ဒီအကြောင်းလေးကို ရေးပြီး ရွာထဲ တင်လိုက်အုံးမယ်ဆိုပြီး စိတ်ကူးနေတာတော. ကြာပြီ သိတဲ.အတိုင်း လိုင်းသိပ်မကောင်းတာနဲ. အင်တာနက်ဆိုင်လည်းသိပ်မရောက်ဖြစ်ဘူး ရောက်တော.လည်း သတင်းလေးတွေလောက်ပဲ ကြည်.ပြီးပြန်လာတာကများတယ် အခုတော. မေ၇းတာကြာနေတဲ.အတွက် လိုင်းနှေးတာတောင် သည်းခံစောင်.ပြီး တင်းပေးလိုက်တာပါ ကျွန်တော် ဆယ်တန်းနှစ်က အဖြစ်အပျက်လေးပါ သိပ်တော.မကြာသေးပါဘူး ကျွန်တော်ဆယ်တန်းကျောင်းသားဘ၀ 2007-2008 ကပေါ. ကျွန်တော်နေတာက သုဝဏ္ဏက ပေါ်ဆန်းလမ်းမပေါ်မှာရှိတဲ. မဟာသုဝဏ္ဏကျောင်းတိုက်မှာပါ ကျွန်တော်တို. စာသင်ကျောင်းကိုသွားရင် လမ်းမှာ အမြဲတွေ.နေရတဲ. အမှိုက်ပုံကြီးနားမှာ အမြဲတမ်း သန်.ရှင်းရေး လုပ်နေတဲ. စည်ပင်ဝန်ထမ်းတွေပေါ.ဗျာ သူတို.ထဲမှာ စည်ပင်ဝန်ထမ်းမဟုတ်ဘဲ အမှိုက်တွေလိုက်ကောက် ပြန်ရောင်းလို.ရတာလေးတွေကို ပြန်ရောင်းပြီး ၀င်ငွေရှာတဲ.သူတွေလည်းပါတယ်ဗျ ၀န်ထမ်းမဟုတ်တဲ.အထဲမှာ 16 နှစ်လောက်ရှိတဲ. ခပ်ချောချောကောင်မလေး တစ်ယောက်လည်းပါတယ် ကျွန်တော်တို.နဲ. အဲဒီတုန်းက အရွယ်တူလောက်ပေါ.ဗျာ ဘ၀ပေးအခြေအနေ ကြောင်.သာ ကျွန်တော်တို.လို အရွယ်မှာ ပညာမရှာနိုင်တာ ချောတာကတော. တော်တော်ကိုချောတယ်ဗျ သူ.ရုပ်ရည်လေးနဲ.ဆို ဒီလိုရန်ကုန်မြို.ကြီးမှာ အေးအေးဆေးဆေးပဲ စပွန်ဆာ ကောင်းကောင်းရတယ် ဒါပေမဲ. အဲဒီကောင်မလေးက အဲလိုဘ၀ကိုအလွယ်မလိုက်ပဲ အခုလိုအမှိုက်ကောက်တဲ.အလုပ်ကို လုပ်ရဲတာကိုပဲ ကျွန်တော် တော်တော်လေးစားမိတယ်ဗျ ကျောင်းသွားရင် နေ.တိုင်းတွေ.နေရတာပေါ. ကျွန်တော်တို.တတွေတောင် ဒီကောင်မလေးပြင်လိုက်လို.ကတော. မင်းသမီးဖြစ်တယ်ဗျဆိုပြီး ကျောင်းသွားရင် သူငယ်ချင်းတွေနဲ. အမြဲလိုလိုပြောဖြစ်ကြတယ် တကယ်လည်းအဲလောက်ထိကို ချောတယ်ဗျ ကျွန်တော် ကျောင်းပိတ်ရက်တွေမှာလည်း အမြဲတမ်းတွေ.ရတယ်ဗျ သူတို.က ကျောင်းထဲက ဆွမ်းဟင်း အကျန် လာလာစွန်.ခိုင်းတာဆိုတော. အမြဲလိုလိုတွေ.နေရတယ် ဒီဇင်ဘာကျောင်းပိတ်တော. ကျွန်တော်တို.