အပြစ်ကင်းတဲ ့ချစ်ခြင်း..
အပြစ်ကင်းတဲ့ချစ်ခြင်း။
အပြစ်ကင်းစွာနဲ့
ချစ်ခြင်းကို တွေ့ဖို့ဆိုတာ
တကယ့်ကို မလွယ်ကူလှပါဘူး ………..
အမုန်းတရား ……….. အရှုံးသမား ………..
စတဲ့ စကားတွေလည်း ကြားဘူး ကြမှာပေါ့ ………..
ဒါပေမယ့်
အဲဒီ ဥပက္ခာ အသုံးအနှုန်းတွေ မပါပဲ
ကိုယ်ချစ်သလောက် သူကပြန်ချစ်မှာ ရှိပါသေးတယ် ………..
အဲဒါ ……….. ဘာလဲ ……….. ?
ကဗျာ…..တဲ့။
ကဗျာ.. ဆိုတာ
နုတ်ခမ်းနီ ဆိုးစရာမလိုပဲ သူ ့အလှနဲ့ သူ ရှိထားတယ်။
ကဗျာ… ဆိုတာ
မိတ်ကပ်သုံးစရာမလိုပဲ ……….. စိတ်ဓာတ်ကို တက်စေတယ်။
ကဗျာ…. ဆိုတာ
ရေမွေးမလိုပဲ ……….. သင်းပျံ့လန်းဆန်း စေတတ်တယ်။
ကဗျာ……..ဆိုတာ
မျက်လုံး နက်နက်ကလေး မဟုတ်ပေမယ့် ……….. စွဲလန်းစေတယ်။
ကဗျာ…..ဆိုတာ
ဟန်မူပါပါနဲ့ လမ်းမလျှောက်တတ်ပေမယ့် ……….. လမ်းလည်း မပျောက်တတ်ဘူး။
ကဗျာ……..ဆိုတာ
ရည်းစား စာပေးစရာမလိုပဲ ……….. ကိုယ့်ကို အဖြေပြန်ပေးတတ်တယ်။
ကဗျာ…….းဆိုတာ
ပြန်စာကို ရင်ခုန်စွာ စောင့်စရာမလိုပဲ ……….. ဘယ်လိုလဲ ? လို ့သာ ပြန်မေးပါလိမ့်မယ်။
ကဗျာ…..ဆိုတာ
ချစ်သူတစ်ယောက်လိုပဲ တိမ်းမူးဘွယ်ရာတွေကို ပေးစွမ်းတယ်။
ကဗျာ…….ဆိုတာ
ထမင်းမစားရင် ငိုမှာနော် ………..လို့ မချွဲ တတ်ပေမယ့် သည်းတတ်တယ်။
ကဗျာ…..ဆိုတာ
ကော်ဖီသောက်တော့လေ ……….လို ့ သတိမပေးတတ်ပေမယ့် အသိအတွေးကိုတော့ ပိုကောင်းစေတယ်။
ကဗျာ……ဆိုတာ
တစ်သက်လုံးနေမှာနော် ………. ဆိုတဲ့ မုသားမျိုး မပြောတတ်ဘူး။
ကဗျာ….ဆိုတာ
လက်ထပ်ကြ စို ့လေလို ့လည်း ……….. အတင်း မတောင်းဆိုတတ်ဘူး။
ကဗျာ………ဆိုတာ
လွမ်းနေမှာ နော် ………. လို ့လည်း မျက်ရည်စို့ရမှာတွေ မပေးတတ်ဘူး။
ကဗျာ….ဆိုတာ
တစ်နေ ့……. ၂ ခါ ဖုန်းဆက်ရမယ် လို ့လည်း အဓမ္မ မပူဆာတတ်ဘူး။
ကဗျာ….းဆိုတာ
ဒီဘဝမဟုတ် နောင်ဘဝပေါ့ ဆိုတာမျိုးနဲ့လည်း အသည်းမခွဲတတ်ဘူး။
ကဗျာ……..ဆိုတာ
ချစ်တော့ ချစ်ပါတယ် ……….. ဒါပေမယ့် ……..ဆိုတဲ့ ရင်နာရမယ့် စကားကို မဆိုတတ်ဘူး။
ကဗျာ……..ဆိုတာ
သူ့ မျက်နှာလေးကို ငေးနေရသလို ……….. စိတ်ကို အေးချမ်းစေတယ်။
ကဗျာ…….ဆိုတာ
ဥပက္ခာဆိုတာမရှိ ပီဘိ တစ်သဘောတည်း ရှိနေတယ်။
ကဗျာ….ဆိုတာ
အရှုံးဆိုတာချည်း မဟုတ်ပဲ ……….. အနိူင်ပွဲဆိုတာလည်း လာတတ်တယ်။
ကိုုယ့်ကဗျာလေးလူတိုင်းဖတ်လိုက်လို ့ကတော ့ အနမ်းပေါင်း တစ်ရာထက်မက အရသာရှိတာ အမှန်ပါ
ဒီတော့
ကဗျာကို ချစ်ရတာ
ပတ်ဝန်းကျင်ကို ငဲ့စရာလည်း မလို
သူများ မျက်စောင်းထိုးမှာလည်း မကြောက် ရ
ဘယ်တော့ ပျောက်သွားမလဲ ……….. လို ့လည်း စိုးရိမ်စရာမလို
ဘယ်လောက်အထိ ကောင်းလိုက်သလဲကွာ ………..
