ထမင်းမစားခင် အရင် ဦးချပါ။
အတန်းပိုင် ဆရာမ အခန်းထဲ ဝင်လာသည်။
မင်္ဂလာပါ ဆရာမ…
ကလေးများ ညီညီညာညာ နုတ်ဆက်လိုက်ကြသည်။
ထို့နောက်တွင်………
နေ့လည်စာ ထမင်းစား ခေါင်းလောင်းသံ ကြားရသော အခါ…
ဆရာမအား နှုတ်ဆက်ပြီး ကျောင်းသားများ ထမင်းစားရန် ထမင်းချိုင့်ကိုယ်စီ ဖွင့်၍ စားကြသည်။ ထမင်းမစားခင် ဆရာက ခဏနေအုန်း ကလေးတို့ရေ… မစားနဲ့အုန်း ကျောင်းသား ဆိုတာ ကြီးတဲ့လူကို အရင်ဦးချ ရတယ်။
ပြောရင်း ဆိုရင်နဲ့ ထမင်းချိုင့်ဖွင့်ပြီး ထမင်းချိုင့် အလွတ် တခွက် ကို ထုတ်ပြီးလျှင် ကလေးတို့ ဆရာမ ကို မစားခင် ဦးချ ကြ ဟု ပြောပြော ဆိုဆိုနဲ့ ချိုင့်ခွက် အလွတ်ကို ကလေးတွေ စားပွဲရှေ့ကို ထိုးပေးလိုက်သည်။ တယောက်စီ လက်ဆင့်ကမ်းပြီး အတန်း အနောက်ဆုံး ရောက်တဲ့ အခါ အတန်းခေါင်းဆောင်မှ ယူလာကာ ဆရာမ အား လှမ်းပေးသည်ကို ယူပြီး ထမင်းနဲ့ ဦးချ ဟင်းမျိုးစုံနဲ့ စားတော်ပွဲ တည်ပါတော့တယ်။
အကြံကောင်းလျှင် တချက် ဆိုသည့် အတိုင်း ဦးချ ဟင်းထည့်သလား မထည့်ပဲ နေသလား တယောက်ချင်းစီကို သေချာ ကြည့်ထားပါသည်။ တကယ်လို့ မထည့်တဲ့ ကလေးဆိုလျှင်လည်း ဟေ့…. မောင်မောင်… မင်း ထည့်တာ ငါမမြင်သေးဘူးနော် ဆိုပြီး ကြိမ်းမောင်း တတ်သော ကြောင့် ကလေးများ မိဘ ကို နားပူနားဆာ တိုက်ပြီး ဟင်းများများ ထည့်ပေးဖို့ ဟင်းကောင်း ထည့်ပေးဖို့.. စသဖြင့် ကလေးများနဲ့ ကလေးမိဘများ စိတ်ညစ်နေရတဲ့ အပြင် နေ့စဉ် ကြုံနေရတော့ ဟင်းမကောင်းတဲ့ အခါ ကလေးက ကျောင်းမသွားချင်ဘူး ငိုယိုနေတာလည်း မြင်နေရပြန်တယ်။
ကိုင်း…… ဒီလို အသေး အမွှား ဘယ်သူ သိကြမလဲ။
32 comments
ကိုကိုလူဆိုး
July 7, 2011 at 7:03 pm
အင်း မမဆူးရေ ..ပထမဆုံး ဦးချပေးလိုက်မယ်နော်… ကလေးတွေအစာအိမ်ဖြစ်မှာစိုးလို့နဲ့တူပါတယ်ဗျာ
ထမင်းအများကြီးမစားနဲ့..ဗိုက်ကြီးပူမှာစိုးလို့တဲ့ ချာမက ပြန်ကြောဒယ် 😀
nozomi
July 7, 2011 at 7:15 pm
food test လုပ်တာပါ
အန္တရာယ် ရှိတာ တစ်ခုခုဆို ဆရာမက ကြိုသိအောင်ပါ
ဆရာမစေတနာကို နားလည်ပေးလိုက်ပါနော်
MaMa
July 7, 2011 at 8:41 pm
ရွာထဲမှာ အကောင်းမြင်ဝါဒီတွေ များသားပဲ။ ကောင်းပါလေ့။
windtalker
July 7, 2011 at 8:12 pm
ဒီပုံအတိုင်းဆို ပုံဂံခေတ် က အရည်းကြီးတွေ ကို သွားသတိရမိသား ဗျ
ဆရာမ ရဲ ့တပည့်မလေး တစ်ယောက်ယောက်သာ အရွယ်ရောက်လို ့
အိမ်ထောင်ပြုတော့မယ်ဆိုရင်ကော လို ့…………..ဟီဟိ
ဆူး
July 7, 2011 at 8:19 pm
ဦးလေး အစားအသောက် အကြောင်းကနေ ဘယ်က ဟာတွေ ပါလာတာတုန်း.
