moethidasoeJune 3, 20121min2176
နှိုးမှထ ခိုင်းမှလုပ် ကျတာ မကောက် ပျောက်တာ မရှာ ပျက်တာ မပြင် ဗလဖွာ သုံး အကြံဉာဏ် တုံး လုံ့လ မထား ဤ (ရှစ်ပါး) မကြီးပွားကြောင်း တရား   ပုသိမ်မြို့က လက်ဖက်ရည်ဆိုင် နံရံကပ်စာလေးပါ .. သူများတွေက ကြီးပွားရေးတိုးတက်ရေး ပြောနေကြတဲ့ အချိန်မှာ ကိုယ်တိုင်က တစ်ခါတလေ ဒီအတိုင်း ဖြစ်နေပါလားလို့ မှတ်သားမိရင်း ..


moethidasoeJune 3, 20121min19411
ဇရာနှင့် ယှဉ်သော သံဝေဂ သင့်အသက်တွေ ကြီးလာပြီ လောဘတွေ ကြီးနေတုန်းဘဲလား သင့်ရဲ့သွားတွေ ကျိုးကုန်ပြီ ဒေါသမာန်မာနတွေ ကျိုးကုန်ပြီလား သင့်ရဲ့နားတွေ လေးကုန်ပြီ လောဘစိတ်တွေ လေးကုန်လား သင့်ရဲ့ ဆံပင်တွေ ဖြူကုန်ပြီ သင့်စိတ်တွေ ဖြူစင်ရဲ့လား သင့် ရဲ့အသားအရေတွေ တွန့်လာပြီ မကောင်းမှုတွေကိုတွန့်ရဲ့လား သင့်ရဲ့ အင်အားတွေ လျော့လာပြီ သင့်ရဲ့ ရာဂစိတ်တွေ လျော့ရဲ့လား သင့်ရဲ့မျက်စိတွေ မှုံဝါးနေပြီ နိဗ္ဗာန်လမ်းကိုလျှောက်ဖို့ မှုံဝါးနေသလား   သင်သည် မကောင်းသောလောဘ၊ ဒေါသ၊ မောဟ၊ မာနစိတ်တွေနှင့် သူတစ်ပါးအားလက်ညှိုးထိုးပြီးပြောဆိုပေမယ့် သင့် လက်သုံးချောင်းက ပြန်ထိုးပြီးလက်မကထောက်ခံနေသည်ကို မြင်အောင် ကြည့်ပါ။   ၂၀၁၂ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် မြစိမ်းတောင် (တောင်ကြီး) သို့ […]


moethidasoeApril 10, 20121min1689
တောင်ငူကို  ၁ဝ ခေါက်လောက်တော့ ရောက်ဖူးတယ် .. အရင့်အရင်အခေါက်တွေမှာလဲ အဲဒီ ဘုရားကို သွားဖူးခဲ့ပါတယ်  .. ကိုယ် ကိုယ်တိုင်ကတော့ ဆုမတောင်းခဲ့ဘူးပေမယ့် .. ဆုတောင်းတဲ့သူတိုင်း ပြည့်ကြတယ်လို့ ပြောတဲ့အတွက် တင်ပေးတာပါ တောင်ငူမြို့ အနောက်ဖက် အထွက် တော်ဝင်ကေတုမတီ ဟိုတယ်ကို ကျော်သွားတဲ့အခါ ကောင်းမှုတော် ဘုရား ဆိုတာ ရှိပါတယ် .. အဲဒီဘုရားမှာ ဘုရင့်နောင် ဆုတောင်းနေတဲ့ ပုံ တည်ထားပါတယ် .. အောင်မြေလို့ ဆိုပါတယ် .. ဘုရင့်နောင်က တစ်ခုခု လုပ်ဖို့ ဆိုရင် ဆုတောင်းတယ် လို့ ဆိုတယ် မှာ ကြည့်ပါ .. ကြုံကြလို့ ဆုတောင်း ပြည့်တယ် ဆိုရင် မှတ်ချက်လေးမှာ ရေးပေးပါ


