မန်းလေးမှာ ကွန်နက်ရှင်တွေ ဘယ်လိုများလုပ်ထားကြလဲမသိဘူး ….. တက်လိုက်ကျလိုက်ကို မိနစ်တောင်မခြားပဲ ဖြစ်နေတယ် … ပိုက်ဆံတွေထားစရာနေရာမရှိလို့ အင်တာနက်ချိတ်ထားတာ မဟုတ်ဘူး .. အလုပ်လုပ်ဖို့ အတွက် ချိတ်ထားတာ…အဲလိုတာ နေ့တိုင်းဖြစ်နေရင် ဘယ်လိုစီးပွားရေး လုပ်စားရမလဲ ဘာတွေလုပ်နေကြလဲ Yatanarpon Teleport , MPT , Redlink & Fortune…. တိုးတက်အုန်းတော့မှာပဲ …………. ဒီထက်ပိုကောင်းဖို့ အဆင်ပြေစေဖို့ရာကို Customer တွေ အတွက် လုပ်မပေးကြတော့ဘူးလား……….. Complain တက်တော့လည်း ဟိုကဖြစ်တာလို ဒီကဖြစ်တာလို့နဲ့ .. ဘယ်သူမှ တာဝန်ယူပြီးဖြေရှင်းမပေးကြဘူး .. တစ်ယောက်ကို တစ်ယောက်(service တစ်ခုနဲ့တစ်ခု) အပြစ်ပဲ တင်ပြီးလွဲချနေတယ်.. ဟိုဘက်ကပါ ဒီဘက်ကပါနဲ့… Customer တွေ သုံးစွဲရတာ အဆင်ပြေအောင် လုပ်ပေးဖို့ကို ဒီနေရာကနေပဲ ရင်ဖွင့်လိုက်ရပါတယ်……

ဒီဆိုက်မှာ ပထမဆုံး ပို့တင်တာပါ.. အမှားပါရင် ခွင့်လွှတ်ပေးကြပါခင်ဗျာ…

About kaunglay

kyaw thu has written 10 post in this Website..