hmee
July 7, 2011 at 8:53 pm
ကျောင်းသားတယောက်က ဂဏန်းချက်ဦးချ၊ နောက်တယောက်က မှိုချက်ဦးချ။ အင်း …ကြားဖူးတာ ပြောပါတယ်။ ဘာတဲ့ “အစားမတော် တလုတ်”တဲ့။
ဆူး
July 7, 2011 at 8:57 pm
ဆင်းရဲသား ကျောင်းက ကလေးတွေ ပဲလှော် နဲ့ ကဇွန်းရွက်လောက်ပဲ ထည့်နိုင်ကြတာ ဂဏန်း အဆင့် မရောက်နိုင်ဘူး
hmee
July 8, 2011 at 12:49 pm
လယ်ထဲက နှိုက်လာတဲ့ ပုစွန်လုံးနဲ့ ကောက်ရိုးမှိုတော့ ဖြစ်နိုင်တယ်နော်။ 🙂 😀
ရွှေ မင်း သား
July 7, 2011 at 9:11 pm
သိပ်ကို အကြံကောင်းတဲ့ ချာမဘဲ။
သူထပ် အကြံကြီးတဲ့ အုပ်ကြီးက ထမင်းမစားခင် အကြီးကို အရင်ဆုံး ဦးချ ရကြောင်း သင်ပေးထားလို့ပါ။
MaMa
July 7, 2011 at 9:41 pm
ကျောင်းတုန်းက ဆရာမတစ်ယောက်က အိမ်မှာ ဝက်မွေးလို့ဆိုပြီး အိတ်တစ်လုံးယူလာပြီး ကျောင်းသူတွေရဲ့ ထမင်းကျန် ဟင်းကျန်တွေကိုထည့်ခိုင်းတယ်။ ကိုယ်ကလည်း အ တော့ အိမ်ကလည်း ထမင်းဟင်းကို ကုန်အောင်စားရမယ်။ ချန်မထားရဘူးလို့ သင်ထားတော့ တစ်ခါမှ သွားမထည့်ဘူး။ အဲဒီတော့ ဆရာမက အကြောင်းရှာပြီး ရိုက်တယ်။ နောက်မှ သိသွားလို့ ထမင်းဟင်းကို မကျန် ကျန်အောင် ချန်ထားပြီး ထည့်ပေးရတယ်။ ကိုယ်တွေ့ နော်။
ဆူး
July 7, 2011 at 9:44 pm
အန်တီ မမ ဆရာမ က ပိုဆိုးနေပြီ
လူ အတွက် ဟင်းတောင်းတာ မဟုတ်ပဲ ဝက် အတွက် တောင်းတာ မရလို့ ရို်က်တယ်တဲ့
ကြောက်စရာကြီးနော်
unclegyi1974
July 7, 2011 at 10:00 pm
ဆူးရေဒီသတင်းကအထူးအဆန်းပါလား
ကျွန်တော်တို့ခေတ်ကဆရာ ဆရာမဆိုတာ
နေ့လည်မုန်းစားဆင်းရင်
ဆရာများနားနေခန်မှာပဲစုပြီးစားကြတာပါ
အခုလိုအတန်းထဲမှာဟင်းအလှုခံပြီးစားတဲ့စံနစ်ကို
အခုမှကြားဖူးသဗျာ
မြင်ဖူးဖို့မပြောနဲ့ကြားကိုမကြားဖူးတာအမှန်ပါ
ထူးတွေတည့်အံ့ဖွယ်
shwe ni
July 7, 2011 at 10:16 pm