moethidasoeApril 8, 20121min894
greenberg21lb5 ဒီနေ့ အင်တာနက်မှာ ဖတ်နေရင်း တွေ့လို့ ကြိုက်တာနဲ့ တင်လိုက်တယ် ရေသန့်ကြိုက်တတ်သောက်တတ်လွန်းတဲ့အတွက် ဘယ်လောက် ဆိုးကျိုးဖြစ်သလဲ ဆိုတာကို ဖော်ပြတဲ့ ကာတွန်းကလေးပါ ဖတ်ကြည့်တဲ့လူတွေ အတွေးပွားကြမယ် လို့လဲ ယုံကြည်ပါတယ် .. တစ်ရက်ထဲမှာ ခဏခဏ တင်မိတာ  ခွင့်လွှတ်ပေးပါ  


moethidasoeApril 6, 20121min1139
ဒီတစ်ခေါက် ခရီးထွက်တာ အင်းလေးက ရွှေအင်းတိန် ဆိုတဲ့ ရှေးဟောင်းဘုရားကို ရောက်ခဲ့ပါတယ် .. ဓာတ်ပုံကိုတော့ နောက်မှပဲ တင်လိုက်ပါမယ် .. ဝမ်းသာရတာက မရောက်ဘူးသေးတဲ့နေရာကို ရောက်ခဲ့လို့ပါ .. ဝမ်းနည်းရတာက မွေတော်ကက္ကူလိုပဲ ရှည်မျောမျော ဘုရားတွေက အသစ်တွေ ဖြစ်နေတာပါပဲ .. ဘုရားအဆူပေါင်း ၁၀၀ဝ ကျော် ရှိပေမယ့်လဲ အဟောင်း အမှန်အကန်က မရှိသလောက် ရှားပါတယ် .. နိုင်ငံခြားသားတွေ အများဆုံး လာလေ့လာကြတယ် လို့ စက်လှေသမားတွေက ဆိုပါတယ် .. အဲဒီနေရာအတွက် စက်လှေခ ၅၀၀ဝ ပို ပေးရပါတယ် .. အဲဒီနေရာကို သွားတဲ့ နေရာမှာ ရေ အမြင့်ထိန်း ရေတားတွေ အနည်းဆုံး ရ ခု လောက် […]


moethidasoeDecember 16, 20111min960
HIV/AIDS ဗဟုသုတပွဲတော် ဖွင့်ပွဲ အခမ်းအနား ဓာတ်ပုံ တင်ပေးချင်လို့ ပါ knowledge fair မနက်ဖန်နေ့လည်မှာတော့ ဖျော်ဖြေရေး အစီအစဉ်မှာ လူငယ်များ ကိုယ်တိုင် ဦးစီး တင်ဆက်မယ့် အငြိမ့်၊ တေးဂီတ ဖျော်ဖြေရေး၊ မျက်လှည့် တို့ ပါ ပါမယ် အားလုံး အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။


moethidasoeDecember 13, 20111min1529
HIV ဆိုတာ ရောဂါပိုး နာမည် ပါ ကူးစက်လွယ်တဲ့ ဗိုင်းရပ်စ် ပိုး တစ်မျိုးဖြစ်ပါတယ် AIDS ဆိုတာက HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး ဖြစ်ပေါ်လာတဲ့ ရောဂါ ဖြစ်ပါတယ် (စာသံပေသံနဲ့ ဆိုရင် ရောဂါလက္ခဏာစု လို့ ခေါ်ပါတယ်) သမိုင်း အစကို ပြန်မရှာပါနဲ့တော့ (ပုဂံသမိုင်းလို ဖြစ်နေမှာပါ) နာမည် အလိုအရ လူမှာပဲ ကူးစက်ပါတယ် Human Immunodeficiency Virus လို့ ခေါ်တာကိုး လူရဲ့ ဘယ်နေရာတွေက တဆင့် ကူးသလဲ ဆိုတော့ လိင်အင်္ဂါ အရည်၊ သွေး၊ မိခင်နို့ရည်က တဆင့် ကူးပါတယ် နည်းလမ်း ပြောရရင် အကာအကွယ်မဲ့ လိင်ဆက်ဆံတာ၊ မသန့်ရှင်းတဲ့ ပိုးပါတဲ့ သွေးသွင်းတာ၊ မသန့်ရှင်းပြီး […]