ဟောဒီလောကမှာ
အပြစ်ကင်းတဲ့ ချစ်ခြင်းကို လိုချင်ရင်
ကဗျာ…ကိုသာ ချစ်လိုက်ကြပါ
အချစ်ကို ကြောက်တဲ့ ငါ့မှာလည်း
ချစ်စရာဆိုလို့
ကဗျာမှတစ်ပါး ……….. အခြားမရှိ
ကဗျာချစ်သော…….
ရွှေအိမ်စည်
-
ကဗျာကိုနှစ်သက်ပါက ကဗျာရေးသူအမည်ထိကူးပြီးမှ မျှဝေပေးပါ၊
ချစ်သောစိတ်ဖြင့်
ကဗျာ ချစ်တဲ. ရွှေအိမ်စည် ရေ
မင်းကဗျာကြောင်. ငါ.ရဲ. အနာဟောင်း
ပြန်ထလာပြီနော်
Was this answer helpful?
LikeDislikeဒါကြောင့်ကဗျာဘဲချစ်ပါဗျာ…..
Was this answer helpful?
LikeDislikeအပြစ်ကင်းတဲ့ ချစ်ခြင်းတရား ဘယ်သူတွေများ ဖန်ဆင်းထား …..
Was this answer helpful?
LikeDislikeSAS ဆိုတာ ဘာလဲဟင်
Was this answer helpful?
LikeDislikeအမည်ရဲ ့အတိုကောက်ပေါ ့
Was this answer helpful?
LikeDislikeSOS ကို များ မှားရိုက်မိသွားတာ လား မသိ
Was this answer helpful?
LikeDislikeမရွှေအိမ်စည် ရေး တဲ့ စာတွေ ကဗျာတွေ အားပေးလျက် ပါ စောင့် မျော် လျက် ပါ
Was this answer helpful?
LikeDislikeဖိုးဝကြီးရေ
shweaeimsi says: ဒါကြောင့်ကဗျာဘဲချစ်ပါဗျာ…..
ဗျာလို့ပြောတာ မရွှေအိမ်စည်မဟုတ်ဘူးထင်တယ် မောင်ရွှေအိမ်စည်လဲ မဟုတ်သလိုပဲ ဟီးးးးးးးးးးး
Was this answer helpful?
LikeDislikeအညာကမိန်းကလေးတွေက အဲလိုပြောတတ်တယ်
အထူးသဖြင့် မန်းလေးကလူတွေပေ့ါ
အဲဒီတော့ shweaeimsiကို ကျားလား မ,လား မသိတော့ပါဘူး……
Was this answer helpful?
LikeDislikeတိန်….
Was this answer helpful?
LikeDislikeSAS ရဲ့ကဗျာကတော့ ပြောစရာမရှိပါဘူး ရှိတာကSAS ကိုပေါ့လေပြောတော့ပါဘူး
Was this answer helpful?
LikeDislikeရွှေအိမ်စည်ရေ
အပြစ်ကင်းတဲ့ ချစ်ခြင်းဟာ ချစ်စရာဖြစ်ပေမဲ့
အပြစ်များနဲ့ ချစ်ခြင်းတရားဆိုတာဟာလဲ
သဘာဝတရား အရ ရှိနေတာပါပဲ……
အဲဒါကိုလည်းလက်ခံရမှာပါ။
အဆင်ပြောချောမွေ့တဲ့ ချစ်ခြင်းထက်
ခက်ခဲ အဆင်မပြေမှု့များနဲ့ချစ်ခြင်းကို နားလည်မှု့နဲ့ဖြေရှင်းအဆင်ပြေသွားတဲ့
ချစ်ခြင်းရဲ့ ချိုမြိန်မှု့ဟာလည်း……..
Was this answer helpful?
LikeDislikeချစ်ရင်အပြစ်ဆိုတာ …ကို…. မမြင်
Was this answer helpful?
LikeDislike