ဆူးရေ ဦးချခိုင်းတာတော့မကြုံဖူးဘူး ။
ငယ်တုန်းက တတိယတန်းရောက်တော့ တခါမှစာမတော်ဘူးတဲ့ သူငယ်ချင်းတယောက် တတိယတန်း(အတန်းပိုင် သူ့အမေ အတန်း)မှာ ပထမရသွားတာတော့ကြုံ ဖူးသား ။
ကိုပေါက်(မန္တလေး)
July 7, 2011 at 10:22 pm
တော်သေးသပေါ့ ဒီလိုဆရာမမျုးိနဲ့မကြုံခဲ့ရလို့။
ခေတ်ကောင်းမှီတယ်လို့ပြောရမလားမသိဘူးနော်။
မင်းပြည့်ရှိန်
July 7, 2011 at 10:24 pm
တရုတ်သိုင်းကားများကလို ပြောရင်တော့…
ဒီလို ကိစ္စမျိုး တစ်ကယ် ရှိသလား…
Yan Shin
July 7, 2011 at 10:37 pm
ဘယ်ကျောင်းမှာလဲဟင်
အဲဒီကျောင်းမှာ ဆရာသွားလုပ်ခြင်လို့ပါ။
မောင်ကျော်ထွေးကို ဆရာသွားလုပ်ခိုင်းမလို့ပါ။
kai
July 8, 2011 at 7:15 am
တကယ်ကတော့.. အဲဒီဦးချတယ်ဆိုတာကြီးကိုက မဟုတ်တာပါ..။
ရှေးက မြန်မာဘုရင်တွေ ပွဲတော်တည်မယ်ဆို.. စားဦးစားဖျား အရင်စားရတဲ့ရှိတယ်မှတ်ဖူးတယ်..။
အဆိပ်ပါရင် အဲဒီစားဦးစားသူ မြန်မြန်ကြွအောင်လေ…။
ဒီခေတ်လည်း.. နိုင်ငံခေါင်းဆောင်တွေမစားခင် ..အရင်စားရတဲ့သူရှိတာပဲ..။
သူတို့တွေကတော့ တန်ရာတန်ကြေးပေးပြီး/ရပြီး.. အလုပ်လုပ်ကြတာပါ..။
ဆိုတော့..
လူချင်းအတူူတူ..တန်းမတူညီမမျှ… တလုံးပိုရှု… ဦးချတာပပျောက်ရေး..
ဒို့အရေး.. ဒို့အရေး..။ 🙂
chitpyae
July 8, 2011 at 7:33 am
ဦးချပြီး တော့ မစားဘူးလို့ မဟုတ်ပါဘူး ။ ဦးချပါတယ် အိမ်မှာ လူကြီးတွေကို အရင်ဆုံး ဦးချ ထည့်ပေးပြီးမှ ကိုယ့် ပန်းကန်ထဲထည့်တာပဲလေ။ အခုလိုမျိုး ဆရာမက တတန်းလုံး ကို ဦးချ ခို်င်းတာ တော့ အခုမှပဲ ကြားဖူးတော့တယ် … ဆန်းလည်း ဆန်းပါပေ့ ချာမရယ် …အကြံလည်း ပိုင်ပါပေ့ 🙂
bigcat
July 8, 2011 at 7:49 am
ဒီတော့လည်း သူ့တလုပ်စာ အိမ်က ပိုထည့်ပေးလိုက်ကြပေါ့ကွယ်။ တယောက်အားဖြင့် မစွမ်းသာ၊ အများအားဖြင့် လုပ်သော်ရ၏တဲ့။ အတည်ပြောတာနော်၊ အတန်းထဲကတဝက် ဟင်းမကောင်းလည်း ကျန်တဝက် ဟင်းကောင်းပါလိမ့်မယ်။