moethidasoeDecember 13, 20111min1054
HIV/AIDS ဗဟုသုတပွဲတော် ကို ရန်ကုန်မြို့၊ သိမ်ဖြူလမ်း၊ အမှတ် ၂၄၉ ရှိ ဆရာဝန်အသင်း ဝင်းအတွင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၆ မှ ၁ရ ရက်အထိ ကျင်းပမှာ ဖြစ်ပါတယ်။ မည်သူမဆိုအခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ အခမ်းအနားဖွင့်ပွဲကို ၁၆ ရက်နေ့ နံနက် ၉ နာရီမှာ ပြုလုပ်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဆရာဝန်အသင်း လူငယ်ဖွံ့ဖြိုးမှုအစီအစဉ်၊ မြန်မာနိုင်ငံကြက်ခြေနီ၊ MSI, AFXB, MBCA, UNFPA တို့မှ HIV/AIDS ဆိုင်ရာ ဗဟုသုတ ပြခန်းများ ပြသထားမှာဖြစ်ပါတယ်။ ပြခန်းများ အပြင် HIV/AIDS ဆိုင်ရာ ဗဟုသုတ ညာဏ်စမ်းပြိုင်ပွဲ၊ ပြခန်းတိုင်းကို ကြည့်ရှုမှတ်သားပြီး ဖြေဆိုနိုင်မယ့် ရှာပုံတော်ဖွင့်မယ်၊ ဗဟုသုတဖြစ်ဖွယ်ရာ ဗီဒီယို ပြကွက်၊ တိုးတိုးတိတ်တိတ် […]


moethidasoeAugust 31, 20111min23118
super custom တွေကို ဒဏ်ရိုက်မယ့် အစီအစဉ် ထွက်လာပြီ လို့ ဂျာနယ်တစ်စောင်မှာ ဖတ်ရတယ် ပြည်တွင်းကို ခိုးသွင်းခွင့် ရှိသူတွေက နယ်စပ်နဲ့ ပေါင်း .. လမ်းကြောင်းနဲ့ ပေါင်းပြီး ခိုးသွင်းတယ် .. အသားတင် ရိတ်သွားတယ် အခု ဝယ်ထားတဲ့လူတွေ end user တွေက သူတို့တွေ မဆောင်ခဲ့တာကို စုပေါင်းပြီး ဆောင်ရမယ် ဆိုတော့ ယိုသမျှ ချေး ပုစွန်ခေါင်းမှာ စုတယ် လို့များ ဖြစ်နေသလားလို့ တွေးမိတယ် နောက်ပြီး ဆောင်ရမှာက ဒေါ်လာနဲ့ တဲ့ .. ဗမာငွေလေး ရှိလို့ ဝယ်စီးမိပါတယ် .. အခုလို ဒေါ်လာနဲ့မှ ဆိုတော့ ဘယ်လို ဆောင်ရမှာလဲ (ဝယ်ရတော့မှာပေါ့) ဝယ်ပြီး ဆောင်မယ် […]


moethidasoeAugust 22, 20111min21515
(၁) ရေနဲ့ နီးစပ်တဲ့ မြို့ (မြို့နယ်) မှတ်မိသမျှ ၃၈ ခု ရှိတယ် (များတယ်လို့ တော့ မပြောနဲ့နော် .. အားအားရှိ စဉ်းစားပြီး မှတ်ခဲ့တာတွေပါ) (၂) အာမထိ လျှာမထိက ၄ မြို့ ရှိတယ် (၃) တစ် (တ) ပါတဲ့ မြို့ ၁ဝ မြို့ရှိတယ် (၄) သုံးပါတာ (၃) ခု (၅) လေး ပါတာ (၄)