ထာ၀ရJune 13, 20121min25613
ကျွန်တော်မောင်ဘရွှေ  ခုတလော  စိတ်အလိုမကျဖြစ် နေတာ တပတ်လောက်ရှိပြီ… အကြောင်းကတော. နာမည်ကြောင်.ပါဘဲ အမေပေးခဲ.တဲ.ဒီ ဘရွှေ ဆိုတဲ. နာမည်ဟာ ခုခေတ်မှာ တော်တော် တုံးတဲ.ခေတ်မမှီတော. နာမည်ဖြစ်နေတာကြောင်.ပါဘဲ… သူငယ်ချင်းတွေရဲ.နာမည်တွေက  နေတိုးတို.   ပြေတီဦးတို.ဖြစ်နေတဲ. အချိန်မှာ ကျွန်တော.နာမည် ဘရွှေ ဆိုတာ မိတ်ဆက်ရတာတောင် ရှက်သလိုဖြစ်နေမိတယ်…..   တပတ်တိတိ လေးလေးနက်နက်စဉ်းစားပြီး  နောက်ဆုံး ဆုံးဖြတ်ချက်တခုချလိုက်တယ် ကိုယ်နာမည်ကိုပြောင်းမယ်ပေါ.  …  ခေတ်လဲမှီရမယ် လူသိလဲများရမယ် အများလဲ သဘောကျတဲ.နာမည်ဖြစ်ရမယ် နဂိုကနာမည်နဲ.လဲဆင်ဆင် တူရမယ်ဆိုပြီး  စဉ်းစားလိုက်တာနောက်ဆုံးတော.  မောင်ဘရွှေ ဆိုတဲ.နာမည်ကို သတင်းစာထဲကနေ မောင်ရွှေဘ ဟုပြောင်းပြီ.. လို. တလောကလုံးကို ကြေငြာလိုက်တယ် အိမ်မှာလဲ အသိမိတ်ဆွေသူငယ်ချင်းတွေကို ဖိတ်ကြွေးပြီး အမည်ပြောင်းကင်မွန်းတပ်လုပ်ပြီး ကြေငြာလိုက်တယ်လေ..   ပြသနာက ခုမှစတော.တာဘဲ  […]


ထာ၀ရFebruary 16, 20121min2889
ရှေး ရှမ်းစော်ဘွား တွေရဲ. နန်းစဉ် ရတနာတပါးလို.ဘဲ အကြမ်းဖျင်းသိရပါတယ် နဝရတ်ကိုးသွယ်လက်စွပ်တကွင်းပါဘဲ… ဒီလက်စွပ်ရဲ. စော်ဘွားနွယ်ဝင်နောက်ဆုံးပိုင်ရှင်ဟာ လက်စွပ်ကို ထာဝရ ရဲ.လက်ထဲကို ရှမ်းတို.ရိုးရာကတော.ပွဲအစုံနဲ. အပ်နှံပြီး အမေရိကားကိုထွက်သွားတဲ.အချိန်ကစလို. အခုအချိန်ထိ အဆက်သွယ်မရတော.ပါဘူး သူကြီးခင်ဗျား ရှေးနန်းစဉ် ရတနာ တပါးမို. သူ.ရဲရာဇဝင်ကိုလဲသိနိင်တဲ.လူများ ရွာထဲမှာရှိခဲ.ရင် ဒါမှမဟုတ် ဝင်ရောက်ဖတ်ရှုသူတွေထဲကပညာရှင်တွေများသိခဲ.ရင် ဖေါ်ထုတ်ပေးနိင်အောင် ရှားပါးတဲ.နန်းစဉ် နဝရတ်လက်စွပ်ရဲ.ပုံတွေကိုတင်ပေးလိုက်ပါတယ် ဒီနဝရတ်လက်စွပ်ဟာ ဘေးတဖက်တချက်မှာ ကဒေါင်းကနေတဲ.ပုံကိုအနုစိတ်ပြုလုပ်ထားပါတယ် လက်စွပ်တဲ.ဘက်၂ဘက်မှာတော. ခြင်္သေ. ကို နဂါး၂ကောင် ခြံရံထားတဲ.ပုံ ကိုအနုစိတ်ပြုလုပ်ထားပါတယ် ဘယ်လောက်အနုစိတ်လဲဆိုရင်ခြင်္သေ.ရဲ.လိင်အဂါင်္ကိုတောင်မှန်ဘီလူးနဲ.ကြည်.ရင်တွေ.နိင်ပါတယ် လက်စွပ်ကွင်းဟာသာမန်လူလက်မမှာစွပ်တာတောင်ချောင်ချင်ပါတယ် လက်စွပ်ဟာပတ္တာ နဲ.ပြုလုပ်ထားတဲကွင်းအရှင်ပါ လက်စွပ်ဟာနဝရတ်ကိုးသွယ်ကိုစီခြယ်ထားပေမယ်. မတ္တမြားပတ်လည်မြှတ်ထားတဲ.ရှေးလက်စွပ်တကွင်းပါဘဲ နောက်ဆုံးပိုင်ရှင်ရဲ. ပြောပြချက်အရ ရှေးရှမ်းတော်ဝင်စော်ဘွားတွေ တရားစီရင်ရာ နဲ.မင်္ဂလာအခမ်းနားတွေမှာ ဝတ်စဉ်လေ.ရှိတဲ.ရတနာ တပါးလို.ဆိုပါတယ်   အမြဲ ပြောင်းလဲနေတဲ. ထာဝရ  


