ရပ်ကွက်ထဲက ဇာတ်လမ်းတစ်ခုပါ ..

သူက အစ်မတွေ ကြားထဲမှာ အငယ်ဆုံး တစ်ဦးတည်းသော သား ယောက်ျားလေး .. ငယ်ငယ်လေးကတည်းက အစ်မတွေကြောင့် မိန်းကလေးလို ပြင်ဆင်တတ်တယ် .. သူ့အဖေက သဘောမကျဘူး .. ပြောဆိုတယ် မရဘူး .. ရိုက်နှက် ဆုံးမလဲ ခဏပဲ ..

အရွယ်ရောက်လာတော့ ..  စကားပြောရင် .. များကလေ .. များကလေ နဲ့ ..  တစ်ခါတလေ .. သွပ်ပြားကို မစနဲ့နော် ဆိုပြီး ချွဲချွဲပျစ်ပျစ် ပြောတတ်သေးတယ်  .. ရပ်ကွက်ထဲက လူတွေအတွက်ကတော့ အကြောင်းသိဖြစ်လို့ ဘာမှ မဖြစ်ဘူးပေါ့ ..

တခါက ဆေးခန်းကို လာသေးတယ် ..

သူက ကျွန်မရဲ့ တူ အရွယ်ပဲ ရှိသေးတယ် ..

“ဆရာမ .. များကို ဒက်ပို ထိုးပေးပါ” ..တဲ့

“ရှင် .. ဘာအတွက်တုန်း .. ”

“ဆရာမကလဲ ဒိတ်အောက်နေပြီထင်တယ် .. ဒက်ပိုထိုးရင် “များ” ရင်တွေ တင်တွေ ထွက်လာမှ ပိုလှမှာပေါ့ ..”

“ခွေးကောင်လေး .. မထိုးနဲ့ ဒုက္ခ ရောက်မယ်နော် .. ဒါက ယောက်ျားတွေအတွက် မသင့်တော်ဘူး ..”

“တော်ပါ .. ဆရာမ မထိုးပေးလဲ .. များ တခြားမှာ သွားထိုးမယ် ..”

တကယ်လဲ တခြားမှာ သွားထိုးတယ် .. တားမရ ဆီးမရ .. တကယ်လဲ တင်တွေ ရင်တွေ ထွက်လာတယ် .. အသံကယောက်ျားသံ ..သြ သြ .. ဇလုတ်က ထွက်နေတော့လဲ  မပျောက်ပါဘူး .. တင် ရင်ထွက်တာတွေက အလကားပေါ့ ..

ဒါပေမယ့် သူ့ကိုယ်သူတော့ ကျေနပ်နေလေရဲ့ .. နောက်ပိုင်း သူတို့ လိုင်းအတိုင်း ပညာတွေ သင်ရင်း အလှဖန်တီးရှင် ဖြစ်လာတယ် .. တော်တော်လဲ အလုပ်ဖြစ်တယ် ..

သူတို့ လိုင်းကလဲ အချိန်တန်ရင် တောင်ပြုံး ပွဲတော်ကို သွားရတယ် .. တရုန်းရုန်းပေါ့ ..

သူ့ ဘော်ဒါထဲမှာ ယောက်ျား ယူထားတာ တစ်ယောက်ရှိနေလို့ .. သူ့ကို  အဲဒါတွေ အားမကျဖို့ .. စီးပွားရေးကိုပဲ ဂရုစိုက် ဖို့ တိုးတိုးတိတ်တိတ် ပြောဆိုဆုံးမ ခဲ့သေးတယ် ..

တစ်ရက်တော့ ဆေးခန်းကို ရောက်လာတယ် .. ကွတကွတနဲ့

“ဆရာမရယ် .. ဆေးပေးပါဦး .. ”

“ဟဲ့ ဘာဖြစ်နေတာတုန်း .. ”

“များတော့ .. နောက်ပွင့်သွားပြီ .. လမ်းလျှောက်တာတောင်မှ နာနေတယ် ..”

ကျွန်မ အတော်သနားသွားတယ် .. အင်းလေ .. သူတို့ လိုင်းမှာ အနေတည်တဲ့လူက လွဲလို့ အများအားဖြင့် ဒီလိုင်းထဲ ရောက်ကုန်ကြတာ တွေ့နေပေမယ့် .. ဒီလောက် ရင်းနှီးတဲ့လူထဲမှာ မရှိတော့ .. ကြားရုံ ကြားခဲ့ရတယ် ..  မကြုံခဲ့ဖူးဘူး .. သနားပါတယ် .. သူ့လို သဘောကောင်း .. အလုပ်ကောင်းကောင်းလုပ်တဲ့ ကလေးမှ ဖြစ်ရတယ်လို့ .. လိုအပ်တဲ့ ဆေးတွေ ပေးလိုက်ပြီး ..

“နောက်ထပ် ဒီလို မဖြစ်အောင်နေနော် .. လေးလုံး ကပ်သွားမှာ စိုးရတယ် .. ” ဆိုပြီး ဆိုဆုံးမလိုက်သေးတယ် ..

မကြာပါဘူး .. ရပ်ကွက် ပြောင်းသွားပြီး .. ယောက်ျားယူလိုက်တယ်လို့ ကြားရတယ်

ဟိုတလောကတော့ ဖျားလိုက် ၀မ်းသွားလိုက် ချောင်းဆိုးလိုက်နဲ့ အခြေအနေ ဆိုးနေပြီလို့ ကြားရတယ် ..

အစကတည်းက အဖေ့စကား ကို နားထောင်ခဲ့ရင် .. ဆရာဝန်ရဲ့ စကားကို နားထောင်ခဲ့ရင် .. ဆုံးမစကားတွေကို ကိုယ့်အတွက် ပြောနေပါလားလို့ ခံယူချက် မှန်မှန် ထားခဲ့ရင် ..ဒီလို ဖြစ်မှာ မဟုတ်ဘူးနော် ရယ်လို့ မချိတင်ကဲ ရေရွတ်မိရုံမှ အပ ..

(ရွာထဲက ပရိသတ်တွေလဲ .. ဘယ်လို မြင်သလဲ လို့)

(၂၀၀၄ ခုနှစ် ဒီဇင်ဘာလမှာ ရေးခဲ့တယ်)

About moethidasoe

moe thidasoe has written 34 post in this Website..