moethidasoeFebruary 8, 20111min932
မြန်မာမြှားနတ်မောင်မှ ရလာတာ AdkvfcsKyfrSL;MuD; &mxl;udk AdkvfcsKyfMuD; rif;atmifvdIif tm;ay;vdkufw,f[k owif;Mum;ygw,f? AdkvfcsKyfMuD; ol&jrifharmiftm; umuG,fa&;0efMuD; &mxl;ay;aomfvnf; olrSvufrcHojzifh (olwdkYESpfa,mufESifh AdkvfcsKyfMuD; (olY&mxl;awmhaocsmrodyg) udkudktm; ,cifu AdkvfcsKyfrSL;MuD; &mxl;twGuf vsmxm;olrsm;jzpfygw,f) AdkvfcsKyfMuD; ol&jrifharmiftm; taqmifta,mifrsm; tukefodrf;vdkufyDjzpfaMumif;? ol aejynfawmfrS &efukefodkYjyef&efudkyif &efukefrS olYum;tm; jyefac:cJh&aMumif;? tpdk;&tzGJY 0efMuD; tajymif;tvJrsm;pGjzifh ,aeYn aMujimrnf[k xif&aMumif;? usef;rma&;0efMuD;rSm a’gufwmydkifpdk;r[kwfbJ? ppfaq;wuodkvfrSAdkvfcsKyf wpfOD;jzpfaMumif; od&ygonf/ ဒီကနေ့ လွှတ်တော်ဆုံးဖြတ်ချက်အရ ဝန်ကြီးဌာန ၂ခုတိုးပြီး – ၃၄ ခု ဖြစ်လာပါမယ် ဝန်ကြီး ၃ဝ ယောက် ရှိလာပါမယ် ဝန်ကြီးဘယ်သူဖြစ်မလဲဆိုတာ […]


moethidasoeFebruary 6, 20111min1807
တန် ဆေး လွန် ဘေး ဆိုတာ ရှေးလူကြီးတွေက ဆင်ခြင်တုံ တရားကို လက်ကိုင်ထားကြဖို့ အစွန်း မရောက်ဖို့ ဆိုခဲ့တာပါ တောလိုက်မုဆိုး တွေ့ခဲ့ပြီးတော့မှ လူ့အသိုင်းအဝိုင်းကို ဝင်ရောက်လာတယ် ဆိုတဲ့ အရက်ကို ရေးချင်တာပါ .. ကိုယ်တိုင်လဲ သောက်ခဲ့ဖူးပါတယ် .. မိတ်ဖြစ်ဆွေဖြစ်လို့ ပြောနိုင်တာပေါ့ (ကိုယ့်ကိုယ်ကို ကာတာ မဟုတ်ပါ) .. သောက်ပြီးခဏမှာ စကားတွေ ဖောင်အောင် ပြောလာတယ် .. (ကိုယ်တိုင်တော့ မသိခဲ့ပါ) .. အပျော်လွန်တဲ့အခါ သူငယ်ချင်းတွေ မတွေ့တာ ကြာတဲ့အခါ အန်တဲ့အထိ သောက်ခဲ့ဖူးသေးတယ် .. (အတော် အနေဆိုးပါတယ်) ဒါကြောင့် ကောင်းလား ဆိုးလားဆိုတာကို သိခဲ့ပါတယ် .. နည်းနည်းဆိုရင် အတော်အသင့် ရင်ချောင်တယ် .. […]


