moethidasoeAugust 20, 20111min34619
(၁) ငွေရေးကြေးရေး အရ ဆင်းရဲတဲ့မြို့ (၂) အရသာ ရှိတဲ့မြို့ (၃) မြို့ကြီးဖြစ်ပေမယ့် မြို့အမည် မပေါက်တဲ့ မြို့ (၄) မြို့နာမည်က ဈေးရောင်းနေတာ (၅) ရောဂါရှိတဲ့မြို့များ (၆) ရှေးရှေးတုန်းက ဂျပန်တွေ နေတဲ့မြို့ (၇) အုပ်ချုပ်သူ မရှိတဲ့မြို့ (၈) အဲဒီမြို့တွေက ဣတ္ထိလိင် (၉) မာ တဲ့ မြို့များ (၁၀) အမည် တစ်လုံးပဲ ရှိတဲ့ မြို့များ


moethidasoeJuly 13, 20111min28017
“ဆရာမရယ် .. သူက လက်ထပ်ခါနီးမှ သွေးစစ်မယ်လို့ ပြောနေတယ် .. အဲဒါ တကယ် လိုလို့လား .. ဟင် .. ဘာအတွက် စစ်ရမှာလဲ .. ကျမကို မယုံရင် လက်မထပ်နဲ့ပေါ့ .. အခုတော့ ကျမ သိက္ခာ ကျတာပေါ့ .. သူ လာရင် ဆရာမ ကြည့်ပြောပေးပါဦး” ဒီလုရှိတယ် သမီးရဲ့ .. ဆရာမလဲ မကြာမကြာ ပြောဖူးသားပဲ .. အိတ်ချ်အိုင်ဗီ ဆိုတာ လူတိုင်းမှာ ရှိနေနိုင်တာ .. မြင်ရုံနဲ့တော့ ရှိ မရှိ မသိနိုင်ဘူး .. ကူးတဲ့နည်းတွေ သိနေပေမယ့် သူ ဘယ်လို နည်းနဲ့ ကိုယ်ထဲ ဝင်လာမလဲ ဆိုတာ မသိနိုင်ဘူးလေ […]


moethidasoeJuly 12, 20111min22612
တကယ်ဆိုတော့ သွေးတိုးဆိုတာ ကိုယ်တွင်းအင်္ဂါ ဖောက်ပြန်လို့ ဖြစ်တတ်တာ ၂၀% လောက်ပဲ ရှိတယ် .. ကျန်တဲ့ ၈၀% လောက်က လူတွေကိုယ်တိုင် အနေအထိုင် အစားအသောက် မတတ်လို့၊ စိတ်မထားတတ်လို့၊ ဖြစ်လာကြတာ။ အနေအထိုင် အစားအသောက်မတတ်လို့ လို့ ပြောတော့ သိပ် လက်ခံချင်ကြတာ မဟုတ်ဘူးနော် .. အခုပဲ ကြည့်လေ .. ရှင့်ကို မှာထားသားပဲ .. ဆေးမှတ်တမ်းစာအုပ်ထဲမှာလဲ ပုံနှိပ်ပြီး ပြထားသေးတယ် .. သွေးတိုးရင် အငံမစားနဲ့၊ အချိုမှုန့် မစားနဲ့၊ လက်လုပ်ချဉ်တွေ မစားနဲ့၊ ဆော်ဒါ များများပါတဲ့ အစားအစာတွေ အထူးသဖြင့် မုန့်တွေ မစားနဲ့၊ အဆီအဆိမ့်များတဲ့ ဝက်ရယ်၊ အုန်းသီးပါတာရယ်၊ ထောပတ်ရယ် တတ်နိုင်ရင် မစားပါနဲ့လို့ မှာထား […]


moethidasoeJuly 11, 20111min22414
ပြောရင် ယုံကြမှာတောင် မဟုတ်ဘူး .. ဒီအဖြစ်အပျက်က ရန်ကုန်မြို့မှာတင် ဖြစ်တာ အဲဒီမိသားစုက ရပ်ကွက်တွေ တဲပေါ်မှ တိုက်ပေါ်သို့ စီမံကိန်း မလုပ်ခင်တုန်းက ဒီရပ်ကွက်ထဲကပဲ .. သူတို့ရဲ့မိသားစု ဆရာဝန်လဲ ဖြစ်ခဲ့ရတယ် ..  အဲဒီမိသားစု ထဲ မှာ ဆရာဝန်ကို ကြောက်တတ်တာ ယောက်ျားဖြစ်သူပဲ .. ကျန်တဲ့ မိန်းမ .. ကလေးတွေ အခြား မိသားစုဝင်တွေ တယောက်မှ မကြောက်တတ်ဘူး .. သူ ဘာ ကြောက် သလဲ ဆိုတော့ အနာဖြစ်ရင် ဆေးထည့်မှာ အကြောက်ဆုံး .. စပ်မှာကြောက်တယ် .. နာမှာ ကြောက်တယ် .. ရပ်ကွက် ဖျက်တော့ တခြား ပြောင်းသွားတော့ ဆေးခန်းနဲ့ နည်းနည်း […]