ထာ၀ရFebruary 15, 20121min1295
စစ်အောင် ( ကိုစစ်အောင် Face Book ပေါ်က ပို့စ်ပါ အများသိစေချင်လို.ကူယူဝေမျှလိုက်တာပါဒီနေရာကနေခွင်.တောင်းလိုက်ပါတယ်ကျေးဇူးပါ ) နိုင်ငံရေး အကျဉ်းသားတွေ လွှတ်လိုက်တာ အပြီး နောက်ထပ် လူပြော သူပြော အများဆုံးက ငါးထောင်တန်း ဆင်းကဒ်ဆိုတဲ့ အကြောင်းပဲ။ ဖုန်းတစ်လုံး ငါးသိန်းဆိုလို့ စိတ်ပျက်သူ များနေတဲ့ မြန်မာ နိုင်ငံမှာ ငါးထောင် ဆိုတာနဲ့ အုန်းအုန်း ထသွားလိုက်တာ ဆက်သွယ်ရေးက ရှင်းပြတာတောင် မရတော့ဘဲ Campaign လုပ်မယ် ဆိုတဲ့ ဘဝတောင် ရောက်ပါလေရော။ ထုံးစံအတိုင်း လူကြမ်း မင်းသားကတော့ ဆက်သွယ်ရေးပေါ့။ ကျွန်တော်ကတော့ ငါးထောင်ဖုန်း ကိုင်ရမယ် ဆိုတော့ ပျော်တယ်။ ဒါပေမယ့် ရွှေပြည်တံခွန် ကုမ္ပဏီရဲ့ ရှင်းလင်းချက်မှာ လုပ်ခွင့်ရပြီ ဆိုတာနဲ့ အစု ရှယ်ယာတွေ […]


ထာ၀ရNovember 23, 20111min1184
ဒေါ်အောင်းဆန်းစုကြည်နဲ. NLD  ပါတီဟာ မှတ်ပုံတင်မယ် လွတ်တော်ဝင်မယ်လို. ဆုံးဖြတ် ခဲ.ပါပြီ…ဒီအပေါ်မှာ ပြည်တွင်းမှာရှိတဲ. ပြည်သူအများစုနဲ.  အဖွဲ.စည်းတွေက ထောက်ခံခဲ.ကြပေမယ်. ပြည်ပမှာ ရှိတဲ. အစုအဖွဲ.တွေ ကတော. လက်မခံခဲ.ကြပါဘူး အမျိုးမျိုး သော စဉ်းစားတွေးခေါ်မှုတွေနဲ.ဝေဖန်ခဲ.ကြတယ် ကန်.ကွက်ခဲ.ကြပါတယ်   ဘယ်လိုဘဲ ဖြစ်ပစေ  NLD  ဟာသူတို.လျောက်မယ်.လမ်းကို ရွေးသွားခဲ.ပါပြီ … ပြည်တွင်းကပြည်သူလူထုကြီးကလဲ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်စွာနဲ. ထောက်ခံခဲ.ကြပါပြီ..     ဒီနေရာမှာ ကျွန်တော်တို.ရွာသူကြီး  ပို.စ်တခုမှာ မန်.သွားတာ သွားသတိယမိပါတယ် ဗိုလ်ချုပ် အောင်ဆန်း လိုမျိုး သမီး ဖြစ်တဲ. ဒေါ်အောင်ဆန်းစုကြည် လည်း ကြုံနေရတာမို. သမိုင်းချားရဟပ် တပတ်လည်တယ်လို.ခံစားမိတယ် လို.ပြောသွားတာလေးပါ ဆရာကိုသစ်မင်းကလည်း ထောက်ခံတဲ. ထင်မြင်ချက်လေးပေးသွားခဲ.တာ မှတ်မိနေသေးတယ်   တကယ်လဲခုအခြေနေဟာ […]