moethidasoeFebruary 6, 20111min1295
အရေးပေါ် ဆိုတာ ဖုန်းမှာဆို ၁၁၉ သို့မဟုတ် ၉၁၁ ပေါ့ ..  တကယ် အရေးပေါ်တာ မဟုတ်ပဲ ခေါ်ရင် အပြစ် ရှိတယ် .. ရထားမှာလဲ အရေးပေါ် ချိန်းကြိုး ရှိတယ် .. အရေးမပေါ်ပဲ ဆွဲရင် ထောင်ဒဏ်နှင့် ဒဏ်ငွေ ဘယ်လောက် ဆိုတာကို ရေးထားတာ ဖတ်ခဲ့ဘူးတယ် .. အခု ရေးမယ့် အရေးပေါ်က ကာကွယ်ရေး မလုပ်ခဲ့ပဲ လွန်လွန်ကျူးကျူး  ဆက်ဆံကြလို့ ကိုယ်ဝန်ရလာမှာ စိုးတဲ့အခါ သုံးဖို့ နောက်ပိုင်း ပေါ်လာတဲ့ ဆေး .. ဈေးကွက်ထဲမှာ ဆေးဆိုင်မှာ .. ကွမ်းယာဆိုင်မှာတောင် ရနိုင်တဲ့ ဆေးပါ .. သူ့ကိုလဲ အရေးပေါ် လို့ ရေးထားတယ်နော် .. […]


moethidasoeFebruary 3, 20111min20510
သုမောင်ကတော့ ကွမ်းစကားမှာ အရည်မရ အဖတ်မရ ပေမယ့် အရသာလေး ရှိတယ်လို့ ဆိုခဲ့ပါတယ် .. (သူ့ ကွမ်းစကား စာမူက ပိုက်ဆံရတယ်လေ) အဲဒီအရသာ ဆိုတာ ကွမ်းရွက်ကြောင့်လား .. ကွမ်းသီးကြောင့်လား .. ထုံးကြောင့်လား .. ရှားစေး ကြောင့်လား .. ဒါမှမဟုတ် စွဲစေတတ်တဲ့ ဆေးရွက်ကြီးကြောင့်လား .. လားပေါင်းများစွာအနက်က တကယ် စွဲတတ်တာဟာ ဆေးရွက်ကြီးပါ .. စားတဲ့အခါ ပထမ ပိုက်ဆံ ကုန်တယ် .. ပါးစပ်ညောင်းတယ် .. လျှာထူတယ် .. သွားတွေ မည်းတယ် .. တံတွေး ကုန်တယ် .. အချိန် ကုန်တယ် .. လောလောဆယ် အစားများတဲ့လူတွေ ကြည့်လိုက်တော့ .. […]


moethidasoeFebruary 2, 20111min27214
ဟတ်ချိုးဆိတ်ဖွား အသက်တစ်ရာ အနာမရှိ .. (ရှေးလူများရဲ့ ရေရွတ်သံ .. နောက်လူတွေကတော့ ဘယ်လိုရွတ်တယ် မသိနိုင်တော့) ဟတ်ချိုး အဟမ်း ဘွတ် (သင်္ဂဇာ ဆရာတော် ပုံပြင်ထဲမှာ ပါတာ ..) ဟာ .. ရှင့် နှာရည်တွေ စင်ကုန်ပြီ .. သတိလဲ ထားဦးလေ .. ဟာ ..ဆားစ်တွေ ကြက်ငှက်တုပ်ကွေးတွေ ကူးကုန်တော့မှာပဲ .. ရှင်ကလဲ .. နှာချေမယ်ဆိုရင် အနည်းဆုံးတော့ နှာခေါင်းကို တစ်ခုခုနဲ့ ကာထားမှပေါ့ .. ဒါမှ နှာရည်တွေ သူများကို မစင်မှာပေါ့ .. ဆရာမကလဲ .. ရုတ်တရက် ချေချင်တာ ဘယ်လို လုပ်ရမှာလဲ .. ရုတ်တရက်ဆိုရင်လဲ ဘာမှ မတွေ့ရင် […]