moethidasoeJuly 11, 20111min23911
မှားတိုက်မိတယ် ဆိုတာ ဆရာဝန်ကြောင့်တော့ မဟုတ်ကြောင်း အရင်ဆုံး ရေးထားပါရစေ ငယ်ငယ်တုန်းက စကားပုံ ဝှက်ကြရင် ဆုတ်လဲစူး .. စားလဲ ရူး ဆိုတာ မှတ်ခဲ့ရဘူးမှာပေါ့နော် အဲဒီ ငယ်စဉ်ဘဝမှာပဲ မိဘ အလုပ်အပြောင်းအရွှေ့မှာ ဧရာဝတီ အနောက်ဖက် အတွင်းပိုင်းတစ်နေရာကို ရောက်ခဲ့တယ် .. အဲဒီမှာ ချောင်းဘေး ပေါက်နေတဲ့ ထူးထူးဆန်းဆန်း ဆူးချွန်တွေ ပါတဲ့ (တကယ့် ဆူး ကို ဆိုလိုတာပါ) အသီး သီးနေတဲ့ ခြုံပုတ်ဆန်ဆန် အပင်ကို တွေ့ပါတယ် .. ဆုတ်ရင် စူးတယ် ဆိုတာကို လက်ခံလိုက်ပါတယ် .. စားရင် ရူးတယ် ဆိုတာကို မကြုံခဲ့ဖူးဘူး .. ငယ်ငယ်တုန်းက ရေဒီယိုပဲ နားထောင်စရာရှိပြီး ကြည့်စရာဆိုတာ ရုပ်ရှင် […]


moethidasoeJuly 8, 20111min30024
ဒီနေ့ ထိခိုက်ရှနာ လူနာတွေ များလှတယ် .. ဟော ရောက်လာပြန်ပြီ “ဆရာမရေ .. ဒီကလေးကို အရင်ကြည့်ပေးပါဦး” မျက်နှာ ဘယ်ဘက်အခြမ်းရယ် .. ဘယ်ဘက်လက်မောင်းရယ် .. ဘယ်ဘက် ပေါင်ရယ် စုတ်ပြတ်ဒဏ်ရာတွေ ဗလပွနဲ့ ဆယ်ကျော်သက်ရွယ် ကလေးတစ်ယောက် ကို နောက်တော်ပါ အခြံအရံအပြည့်နဲ့ ဝင်လာပါတယ် “ဘယ်လိုဖြစ်ရတာလဲ” “ခွေးကိုက်ခံရလို့ ဆရာမရေ့” ခွေးကိုက်ခံရပြီဆိုရင် တချို့က ခွေးရူးပြန် ကာကွယ်ဆေး တခါတည်း ထိုးခိုင်းကြတယ် .. တချို့က ခွေးကို စောင့်ကြည့်ပြီးမှ ထိုးခိုင်းကြတယ် .. စောင့်ကြည့်နိုင်ဖို့တော့ လိုတာပေါ့ .. ကျမကတော့ .. လူနာပေါ် လိုက်ပြီး အကြံပေးရတာပေါ့ .. အဆင်ပြေသလို လုပ်လို့ ရအောင်ပေါ့ .. ခွေးရူး […]


moethidasoeJuly 6, 20111min27111
update ဆိုပြီး ထည့်ရေးလိုက်လို့ အမြဲ လတ်ဆတ်နေရမယ် လို့ ဆိုချင်တာပါ .. ခေတ်နဲ့အညီ လိုက်ပြီး သိနေဖို့ လိုတယ်ပေါ့ .. ဘယ်ပညာ မဆို မူလ သိထားတာကို update မလုပ်ဖူး ဆိုရင် နောင် ၅ နှစ်လောက် ကြာတဲ့အခါမှာ သူ သိထားခဲ့တဲ့ ဗဟုသုတ ပညာတွေဟာ ခေတ်နဲ့ မီနေတဲ့ အချက်အလက် ၅၀% လောက်ပဲ ကျန်တော့တယ် .. တဲ့ .. ဒါကြောင့် အတတ်ပညာနဲ့ အသက်မွေးတဲ့ လူတိုင်းဟာ မိမိ တတ်နေတာကို အမြဲ ခေတ်မီနေဖို့ လေ့လာနေရမယ် .. လိုအပ်တဲ့ စာအုပ်စာတမ်းတွေ ဖတ်ရမယ် .. သင်တန်းရှိနေရင် တက်ရမယ် .. ပုံမှန် […]