လည်း ကျောင်းကိုမတက်တော.ဘူး ကျူရှင်လောက်ပဲတက်တော.တာ အဲဒီတော.လည်း အမြဲတမ်းတွေ.နေရတယ် သူကကျောင်းကိုအမြဲလာနေတာကိုးဗျ ဒါမှလည်း သူတို.လေးတွေ ၀မ်းရေးက အေးမှာလေဗျာ သူတို.အမှိုက်ကောက်တာက တစ်နေ.အိမ်ပြန်ပေးရတာဖြစ်မှာပေါ. ကျွန်တော်ကတော. သနားပြီး သူတို.ကိုအမြဲတမ်း ထမင်းလေးတွေဟင်းလေးတွေ ချန်ပေးတာပေါ. သူတို.မလာရင်တောင် တစ်ခါတစ်လေများ မျှော်နေမိသေးတယ်ဗျ စကားသာမပြောဖြစ်တာ အရွယ်တူလေးတွေဆိုတော.သူငယ်ချင်းလိုဖြစ်နေတာကိုး နောက်တော. ကျွန်တော်လည်း စာမေးပွဲဖြေပြီးတော. နယ်ကိုပြန်သွားတာပေါ. အောင်စာရင်းထွက်မှပဲ ပြန်လာတော.မယ်ဆိုပြီး စာမေးပွဲဖြေပြီးပြန်သွားရော နောက်တော. စာမေးပွဲအောင်တယ်ဆိုတော. သင်တန်းလေဘာလေးတက်မယ်ဆိုပြီး ပြန်လာတာ ထုံးစံအတိုင်း နေ.လည်ဆွမ်းစားပေါ. ပထမ ၂ ရက် ၃ ရက်တော.သတိမထားမိသေးဘူး နောက်ရက်တွေကျတော. ခပ်ချောချောကောင်မလေး ကျောင်းထဲလာရင် မပါတော.တာကို သတိထားမိတော. သူနဲ.အတူတူလာတဲ.ချာတိတ်လေးတွေကို မေးကြည်.တာပေါ. ငါ.ညီ မင်းတို.နဲ.လာနေကျဟိုအစ်မလေး မပါဘူးလားကွဆိုတော. သူထောင်ကျနေတယ်တဲ. ကျွန်တော်လည်း ထပ်စပ်စုကြည်.တာပေါ. ဘာဖြစ်လို.လည်းဆိုတော. သူကမပြောဘူးဗျ နောက်ရက်ကျမှ အသက်ကြီးကြီးကောင်လေးကိုမေးကြည်.တော.မှ အဖြစ်မှန်ကိုသိရတာ အဲဒီကောင်မလေးဖြစ်ပုံက တော်တော်ကိုသနားစရာကောင်းပါတယ် ကောင်လေးပြောပြတာက ဒီလမ်းထဲမှာအစ်ကိုရာ အမြဲလှည်.နေတဲ. ရဲတွေ ၄ ယောက်လောက်ရှိတယ်လေ သူတို.ထဲက အဲဒီကောင်မလေးကို လိုက်ကြောင်နေတဲ. ရဲ.တစ်ယောက်ရှိတယ်အစ်ကိုရတဲ. ဒါနဲ.ဘာဆိုင်လို. ထောင်ကျတာလဲကွဆိုတော. အဲဒီရဲကယုတ်မာတာဗျ ကောင်မလေးက သူ.ကိုပြန်မကြိုက်တော. အာဏာနဲ.ချိန်းခြောက်ပြီး ကောင်မလေးကို အလိုမတူပဲ သားမယားပြုကျင်.တာတဲ. နောက်ပြီးတော. ကောင်မလေးကို တကယ်မယူနိုင်တော. အမှုလိုတဲ.အခါ ကောင်မလေးကို ပြည်.တန်ဆာ လုပ်စားပါတယ်ဆိုပြီး ထောင်ထဲထည်.