moethidasoeDecember 10, 20101min501
ခြင်္သေ့ ပါတီက သူတို့ ဘယ်လောက် အနိုင်ရသလဲ ဆိုတာကို ကျေးဇူးတင်လွှာတွေ သတင်းစာမှာ ထည့်ပြီး ကြော်ငြာတယ် .. ဟော ဗဟို(ပြည်ထောင်စု)ကော်မရှင်က နောက် နှစ်ရက်ကြာမှ တရားဝင် ကြေညာတယ် (နိုင်ငံတော်က တရားဝင် မထုတ်ပြန်ရသေးတာကို ကြိုတင် ထုတ်ပြန်ခွင့် ရှိနေတယ်) .. တရုတ်ပြည်မှာ ဓါတ်ဆီတွေ လိုနေတယ် ဆိုတော့ မြန်မာပြည်မှာ မလုံလောက်တာတောင်မှ .. တန်းစီတိုး .. ရောင်းပြီး တရားဝင်လိုလို .. တရားမဝင်လိုလို .. တရုတ်ပြည်ကို မှောင်ခို ပို့တယ် .. ရန်ကုန်မှာ ဓါတ်ဆီဈေး တက်တော့မှ .. အိမ်ထဲအောင်းနေတဲ့ ကားတွေ ဆီ ပတ်ထုတ်နေကြတာ လမ်းပေါ်မှာ အပြည့် .. .. တရုတ်လုပ် […]


moethidasoeNovember 14, 20101min1899
မိဘနှစ်ပါး သင်ပေးခဲ့တာ .. ဘဘုန်းကြီး မှာကြားခဲ့တာ .. ဝဋ် ဆိုတာ ရှိတယ် .. အဲဒီ ဝဋ် ဆိုတာ သိပ်ကြီးရင် အခုဘဝမှာလဲ ပြန် ခံစားရတတ်တယ် .. အရင်ဘဝ ဘဝတွေက ဆည်းပူးခဲ့တဲ့ ကုသိုလ်တရားတွေ များခဲ့လို့ ယခုဘဝမှာ ဝဋ် မလိုက်ဖြစ်တာတောင်မှ နောင် ဘဝဘဝဆက်တိုင်း ဒီဝဋ်က လွတ်မှာ မဟုတ်ဘူး .. ဘုရားရဟန္တာသော်မှ ဝဋ် ဆိုတာကို ပေးဆပ်ခဲ့ရတာ .. ဒါကြောင့် ငါးပါးသီလကို ပါးစပ်က ရွတ်ဆိုရုံနဲ့တော့ ပြန် ပေးဆပ်လို့ မရဘူး .. ကိုးပါးသီလ စောင့်ပါတယ်ဆိုပြီး ခါးကြားက သေနတ် မချ .. ခေါင်းက ပန်း မဖြုတ် .. […]


moethidasoeSeptember 9, 20101min1416
ယာဉ်မောင်းသူအချို့အကြောင်း ပြောပြချင်တယ် ပြောပြန်ရင်လဲ နှိမ်ရာကျမယ်  ကိုယ်တိုင်တော့ ကား မဝယ်နိုင်သေးပါ .. ကိုယ်ပိုင်ကား မရှိလို့ ဒီစာ ရေးတာတော့ မဟုတ်ပါ .. ဒီမြင်ကွင်းကို တွေ့ပါများတော့ စိတ်အချဉ်ပေါက်လာတယ် .. ဘယ်နဲ့ .. သူတကာတွေ စနစ်တကျ တန်းစီပြီး မီးပွိုင့်ကို ဖြတ်ကျော်ကြတာကို ကြားဖြတ်ဝင် တစ်ခါတစ်လေတော့ လက်ကလေး ထောင်ပြပါရဲ့ .. အများအားဖြင့် ခတ်တည်တည်ပဲ .. ဖြတ်ဝင်တဲ့ ကားတွေ ကြည့်ရင် အဟောင်းရော အသစ်ရော .. ကိုယ်ပိုင်ရော .. taxi ရော အားလုံးပဲ .. အဆိုးဆုံးက လိုင်းကားတွေ .. သူတို့က နေ့စဉ် ဆက်ကြေး ပေးရတဲ့သူတွေဆိုတော့ ငါတို့ကို ဖမ်းမှာ မဟုတ်ဘူး […]