moethidasoeJuly 5, 20111min21215
ရပ်ကွက်ထဲက ဇာတ်လမ်းတစ်ခုပါ .. သူက အစ်မတွေ ကြားထဲမှာ အငယ်ဆုံး တစ်ဦးတည်းသော သား ယောက်ျားလေး .. ငယ်ငယ်လေးကတည်းက အစ်မတွေကြောင့် မိန်းကလေးလို ပြင်ဆင်တတ်တယ် .. သူ့အဖေက သဘောမကျဘူး .. ပြောဆိုတယ် မရဘူး .. ရိုက်နှက် ဆုံးမလဲ ခဏပဲ .. အရွယ်ရောက်လာတော့ ..  စကားပြောရင် .. များကလေ .. များကလေ နဲ့ ..  တစ်ခါတလေ .. သွပ်ပြားကို မစနဲ့နော် ဆိုပြီး ချွဲချွဲပျစ်ပျစ် ပြောတတ်သေးတယ်  .. ရပ်ကွက်ထဲက လူတွေအတွက်ကတော့ အကြောင်းသိဖြစ်လို့ ဘာမှ မဖြစ်ဘူးပေါ့ .. တခါက ဆေးခန်းကို လာသေးတယ် .. သူက ကျွန်မရဲ့ […]


moethidasoeJuly 4, 20111min18515
လောကမှာ လူတွေက .. ပျောက်နိုင်တဲ့ ရောဂါကို သိပ် ကြောက်ကြတယ် .. အထူးသဖြင့် ကူးစက်တတ်ပြီး ပျောက်နိုင်ပါတယ် ဆိုတဲ့ ရောဂါမျိုးကိုတောင် ကြောက်တတ်ကြတယ် .. ကူးစက်တတ်တယ် .. မပျောက်နိုင်ဘူး ဆိုတဲ့ ရောဂါကျတော့ မကြောက်ကြပြန်ဘူး .. လူတွေက တစ်မျိုးပဲနော် .. “ဆရာမ .. ကျွန်တော့်သမီးလေးက မွေးတုန်းက ဝဝကစ်ကစ်လေး .. ဆရာမ သိပါ တယ် .. အခု တငွေ့ငွေ့ဖျားပြီး ပိန်လဲပိန်လာတယ် .. ကြည့်ပေးပါဦး” ဟုတ်တယ် ..  ကျွန်မက သူတို့ရဲ့ မိသားစုဆရာဝန်လို ကုပေးနေတာ ဆိုတော့ သူတို့ မိသားစုအကြောင်း ကောင်းကောင်းသိပါတယ် .. သူတို့ အိမ်နဲ့ ကပ်လျက်မှာ အဆုတ်တီဘီဖြစ်ပြီး […]


moethidasoeJuly 1, 20111min21014
ရုတ်တရက် ကြည့်လိုက်ရင် ခြေကျိုးလို့ တောင်ဝှေးထောက်ပြီး တစ်ပေါင်ကျိုး လျှောက်လာနေတယ်လို့ ထင်ရတယ် .. သူ့ အသက်က ဘာရှိသေးလို့တုန်း .. အလွန်ဆုံး ၄၅ ပေါ့ .. “ဆရာမရေ .. ကျွန်တော် လမ်းကောင်းကောင်းလျှောက်လို့ မရတော့ဘူး .. လေးငါးဆယ်လှမ်းပဲ လှမ်းရသေးတယ် .. ခြေသလုံးထဲက ထိုးကိုက်တက်လာတာ .. တခါတည်း ထိုင်သွားတာပဲ .. ဆရာမဆီကို အခု လာတာတောင် လမ်းမှာ လေးငါးခါ နားခဲ့ရတယ် .. ကယ်ပါဦး ဆရာမရယ် ..” “ဒီလိုဖြစ်နေတာ ဘယ်လောက် ကြာပြီလဲ ” “အရင်ကတော့ တော်တော်လေး ဝေးဝေးလျှောက်မှ ဖြစ်တာ .. ခဏ နားလိုက်ရင် ဒါမှမဟုတ် ဆေးပူလေး လိမ်းလိုက်ရင် […]