ွ
Anzartone
July 8, 2011 at 9:03 am
ဘာပဲဖြစ်ဖြစ်ပါ။ စိတ်ထားတတ်ရင် မြတ်ပါတယ် 🙂
စုံ စုံ
July 8, 2011 at 9:29 am
ဪ
ဒီဆရာမကဘယ်လိုပါလိမ့်
ကလေးတွေသထာမှန်းမသိ မသထာမှန်းမသိ
ဆရာမဆိုတဲ့ဂုဏ်သိက္ခာကိုဒီထမင်းတပန်းကန်နဲ့လဲနေတာလား
နွယ်ပင်
July 8, 2011 at 11:44 am
ယူတက်ရင် ကုသိုလ်ပေါ့
သပ်သပ်ခေါ်ကျွေးရင် အပိုကုန်နေပါဦးမယ်လေ
ဒီလိုပဲ နေ့တိုင်းကိုယ်စားတဲ့ထဲက ကျွေးနေတော့
သိပ်မသိတာဘူးလို့ပဲ မှတ်ရတော့မှာပေါ့
char too lan
July 8, 2011 at 11:53 am
ဘာတဲ့ “အစားမတော် တလုတ်”တဲ့။ ကျနော်လဲ အဲ့လိုမြင်တယ် မာလကီယားအုံးမယ်
ကြည့်လဲ အချခံ လို့ ကြုံရင်ပြောပေးပါ ဆြာဆူး 🙂
etone
July 8, 2011 at 12:48 pm
ထမင်းစားလျှင် ဦးချတယ်ဆိုတာ မကောင်းတတ်လို့ပါ … လူကြီးတွေကို အရင် ထည့်ပေးပြီးမှ ကိုယ်ကနှိုက်ချင်သလောက် နှိုက်စားလို့ ရပြီလေ .. ။ 😛 😛 😛
weiwei
July 8, 2011 at 1:25 pm
ဦးချတယ်ဆိုတာ ဗမာ့ယဉ်ကျေးမှုတစ်ခုပဲ ..
ဆရာမက ကလေးတွေကို လက်တွေ့လေ့ကျင့်ပေးနေတာ …
weRone
July 8, 2011 at 3:48 pm
အဲလို ဦးချ ခိုင်းတာ တော့ မကြုံဖူးသေးဘူး ၊ နယ်မှာ ကျောင်းတက်တုန်းက ဆရာ တစ်ယောက်ရန်ကုန် လာတာ ကျောင်းကိစ္စနဲ ကျောင်းသား ကျောင်းသူ တွေအတွက် မှတ်ပုံ တင် ကို ပလစတစ် လောင်းရ အောင် ယူသွားတယ်. . မှတ်ပုံတင် တစ်ခု ကို 500 တဲ့။ ပလစတစ် လောင်းခ။ ဆိုက်ကား စီးတာ 3 သောင်း စီကျတယ် တဲ့ .. အဲဒါ တော့ မှတ်မိ တယ် ။ အခုလည်း အဲဒီ ဆရာ မရှိတော့ ပါဘူး ပြီးခဲ့တဲ့ 3 လ ပိုင်းက ကိုယ့် ကို ကိုယ် အဆုံး စီရင် သွားတယ်…
shweaeimsi
July 8, 2011 at 5:18 pm
မူကြိုဖွင့်ရင်…အဲ ့ဒိနည်းအရင်သင်မယ်..ဆူး ဆီ က..
နာတို ့တအိမ်လုံးစားလို ့ရအောင်…….