ထာ၀ရNovember 21, 20111min37621
အခုတလော မှာ ဖြစ်ပွားခဲ.တဲ. ဒုစရိုက်မှုတွေထဲမှာ ထူးခြားတဲ.ပုံစံ တွေ.လာရပါတယ် မြန်မာပြည်မှာကြေးစားလူသတ်ဂိုဏ်း တွေ စတင်ပေါ်ပေါက်လာတော.မလား  ရှိနေပြီလား…. ပြည်တွင်းက ဂျာနယ်တွေထဲကပါတာကိုကူး တင်လိုက်ပါတယ်   ပေါ်ပြူလာဂျာနယ်ထဲပါလာတာပါ မြောက်ဥက္ကလာပမြို့၊ နွယ်သာကီ ၆လမ်းသို့ ညအချိန် ကားများဖြင့် ဝင်ရောက်လာပြီး လိုက်ပါလာသည့် လူ ၂ဝဝန်းကျင်ခန့်က ရပ်ကွက်နေ လူလတ်ပိုင်းတစ်ဦးအား ဓားရှည်များဖြင့် ဝင်ရောက်ခုတ်ခဲ့သည့် ရာဇဝတ်မှုတစ်ခု ၂ဝ၁၁ ခုနှစ်၊ နိုဝင်ဘာ ၁ရရက် ည ၈နာရီ ၃ဝဝန်းကျင်ခန့်က နိုင်ငံခြား ရုပ်ရှင်ဆန်ဆန် ဖြစ်ပွားခဲ့သည်။  အဆိုပါ ဖြစ်ရပ်စတင်ခဲ့ချိန်မှာ ကာယကံရှင်ဖြစ်သူ ကိုကျော်မင်း (အသက် ၃ဝ)၊ မြောက်ဥက္ကလာ ဆေးရုံကြီးသို့ ရောက်ရှိသေဆုံးသွား ချိန်အထိ တာဝန်ယူမှုမရှိခဲ့သော ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ကျ ရဲတပ်ဖွဲ့အား မကျေနပ်၍ နွယ်သာကီ […]


ထာ၀ရNovember 20, 20112min1024
  မေးထဲကရတဲ.ပုံလေးတွေပါ ဒူဘိုင်းမှာစတင်ဆွဲနေပြီလို.ပြောပါတယ် ကျွန်တော်တို.နိင်ငံက လမ်းတွေနဲ.ဆိုသင်.တော်မယ်ထင်တယ်နော်