လိုက်တာတဲ. ဘယ်လောက်ယုတ်မာလိုက်တဲ. မြန်မာပြည်ကရဲလည်း စဉ်းစားသာကြည်.တော.ဗျာ တော်တော်ကိုလူမဆန်တာပါ ဒါများ စခန်းတွေရှေ.မှာ ကပ်ထားတဲ. ဆောင်ပုဒ်မှအားမနာ ဆောင်ပုဒ်ကတော. (ကူညီဗျစေ) ဆိုပဲ လုပ်တော.ခွေးအလုပ်လုပ်သွားတာ ဒါနဲ.နောက်ပိုင်းအဲဒီအကြောင်းလေးကို သိချင်တာနဲ. ရပ်ကွက်ထဲက ပန်းခြံထဲအမြဲအတွဲချောင်းတဲ. ကောင်တွေကိုမေးကြည်.တော.မှ ဟုတ်တယ်သားကြီးရ ငါတို.လည်း ဘယ်သိမလဲကွ အလိုတူလို.ထင်တာပေါ.တဲ. တကယ်ဆိုအဲဒီရဲနဲ.က သူမွေးရင် သူ.သမီး လောက်ပဲရှိတာပါတဲ.ဗျာ အဲဒီဖြစ်အပျက်အမှန်ဆိုတာလည်းသိရော တော်တော် စိတ်မကောင်းဖြစ်မိပါတယ် ကောင်မလေးကလည်း ပိုက်ဆံမရှိ အသိုင်းဝိုင်းမရှိဆိုတော. သူတို.လိုသလို ဆွဲသုံးသွားတာပေါ.ဗျာ အရပ်သားက လုပ်သွားတယ်ဆို ခံသာပါသေးတယ် အခုဟာက ပြည်သူတွေကို ကာကွယ်ပေးရမဲ.အကောင်တွေက မကာကွယ်တဲ.အပြင် အန္တရာယ် ပေးသွားတာတော. ကြားလို.တောင်မကောင်းပါဘူး အဲဒီရဲလည်း နောက်ပိုင်းတော. မတွေ.ရတော.ဘူးလို. မြင်ဖူးတဲ. အကောင်တွေကပြောတာတော. ကြားလိုက်ရပါသေးတယ် ထောင်ထဲတော. ထည်မှာမဟုတ်ဘူးနော် နယ်ပြောင်းသွားတာပဲ ဖြစ်မှာ နယ်စပ်ဘက်တွေ မှာတော. ဒါမျိုးအဖြစ်အပျက်တွေ မကြာချင်မှအဆုံး ကြားနေရတာပါပဲ ကျနော် တို.မြန်မာပြည်မှာတော. ဒီအဖြစ်တွေက မထူးတော.ပါဘူး အဲလိုကောင်တွေကျတော. ရအောင်လိုက်ပြီး အာဏာကိုအလွဲသုံးစား လုပ်တဲ.ပုဒ်မနဲ. ထောင်ထဲမထည်.ပဲ အပြစ်မရှိတဲ. သူတွေပဲ အပြစ်ရှာပြီး ထောင်ထဲထည်.ကြတာလည်း ကြားလို.မကောင်းပါဘူး ပြည်သူတွေလည်း အခုလို ဘယ်လောက်တောင်ခံစားနေရသလဲဆိုတာ တွေးတောင်မတွေ.၀ံ.စရာပါပဲဗျာ မြန်မာစကားပုံ (နွားကွဲရင် ကျားဆွဲတယ်)ပဲကြားဖူးပါတယ် အခုဟာက နွားအုပ်ကမကွဲပဲ အထဲက နွားလောက်တောင် အသိမရှိတဲ.အကောင်တွေက ပြန်ဆွဲနေကြတာမို. ရင်နာစွာနဲ.ပဲ ရေးပြီးတင်လိုက်တာပါ

About ရွှေဘိုသား

ရွှေဘို သား has written 92 post in this Website..

စာများကို ရေးတတ်လို. မဟုတ်ပါ သည်းခံဖတ်ပြီး ဝေဖန်ပေးကြပါ