တော်ကြာကလေးကအိမ်မှာပြန်တိုင်နေမှ……
ငါမူကြိုတစ်ယောက်မှမတက်ဘဲနေမှာ
naywoonni
July 8, 2011 at 6:18 pm
ဆူးမရေ…။။
ငါတို့ အရက်သမားဖြစ်နေတုန်းက ပြောခဲ့ဖူးတဲ့စကားလေးတစ်ခုရှိတယ်..။ အဲဒိလို ဦးချတာကို ဘယ်လိုပြောခဲ့သလဲသိလား? ဒါနဲ့ အလောက်စား ထပ်မရတော့ဘူးဆိုပြီး ခွေးတွေ ဝက်တွေ ကျွေးသလို ပုံကျွေးတာလား လို့ အပြောခံခဲ့ရဖူးတယ်..။ နောက်ကိုယ့်ကို အဲဂလို ဦးချလာရင်လည်း ရယ်စရာပြောသလို ဘာလိုလိုနဲ့ အဲဂလိုပဲ ပြောခဲ့ဖူးတယ်….။ ကလေးတွေကလည်း အဲဒိလို သဘောထားပြီး ကျွေးကြမှန်းမှ မသိတာ…။ အဲသဟာ ဘယ်တုန်းကလဲ ဘယ်မှာဖြစ်တာလဲ တိတိကျကျလေး ပြောပြရင်ကောင်းမယ်..။ ဆရာမတိုင်း အဲဂလို ဖြစ်နေတာတော့ မဟုတ်တန်ရာပါဘူး..။ အဲဒိတော့ ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး အပုတ်ခံမဲ့ အစား ပုတ်နေတဲ့ ငါးခုံးမ ရွေးဖယ်သင့်တာပေါ့…။ ညည်းပြောတာ ယေဘူယျ ဆန်နေတယ်..။ တိတိကျကျ ပြောပါလား?..။
ဆူး
July 8, 2011 at 9:12 pm
ဆူး ရဲ့ အလုပ်က ဝန်ထမ်း တယောက်ရဲ့ ကလေး လတ်တလော တွေ့ကြုံနေရတဲ့ အခက်အခဲပါ။ ကျောင်းက ဆရာမတိုင်းတော့ မဟုတ်ဘူး ထင်ပါတယ်။ ကြားတဲ့ အခါမှ ထူးဆန်းလွန်းလို့.. ဒါမျိုးလေးတွေလည်း ရှိပါသေးလားလို့ တွေးမိရင်း ရွာထဲမှာ ပြောပြတာပါ။
nature
July 8, 2011 at 7:33 pm
ွှအံ့ဘွယ်ဦးချတာလေးတွေ့ဖူးတယ်။ အလှူတခုမှာ (အသိတွေထင်တယ်) ခပ်နောက်တောက်တောက်လူငယ် တယောက်က သူ့ဘေးနာ းကအသက်ကြီးကြီး လူကြီးတယောက်ကို ကြက်သားဟင်း တောင်ပံအဖျားလေး ဦးချတာတွေ့ဖူးတယ်။
တညင်သား
July 8, 2011 at 9:16 pm
ကြီးသူကိုရိုသေ ရွယ်တူကိုလေးစား ငယ်သူကိုသနား ဆိုတော့ ကြီးတဲ့သူကို ဦးချတာ ကောင်းတဲ့ အကျင့်လို့ပဲ မြင်တယ် … ဒါပေမဲ့ ဒီလိုကြီးကတော့ မကောင်းဘူး..
pan pan
July 11, 2011 at 2:14 pm
ငယ်ငယ်တုန်းက ဆရယတစ်ယောက်က ဦးချတာနဲ့ ပတ်သက်တဲ့ ဟာသလေးပြောပြတယ်
အိမ်မှာ မိသားစုတစ်စု ထမင်းစားတော့မယ်၊ ကြက်သားဟင်းပန်းကန်ကြီးက အလယ်မှာ
ကလေးက မိဘတွေကို ဦးချရမယ်
သူ့စိတ်ထဲ တွေးနေတာက “အင်း…ဟိုအသားတုံးကြီး ငါစားရအောင် ဒီဘက်က အရိုးပါတာတွေ ဦးချမယ်၊ ပြီးမှ ကိုယ်ဘာသာကိုယ် အသားတုံးကြီးယူစားမယ်..”တဲ့ 😛