ထာ၀ရNovember 11, 20112min12512
မိတ်ဆွေ တယောက်က သူ.မွေးနေ.မှာ မယ်သီလရှင်တွေကို ဝတ်စုံလှူချင်တယ် ဆွမ်းကပ်ချင်တယ် တကယ်လိုအပ်တဲ. ကျောင်းကိုရှာပေးပါလို. အကူညီတောင်းလာတော. နီးစပ်ရာတွေနဲ.  ကုသိုလ်ရေးမို. လိုက်ရှာရင်း ရောက်ခဲ.တဲ. သီလရှင်ကျောင်းလေးပါ ပုလဲမြို.သစ် လမ်းမကြီးကနေညာဘက်ကိုဝင်သွားပြီး လမ်းဆုံးခါနီးမှာ တည်ရှိတဲ. ရှေးဘုရားတဆူ ရဲ.ဘယ်ဘက်မှာကပ်ပြီးတည်ရှိတဲ.ကျောင်းလေးပါ ထူးခြားတာက အဲဒီကျောင်းမှာ ပေါက်နေတဲ. နှစ်ချို.သစ်ပင် ကြီး  ၂ပင်မှာ မှီခိုနေကြတဲ. လင်းဆွဲခေါ်မလား လင်ဝက်ခေါ်မလား လင်းနို. ထက်တော.ကြီးတယ်ဗျာ ပါလာတဲ.ကင်မရာကအော်တိုဖိုးကပ်မို. အနီးရိုက်ချက်တွေက မပီပြင်ပါဘူး ရွာထဲက ဓါတ်ပုံ ဆရာကြီးတွေ  ကင်မရာအကောင်းစားနဲ. အနီးကပ် ဆွဲရိုက်ရင် တကယ်ကောင်းတဲ.ပုံတွေ ရနိင်ကြောင်း …..လမ်းညွန်လိုက်ရပါတယ် အမှောင်ကြိုက်တဲ.ညဘက်မှထွက်တဲ.ဂူအောင်းသတ္တဝါမျိုးတွေ နေလည်အလင်း ရောင်အောက်မှာ နေတာဆိုတော.ထူးဆန်းနေသလားလို. ….. အဲဒီသီလရှင်ကျောင်းလေးက အရင်ကတဲကျောင်းသာသာ လေးပါ တနေ.ထိုင်းကလာတဲ.ဘုန်းကြီးတပါးရဲ. သာသနာပြုမှုကြောင်.အခုတော. တိုက်ကျောင်းလေးဖြစ်လာပါပြီ ပုံမှာပါတဲ. […]


ထာ၀ရNovember 9, 20111min10313
  ငြိမ်းလူ မင်းလဲ အသက်ကမငယ်တော.ဘူး ခုထိမိုက်နေတုန်းဘဲလား ရွာဦးကျောင်းဆရာတော်ရဲ. ဆိုဆုံးမစကားသံပါ   မှန်လှပါ တပည်.တော် ကျိုးစားပြီး သီလဆောက်တည်နေပါတယ်ဘုရား လို. ပြန်လျောက်လိုက်တော.  ဆရာတော်ကပြုံးပြီး  ဟေ.. လုပ်စမ်းပါအုံး ဘယ်လိုသီလတွေဆောက်တည်နေတာလဲ ဆို ပြီးပြန်မေးတယ်လေ..   တပည်.တော် သူများ အသက်ကိုမသတ်အောင် ရှောင်ကျဉ်ပါတယ်ဘုရား ယုတ်ဆွအဆုံး  ခြင်လေးတကောင်တောင်  သေစေလိုတဲ.စိတ်နဲ. မသတ်တော.ပါဘူးဘုရား ဒါပေမယ်.လမ်းသွားရင်းနဲ.အကောင်တွေ ဘာတွေတော. တက်နင်းမိတာပေါ. ဘုရား ဒါလဲ မနောကံနဲ. ဝစီကံနဲ. သေစေလိုတဲ.စိတ်နဲ.တော. နင်းသတ် ခဲ.တာ မဟုတ်ပါဘူး ဘုရား  ကျန်တဲ.  သူများပစ္စည်းခိုးတာတို. သူတပါးသားမယား ပြစ်မှားတာတို. လိမ်ညာပြောတာတို.  အရက်သေစာသောက်စားတာတို.ကတော. တခါတလေ မနောကံမှာ ပေါ်လာပေမယ်.  ကာရကံမြောက် မကျုး လွန်ဘူးပါဘူးဘုရား လို. စာသံပေသံနဲ. […]


