.ဗျာ ဒါနဲ.တစ်ယောက်က ထပြောတာ ငါတို. တူတူသွားမတင်နဲ. တစ်ယောက်ပြီးမှ

တစ်ယောက်သွားတင်မယ် အတူတူတင်ရင် ဘယ်သူ.ဟာအမှန်လည်းမေးရင် ငါတို.လည်းမဖြေနိုင်ဘူးတဲ. တစ်ယောက်ချင်းတင်မှ သူတို.ဖာသာ မှန်တဲ.ဟာ

သတင်းထဲထည်.လိမ်.မယ်တဲ.ဒီလိုပြောပြီးသူတို.လည်း ပြန်ထွက်သွားကြတယ်

သူတို.ပြန်သွားမှ စဉ်းစားကြည်.မိတာ ဒီသီတင်းကြီးက နောက်နေ.ဆို စာစောင်ထဲထည်.မှာပေါ.နော် အယ်ဒီတာကတော. အမှန်ဖြစ်တာကိုထည်.မှာပါ

သူတို.လုပ်ပုံက သတင်းဖြစ်ပြီးရော မှန်တာမမှန်တာကိုရွေးဖို.က အယ်ဒီတာအလုပ်ဆိုတဲ.သဘောမျိုးသက်ရောက်နေတာကိုဗျ

နိုင်ငံကျော် သတင်းထောက်ဖြစ်ချင်ရင် သတင်းကိုမှန်မှန်ကန်ကန်ဖြစ်ဖို.လိုတယ် ဆိုတာကိုသူတို.လည်းသိမှာပါ အခုဟာက သူများထက်လက်ဦးပြီး သတင်းတင်ဖို.

မပြောနဲ. သုံးယောက် တူတူသတင်းသွားယူတာတောင် သတင်းကမကိုက်ဘူးဖြစ်နေတာ

ပြီးတော. မှန်တာကိုအယ်ဒီတာ သူ.ဖာသာကြည်.တင်မလေ.ဆီဆိုပြိး ပြီးစလွယ်လုပ်သွားတာကိုတော. နည်းနည်းဝမ်းနည်းမိတယ်ဗျာ

အခုအစကတည်းက မှန်တယ်ဟုတ်တယ်ဆိုတဲ.သတင်းတွေကို စပြီး ပြုစုသင်.တယ်လို.ကျွန်တော်ကတော. ထင်တယ်ဗျာ

ဒါမှလည်း သူတို.အတွက်အကျိုး၇ှိမယ် သတင်းတိုက်အနေနဲ.လည်း နံမည်ရမယ် ကျွန်တော်တို.လို ဖတ်တဲ.သူတွေလည်း အမှန်ကိုသိခွင်.ရမယ်

အခုဟာကျတော. သူတို.လည်း သတင်းမမှန်ရင် အချိန်ကုန်မယ် ပိုက်ဆံကုန်မယ် သတင်းတိုက်ကလည်းမထည်.တော. ပိုက်ဆံပေးမှာမဟုတ်ဘူး

ဘယ်သူမှလည်းအကျိုးမရှိတာကို ဘာ.လို.များသွားပြီးတင်နေအုံးမှာလည်းလို. ကျွန်တော်စဉ်းစားမိတာကိုပြောတာပါ။

အဲလိုသတင်းထောက်တွေကလည်း ဘယ်လောက်တောင်ရှိနေမလဲစဉ်းစားရင်း ပို.စ်တင်လိုက်အုံးမယ် ဒီအဖြစ်အပျက်လေးကိုဆိုပြီး

ကြည်.လိုက်တော. ကွန်နက်ရှင်ကလည်း ရွာထဲဝင်ဖို.ဂိတ်ပေါက်တွေ အစောင်.တွေချထားသလား အောက်မေ.ရအောင်ခက်ခဲနေတာနဲ.

မတင်ဖြစ်တာပါ အခုမှပဲတင်လိုက်တာပါ

ရွာထဲက လူတွေလည်း မဟုတ်တာတွေကို လိမ်မတင်ကြနဲ.နော် သူကြီး ပွိုင်.တွေ ဖြတ်ပြစ်လိမ်.မယ်

 

 

About ရွှေဘိုသား

ရွှေဘို သား has written 92 post in this Website..

စာများကို ရေးတတ်လို. မဟုတ်ပါ သည်းခံဖတ်ပြီး ဝေဖန်ပေးကြပါ