သူငယ်ချင်းဆီက ရုတ်တရက် ဖုန်းဆက်လာပြီး သတိပေးပါတယ်။

အရင်က ရန်ကုန်မြို့နဲ့ မိုင် ၂၀ ၀န်းကျင်သာ ရတဲ့ စီဒီအမ်အေ ဖုန်း အလုံးကြီးများ နှင့် ဆယ်လူလာ ဖုန်းများ မကြာမီ ဖျက်သိမ်းမယ် ဆိုတာ သိခဲ့ရလို့ အချိန်မှီ ၅သိန်းဖုန်း တခု နဲ့ လဲရန် သတိပေးကြားသိခဲ့ရပါတယ်။ လဲခိုင်းနေတာတော့ အတော်ကို ကြာနေပါပြီ။ လက်ရှိ ကိုင်နေတဲ့ ဖုန်းကို ဘာမှ မလုပ်သေးတဲ့ အတွက် မလဲပဲ ပေကပ်နေတဲ့ သူများ လဲနိုင်ရန် သတိပေးခြင်း ဖြစ်ပါသည်။

လတ်တလော ထိုဖုန်းများ ပိုင်ဆိုင် ထားသူများ ဖုန်းနံပါတ် သွားလဲဖို့ သတိပေးလိုပါတယ်။

သူငယ်ချင်းတော့ သေချာတယ် လို့ ပြောသွားတယ်။ ဆူး ကတော့ ယနေ့ နောက်ကျသွားလို့ နက်ဖြန်မှ သွားစုံစမ်းပြီး လဲမှာ ဖြစ်ပါတယ်။ လုံးဝ ပိတ်ဖို့ အချိန် ၂ပတ်လောက်ပဲ ကျန်တော့တယ် လို့ ကြားရလို့.. မသိသေးသူများ စုံစမ်းပြီး လှုပ်ရှားကြပါ။

About ဆူး

has written 398 post in this Website..