နယ်ထိမ်းခေါင်းဆောင်ဆိုသည်မှာ သံတွဲမြို့မှဖြစ်ပြီး စခန်းမှုးဆိုသူမှာ ကင်းမော်ရွာမှ စခန်းမှုး ဖြစ်ပါသည်၊
လွန်ခဲ့သော ၁၀ ရက်ခန့်က နယ်ထိမ်းခေါင်းဆောင်အပါဝင် ရဲဘော် နှစ်ယောက်နှင့် ကင်းမော်စခန်းမှုး တို့သည်
ဆင်ခေါင်းကျေးရွာအနီးပင်လယ်ပြင်တွင် တံငါသည်လှေ တစ်စီး ပေါ်ရှိ တံငါသည်  ၃ ယောက်အား အနိုင်ကျင့်
ရိုက်နှက်သော လုယက်မှု တစ်ခု ဖြစ်ပွားခဲ့ပါသည်၊

ဖြစ်ပုံမှာ ၎င်းနယ်ထိမ်းခေါင်းဆောင် ဒုရဲအုပ် နှင့် စခန်းမှုး အုပ်စု တို့သည် ကင်းမော်ရွာ မှ စက်လှေ နှစ်စီးအား
ချောဆွဲ၍ ပင်လယ်ပြင်သို့ သားကောင်ရှာရန်အလို့ငှာ ခရီးထွက်ခဲ့ကြကြောင်း သိရှိရပါသည်၊

၎င်းနောက် ထပ်မံသိရှိရသည်မှာ ပင်လယ်အတွင်းရှိလှေတစ်စင်းအား တာဝန်ရှိဟန်ဖြင့် တက်ရောက်ကာ
လှေ ပေါ်တွင် ရှိ ရေလုပ်သား ၃ ဦးအား မင်းမဲ့စရိုက်ဆန်စွာဖြင့် အနိုင်ကျင့်ရိုက်နှက် ချိန်းခြောက်ကာ ငွေညှစ်
ခဲ့ကြကြောင်း သိရှိရပါသည်၊

အခင်းဖြစ်ပွားစဉ် ၎င်းတို့ အဖွဲ့ သည် ယူနီဖေါင်းဖြင့်မဟုတ်ပဲ အရပ်ဝတ် ဖြင့် လုယက်မှုကျူးလွန်ကြောင်းလည်း
သိရှိခဲ့ရပါသည်၊ ရေလုပ်သား ၃ ဦးအနက် တစ်ဦးမှာ မျက်နှာ နှင့် ကျောဘက်လက်ပြင်နေရတို့တွင် ပြင်းထန်စွာ
ဒဏ်ရာများ ရရှိခဲ့ပြီး နောက်တစ်ဦးမှာ စီးလာသောဖိနပ်ဖြင့် အရိုက်ခံရ၍ မျက်နှာနှင့် နားထင်တို့တွင်သွေးခြင်း
နီရဲကာ ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိခဲ့ရပါသည်၊ရေလုပ်သားများကို ကိုယ်ထိလက်ရောက် ရိုက်နှက်သူများမှာ
သံတွဲမြို့မှ နယ်ထိမ်းခေါင်းဆောင် နှင့် နယ်ထိမ်းအဖွဲ့ဝင်ရဲဘော် ၂ ယောက်မှရိုက်နှက်ခြင်းဖြစ်ကြောင်းသိရပါ
သည်၊ ကင်းမော်စခန်းမှုး မှာ ရိုက်နှက်ခြင်း မပြုလုပ်ခဲ့ကြောင်းလည်းကြားသိရပါသည်၊ ရိုက်နှက်ခံရသော
ရေလုပ်သားများမှာ သဗြုချိုင်ကျေးရွာမှ တံငါသည်များဖြစ်ကြောင်းသိရှိရပါသည်၊

ရိုးအသော ကျေးရွာသား တံငါသည်ရေလုပ်သား များဖြစ်သဖြင့် ၎င်း အမှုအား တိုင်တန်းရန် အခက်အခဲရှိနေ
ပါသောကြောင့် ယ္ခု  သတင်းကို  လူအများသိရှိစေရန် ရေးလိုက်ရခြင်းဖြစ်ပါသည်၊

About Sayar Gyi Jit

has written 3 post in this Website..