မေး ထဲကိုေ၇ာက်လာတဲ.ပုံပြင်လေးတပုဒ်ကို

အဆင်ပြေသလိုဘာသာပြန်လိုက်တာပါ

တခါတုံးက တောမြို.လေးတမြို.မှာ မုဆိုးမတယောက်

က  ၁၀ နစ်အရွယ် နဲ.၈နစ်အရွယ် သား၂ယောက်နဲ.ဘဝ

ကိုရုန်းကန်နေရသတဲ.

ဝမ်းစာရေးကိုဦးစားပေးနေရတော. သူ.သား၂ယောက်

ကို သွန်သင်နိင်ခြင်းမရှိတော. ကလေး၂ယောက်ကဆိုးချင်တိုင်းဆိုး

နေကြတယ်လေ…

အိမ်နီးနားချင်းအိမ်တွေက သစ်သီးတွေ ကြက်တွေ ဌက်တွေ ဆိုတာ

သူတို.လက်ချက်နဲ.ပျောက်ကုန်တာ မနည်းတော.ဘူးလေ

နောက်ဆုံးတော.ဘာပျောက်ပျောက်သူတို.လက်ချက်ဘဲ ဆိုတော.

အိမ်နီးနားချင်းတွေက သူတို.ညီအကို အကြောင်းသူ.အမေကို

တိုင်ကြတာများလာတော.သူ.အမေက ဘယ်လိုလုပ်ရမလဲစဉ်းစားလာတာပေါ.

ဒါနဲ.သူလဲ  သူတို.မြို.လေးကဘုရားကျောင်းကို သွားပြီး  ဖာသာကြီးကို

သူ.ခလေး၂ယောက်လိမ္မာအောင်ဘယ်လို လုပ်ရမလဲတိုင်ပင်တဲ.အခါ

ဖာသာကြီး က ဘာမှစိတ်မပူနဲ. သူ.ဆီကိုလွှတ်လိုက် ပါ လိုပြောလိုက်တယ်လေ

ဒါနဲ.အမေလဲအိမ်ပြန်လာပြီးသူ.သား၂ယောက်ကိုပြောတာပေါ.

မင်းတို.ညီအကို  ၂ယောက်ကို ဖာသာကြီးကခေါ်နေတယ်

ဘုရားကျောင်းကိုသွားရမယ် ပေါ. ပြောပြီး အမေကသူ.အလုပ်ဆီထွက်သွားတယ်

ဒါနဲ.ညီအကို၂ယောက်မှာ အငယ် ဖြစ်တဲ.သူက သူအရင်သွားမယ်ဆိုပြီး

ဘုရားကျောင်းကိုထွက်လာခဲ.တယ်လေ ကျောင်းရောက်တော.

ဖာသာကြီး နဲ.တွေတော.တာပေါ. အဲဒီမှာဇတ်လမ်းစတော.တာဘဲ

ဖာသာက သူ.ကို နာမည်တွေဘာတွေမေးပြီး နောက် မင်း ဘုရားသခင်

ကိုသိလားလို. စမေးတော.တာဘဲ  …

ကောင်လေးကဘာမှမဖြေဘူး အဲဒီတော.တခါထပ်မေးတယ် လေသံကတော.နဲနဲမာလာပြီပေါ.

ဒါပေမယ်.ဒီတခါလဲကောင်လေးက ဘာမှမဖြေပြန်ဘူး ဒီအခါ ဖာသာကြီးလဲစိတ်ဆိုးပြီး

ဟေ.ကလေး မင်းဘုရားသခင်ကိုသိလားကွဆိုပြီး အော်ဟစ်ပြီးမေးလိုက်တဲ.အခါ

ကောင်လေးကကြောက်လန်.ပြီး အိမ်ကိုပြန်ပြေးပါလေရော……

အိမ်ရောက်တာတောင် အကြောက်မပြေသေးဘဲ အိမ်တံခါးနောက်မှာ

ဝင်ပုန်းနေသတဲ.တကိုယ်လုံးလဲတုန်လို.ပေါ.

အကိုလုပ်တဲ.သူကသူညီလေးပျောက်နေတာသတိထားမိပြီးလိုက်ရှာတော.မှတံခါးကြားမှာ

ပုန်းနေတဲ.သူ.ညီကိုတွေတော.မေးတာပေါ. မင်းဘာဖြစ်လို.ပုန်းနေရတာလဲဆိုတော.

သူ.ညီလေးက အကိုမြန်မြန်လာပုန်းနေ ၊  ဒီနေ.ဘုရားကျောင်းကို သွားတာ ဖာသာကြီး က

ဘုရားသခင် ပျောက်နေတာ  တိုညီအကိုလက်ချက်လို.ထင်နေတယ်

ငါတို.တော. ဒီတခါတကယ်ဒုက္ခရောက်ပြီ …..တဲ.

ဒီပုံပြင်လေးကိုဖတ်ပြီး စိတ်ထဲမှာတမျိုးဘဲ  ခံစားရလို.ရွာသားတွေကိုမျှလိုက်တာပါ

 

 

 

 

 

About ထာဝရ

ထာဝရ has written 27 post in this Website..

It's your choice how you live your life. It's all about altitude