moethidasoeJune 30, 20111min41437
အမျိုးသားဆရာဝန် တစ်ယောက် ပြောပြတဲ့ ဇာတ်လမ်းကို စကားပြောနဲ့ ပြန်ရေးထားတာပါ (confidential ကို ထိန်းတဲ့အနေနဲ့ အဲဒီဆရာဝန်က နာမည်၊ နေရပ်တွေ မပြောပြခဲ့ပါဘူး၊ သင်ခန်းစာ ယူစေချင်လို့ ပြောပြတာပါ၊ အခုလဲ ကျန်တဲ့လူတွေ တွေးတတ်စေချင်လို့ အားလုံး ခြုံပြီး ရေးလိုက်တာပါ) တစ်နေ့တော့ လူနာ တစ်ယောက် ရောက်လာတယ် ဆရာ .. ကျွန်တော် ဆီးအောင့်ပြီးတော့ အဖြူဆင်းနေတယ် မှန်းစမ်း .. ခင်ဗျားက ဂနိုကျနေတာဗျ .. မဖြစ်နိုင်ဘူးထင်တယ် .. ကျွန်တော့်ကောင်မလေး က သန့်တယ် ဆရာ .. ခင်ဗျားကသာ သန့်နေတယ်လို့ ဆိုတာ ခင်ဗျား အခု ထိလာပြီ မဟုတ်လား မဟုတ်သေးဘူးထင်တယ် ဆရာ .. အခုဟာက အပူအစပ် […]


moethidasoeJune 29, 20111min17110
ဘော်ဒါတစ်ယောက်ရဲ့ အဖြစ်ပါ .. သူကတော့ ရယ်စရာအနေနဲ့ ပြောတာပဲ .. ကျန်တဲ့လူတွေ စဉ်းစားကြည့်စေချင်လို့ အဲဒီဘော်ဒါ နယ်မြို့ကြီးတစ်မြို့ကို ရောက်တုန်းကပေါ့ .. ရန်ကုန်သားများ ရန်ကုန်က အကျင့်လေးတွေ ပါသွားတော့ ညနေစောင်းတာနဲ့ စည်ဘီယာ ရောင်းတဲ့ ဆိုင်ကို သွား .. တစ်ဂျား နှစ်ဂျား .. အကင်လေးနဲ့ ထွေရာလေးပါး ပြော ကြ .. အဲဒီနောက် ထုံးစံအတိုင်း မာဆတ် လို့ ပြောတဲ့ အကြောဖြေ ဇိမ်ခံတဲ့ ဇာတ်လမ်းကို ကူးပြောင်းသွားပါရော .. အိမ်ခံ လူက ရှစ်စပ်က ဂျင်ဂျင်လယ် ဆိုတဲ့ လူ ဆိုတော့ သူကပဲ ငါ့ကို နေရာပြ ခေါ်သွားတယ်လေ .. နှစ်ယောက်သား ကိုယ်စီ […]


moethidasoeFebruary 9, 20111min21613
အခုကလေးတင် သိလိုက်ရတယ် .. မြှားနတ်မောင်က ကူးပေးလိုက်တယ် ဒီကနေ့ ဝန်ကြီးစာရင်းထွက်လာပါပြီ ဘယ်ဌာနတွေမှာလဲဆိုတာတော့ သောကြာနေ့မှာ သိရပါမယ် (၁) ဦးကိုကို (၂) ဦးလှမင်း (၃) ဗိုလ်ချုပ်သိန်းထွေး (၄) ဝဏ္ဏမောင်လွင် (၅) ဦးမြင့်နိုင် (၆) ဦးကျော်ဆန်း (၇) ဦးဝင်းမြင့် (၈) ဦးတင့်ဆန်း (၉) ဦးခင်မောင်မြင့် (၁၀) ဦးသိန်းထွန်း (၁၁) ဦးလှထွန်း (၁၂) ဦးသိန်းထိုက် (၁၃) ဦးဉာဏ်ထွန်းအောင် (၁၄) ဦးတင်နိုင်သိန်း (၁၅) ဦးဝင်းထွန်း (၁၆) ဦးအောင်ကြည် (၁၇) ဦးအုန်းမြင့် (၁၈) ဦးကျော်စွာခိုင် (၁၉) ဦးစိုးသိန်း (၂၀) ဦးသန်းဌေး (၂၁) ဦးအောင်မင်း (၂၂) Dr. မြအေး […]