ထာ၀ရNovember 8, 20111min14916
ခုတလော အင်တာနက်သတင်းဆိုဒ် တွေမှာ.. ဒေါ်အောင်ဆန်းစုကြည်ကို ဦးတည်တိုက်ခိုက်လာတဲ. သတင်းတွေ ဖတ်ရတာ များလာလို. ဒီဆောင်းပါး လေးကို ရေး လိုက်တာပါ   အားလုံးသိကြတဲ.အတိုင်းဘဲ  မြန်မာပြည်ဟာ နိင်ငံရေး အပြောင်းအလဲတွေနဲ. အရေးကြီးတဲ.အချိန်အခါထဲရောက် နေပါပြီ ဒီအချိန်မှာလွတ်လပ်မှုကိုလိုလားတဲ. သူတွေအားလုံး ပြည်တွင်းပြည်ပ စည်းလုံးညီညွတ်ကြရမယ်. အချိန်ပါဘဲ ရလာတဲ.အခွင်.အရေးကို ပီပြင်အောင်အသုံးချ ရမယ်.အချိန်ကောင်းပါ   ဒီလိုအချိန်မှာမှ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်လာတဲ. သတင်းတွေကို ဖတ်ရတာအော.နလုံးနာစရာပါဘဲ ပြည်သူတွေကိုတွေဝေအောင် စုစည်းလို. မရအောင်အချိန်ကိုက် ဖန်တိးလာတယ်လို.မြင်မိတယ် အထူးသဖြင်.ပြည်ပ က နိင်ငံရေးသမားတွေဟာ အမေစုကိုပိုပြီးဝေဖန်လာကြတာပါဘဲ.. ပြည်ပမှာအနေအစားချောင်ရာကနေ ခေါင်းပါချောင်သွားတာလား ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည်ရဲ. ကျော်ဇောမှု ပြည်သူတွေရဲ. ချစ်ခင်မှုကို မနာလိုမရှုစိမ်.ဖြစ်တာလား သူတို.ကိုတိုင် နေရာမရတော.မှာစိုးရိမ် သလား မသိ အပုတ်ချသံတွေ ပိုညံလာတာတွေ.နေရတယ် […]


ထာ၀ရNovember 6, 20111min602
တစ်ထောင်.ကိုးရာ ခြောက်ဆယ်.ခြောက် လူ.ပြည်ကို တခေါက်  ရောက် ခဲ.တယ် ဖြူစင်တဲ. စိတ်ရင်းနဲ. သနားတတ်ခြင်း ဉာဉ် အမှန်တရား  ခင်တဲ. အမေ.ရဲ. ချစ်ခြင်းအောက်မှာ ကျွန်တော် နွေးထွေးစွာ  ရှင်သန်ခွင်.ရခဲ.တယ်     လောကအတွက်ဆို အမြင်မဖြောင်.ရင်နေပစေ အသွင်ကောက်  ပေမယ်.  အသုံးဝင်တဲ. တံစဉ်လို လူသားမျိုး အမေ မွေးရကြိုး နပ်ချင်သတဲ. သူ.စရိုက် သူ.အသွင် အမေဟာ သူဖြစ်စေချင်သလို ပုံသွင်းရင်း ကျွန်တော် ကြီးပြင်းခဲ.တယ်လေ…..     ဆုတောင်းမှားပြီလား  ဒီလိုခေတ်ဆိုးထဲမှာ ဖြတ်သန်း အရေးတော်ပုံတွေထဲ တက်ကြွလိုက် လက်လျော.လိုက် ဒေါသနဲ.တောက်ခေါက်လိုက် ရင်နင်.စွာငိုကြွေးလိုက်နဲ. ကြွေလွင်.သွားကြတဲ. မိတ်ဆွေတွေအတွက်လဲ မဖြေနိင် အနာဂတ်ကို ကိုယ်မပိုင် ပေမယ်. သူငယ်ချင်းတို.ရေ တနေ.တော.ပန်းတိုင်ကိုရောက် ရမှာပါ……. […]


