သူဌေးဖြစ်ချင်လား…ငါတို့ဘာတွေလုပ်ဖို့လိုမလဲ (၂)

 

မနေ့က ပြောခဲ့သလို ကျွန်တော်တို့တွေ သူဌေးလုပ်ချင်တဲ့သူတွေများပါတယ်…ကျွန်တော်အပါအဝင်ပါ

အရှင်းဆုံးပြောရရင် သူဌေးလို ဇိမ်ခံချင်တယ်ဗျာ…

ကဲ..အဲဒါဆို သူဌေးဆိုတာ ဘာတွေလုပ်ရလဲ….ဘာတွေကြောင့် ချမ်းသာနေတာလဲ

 

အရင်ဆုံးအောက်ခြေကနေစပြီးစဉ်းစားကြည့်ကြမယ်..

အရမ်းကြီးမားတဲ့လုပ်ငန်းကြီးတွေကိုအသာထားပြီး လုပ်ငန်းသေးသေးလေးတစ်ခုရဲ့ သူဌေးတစ်ယောက် ခဏလောက်လုပ်ကြည့်ရအောင်

 

ကျွန်တော်တို့ အလုပ်တွေမှာ ဝန်ထမ်းတွေရှိကြတယ်..

အဲဒီဝန်ထမ်းတွေဟာ တစ်ယောက်နဲ့တစ်ယောက် အရည်အချင်းတွေပေါ်မှာမူတည်ပြီး လစာနှုန်းထားတွေကွဲပြားကြတယ်..

ဟုတ်ပြီ..အဲဒီလစာနှုန်းထားတွေကို သတ်မှတ်သူတွေက ဘာတွေကိုကြည့်ပြီးဆုံးဖြတ်တယ် ထင်လဲ…

တာဝန်ယူမှုဆိုတဲ့အပေါ်မှာ မူတည်ပြီးဆုံးဖြတ်ကြပါတယ်..

 

တာဝန်ယူနိုင်မှု

အလုပ်ထဲမှာကြားနေကျစကားတစ်ခုပေါ့..ဘာမှတတ်တဲ့ကောင်မဟုတ်ပါဘူး ကောင်းစားနေတာ..ဟုတ်ပြီ သူဘာလို့ကောင်းစားတာတုန်း

သူက တစ်နေရာရာမှာ တခြားသူတွေထက်ပိုပြီး တာဝန်ယူနိုင်လို့ပါ..

သူတာဝန်ယူနိုင်တာ..တခြားလူအတွက်ကောင်းတာဖြစ်ချင်ဖြစ်မယ်..မကောင်းတာဖြစ်ချင်ဖြစ်မယ်နော်..အဲဒါကျွန်တော်ထည့်မပြောဘူး။

 

သူဌေးတစ်ယောက်ဟာလူတစ်ယောက်ကို လစာ ၅သိန်းပေးပြီး အလုပ်ခန့်ထားရင် သူတာဝန်ယူနိုင်တဲ့ပမာဏက ၁၅သိန်းဖိုးလောက် ပြန်ပြီးပေးဆပ်နိုင်လို့ပါ..

အဲဒါဆို တစ်လကို သိန်း၁၅ဝ ရှာနိုင်တဲ့သူတစ်ယောက်က သိန်း၄၅ဝ ဖိုးတာဝန်ယူနိုင်လို့ပါ..

ဥပမာ..

သူဌေးတစ်ယောက်မှာ ဝန်ထမ်း(၁၀)ယောက်ရှိတယ်..

အခန်းတစ်ခန်းငှားပြီး လုပ်ငန်းတစ်ခုထူထောင်တယ်…

ဝန်ထမ်းတစ်ယောက်ကို လစာ ၅သောင်း၊ ၁ဝယောက် ၅သိန်း

အခန်းခ တစ်လ တစ်သိန်းခွဲ၊ စုစုပေါင်း ၆သိန်းခွဲမှ မရရင် အဲဒီအလုပ်မအောင်မြင်ဘူး။

တခြားတိုလီမိုလီတွေမပါသေးဘူးနော်…

ကောင်းပြီ..ရန်ကုန်မြို့ထဲမှာ ရေရှည်မခံတဲ့ အင်တာနက်ဆိုင်တွေ၊ Fancy ဆိုင်လေးတွေ၊ စားသောက်ဆိုင်လေးတွေ ဘာဖြစ်လို့ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတာတုန်း

ရှင်းရှင်းပြောရင် သူတို့ တာဝန်မခံနိုင်လို့ပါ..လစဉ်အသုံးစရိတ်ကို တာဝန်မခံနိုင်လို့ပါ..

ဝန်ထမ်းလစာနဲ့ အခြားခံစားခွင့်တွေကို တာဝန်မခံနိုင်ရင် ဝန်ထမ်းမမြဲတာတို့ ဝန်ထမ်းကောင်းမရတာစတဲ့ ပြသနာတွေကို အမြဲတမ်းဖြေရှင်းနေရမှာပဲ..

 

လကုန်လို့ ဝန်ထမ်းတွေလစာထုတ်ပေးဖို့ သူဌေးတစ်ယောက်မှုာ အဆင်သင့်ရှိရပါမယ်.. ရှုံးတာမြတ်တာသူ့တာဝန်ပါ..လစာယူမှာ ဝန်ထမ်းတွေတာဝန်ပါ..

ကဲ ကျွန်တော်တို့ အဲဒီတာဝန်ယူနိုင်လား..

 

နောက်တစ်ခု ကိုယ့်လုပ်ငန်း၊ ကိုယ့်ဆိုင်လေးကို ဝယ်ယူသူများများသိမှ အောင်မြင်မယ်လေ

မြတ်မလား၊ ရှုံးမလား၊ မသိရသေးတဲ့ အလုပ်တစ်ခုအတွက် တာဝန်ဘယ်လောက်ယူနိုင်လဲ..

တကယ်လို့ရှုံးပြီတဲ့..ကုန်းကောက်စရာမရှိအောင်ရှုံးပြီဆိုရင်..အကြွေးတွေရှိမယ်..ရစရာမမြင်တဲ့အချိန်မှာ..

ကျွန်တော်တို့တာဝန်ယူနိုင်လား..

 

ကိုယ်ရွေးချယ်တဲ့ဝန်ထမ်းကို ကိုယ့်အလုပ်မှာအံဝင်ဂွင်ကျဖြစ်အောင်

ဝန်ထမ်းကောင်းတွေ အလုပ်ကနေထွက်မသွားအောင်

ညံ့တဲ့ဝန်ထမ်းတွေတော်လာအောင်၊ သုံးမရတဲ့ဝန်ထမ်းတွေ နဲသထက်နဲအောင်လုပ်ဖို့

ကျွန်တော်တို့ တာဝန်ယူနိုင်လား..

 

ကိုယ်ပိုင်အလုပ်ပဲဖြစ်ဖြစ်..ဝန်ထမ်းပဲဖြစ်ဖြစ် တာဝန်ယူမှုဟာ ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော တစ်ဦးနဲ့တစ်ဦးကွာခြားချက်ပါ။ သူဌေးဖြစ်ချင်တယ်ဆိုရင် အရင်ဆုံး ကျွန်တော်တို့ကြိုးစာရမှာက သူများထက်ပိုပြီးတာဝန်ယူနိုင်တဲ့သူ အစစအရာရာ ခေါင်းခံနိုင်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် လုပ်ရမှာပါ..

သင်တို့ ကျွန်တော်တို့ လုပ်နိုင်ပါ့မလား…

(ဆက်ရန်..)

About Smiegol

has written 7 post in this Website..