ထာ၀ရOctober 27, 20111min1527
ခပ်ငယ်ငယ်  ကလေးတွေ  တခုခု  အလိုမကျရင်    နှပ်တွဲလွဲကျတဲ.အထိ ခြေစုံဆောင်.ပြီး  ငိုပွဲဆင်တတ် တာတွေ.ဘူးတယ် မဟုတ်လား  အဲဒီအခါ မိဘတွေက ရီစရာတွေနဲ.ချော.မြူရင်  ခလေးကငိုရင်းမတ်တတ်က ရီပြန်ရော အဲ.လိုခလေးတွေကို  ငိုရီငိုရီ  လို.စတတ်ကြတယ်လေ  ကိုငြိမ်းလူကျတော.တမျိုး ကြီးမှဖြစ်တာ…….. တနေ.ပေါ.  အချိန်အတိကျပြောရရင်  ၈၈   အရေးခင်း  ကာလကြီးထဲ မှာ ကိုငြိမ်းလူတို. သူငယ်ချင်း၃ယောက် မြေနီကုန်း  ဗားဂရာလမ်း  ရွှေမန်းရုပ်ရှင်ရုံ ဘေးကပ်ရက် ခြံကဖွင်.တဲ. ဇွန် ကဖေး ထဲမှာ အတွေ.အကြုံတွေ ရှင်းလင်းရေး လုပ်နေတုံး ပြုန်းဆို ပြည်လမ်းမီးပွိုင်.ကနေ ဗာဂရာလမ်းဘက်ကို စစ်တပ်တပ်စိတ်တခု သေနတ်တွေအသင်.အနေအထားနဲ. ချီတက်လာပါရော အဲဒီမှာ ဆိုင်ရှင်က တခါးကို အသာပိတ်တော. ကိုငြိမ်းလူ တို.လဲအထဲမှာ ပိတ်မိနေပါရော ဒါနဲ.ကြောက်ကြောက်နဲ.ဘဲ တခါးကြားကချောင်းကြည်.နေမိတယ် တဖေါက်ဖေါက် သေနတ်သံ […]


ထာ၀ရOctober 26, 20111min1507
ကိုငြိမ်းလူ ဒီနေ.မနက်စောစော အိပ်ရာနိုးတော. အလုပ်အားရက်လဲဖြစ်ပြန်တော. မျက်နှာသစ်ပြီးအိမ်ရှေ.ဝရံဒါကနေ ကိုနေတဲ.ပတ်ဝန်းကျင်ကို  လေ.လာရေး လုပ်နေမိတယ် လမ်းမပေါ်ကိုမျက်စေ.ကစားနေတုန်း အသားဖြူဖြူတရုတ်သွေးပါတဲ.အသက် ၅ဝကျော် အမျိုးသမီးတယောက်နဲ.ခပ်ငယ်ငယ်၃ဝကျော်အမျိုးသမီးတယောက် ဆွဲခြင်းကိုယ်စီနဲ.ဈေး ဝယ်ကပြန်လာရင်းအမျိုးသမီးကြီးက အားရဝမ်းသာနဲ. အမျိုးသမီးအငယ်ကိုပြောပြနေတဲ. စကားသံကိုကြားလိုက်ရတော. ကိုငြိမ်းလူအတော်အံဩသွားတယ် အမျိုးသမီးကြီးက ပြောနေတာက မနေ.ကမြစ်ဆုံ ရေကာတာကို အစိုးရသက်တမ်း ၅နှစ် အတွင်းဆက်မလုပ်ဘဲ ရပ်ဆိုင်းထားမယ်.အကြောင်း ဦးသိန်းစိန်ကကြေညာသွားတယ်ပေါ. သူပြောနေတဲ.လေသံက အားရဝမ်းသာပုံစံနဲ. ကိုငြိမ်းလူ သူတို.ကိုကြည်.ရင်း မြန်မာနိင်ငံသား တွေ နိင်ငံအရေးကိုစိတ်ဝင်စားလာတာ အိမ်ရှင်မတွေကပါ မကျန်ပါလားဆိုပြီး အံဩရင်းနဲ. ဒီမနက်ခင်းလေးကတော.ကျက်သရေရှိလိုက်တာလို.  တယောက်ထဲပြုံးလိုက်မိတယ်     တနေ.ပေါ. ကိုငြိမ်းလူ ရဲ.သားတော်မောင် တစ်တန်းကျောင်းသားကို အင်္ဂလိပ်စာ မညံ.အောင် စနေတနင်္ဂနွေမှာ ကျုရှင်ထားတော. သားတော်မောင်ကို ကြိုဘို.ကိုငြိမ်းလူအလုပ်ဖြစ်လာပြန်ရော ကျောင်းမလွတ်ခင် ခလေးမိဘတွေက သူတို.ချင်းတယောက်နဲ.တယောက်အလာပစကားတွေ ပြောနေကြတာပေါ. […]