အက်ပဲလ်ရဲ့ အိုင်ပက်ဒ်ရောင်းအားတက်

klnMay 7, 20101min410

မကြာသေးခင်က ထုတ်လုပ်လိုက်တဲ့ ကမာ္ဘ့နာမည်ကျော်အက်ပဲလ်ရဲ့ အိုင်ပက်ဒ်( iPad) ကို ပြည်တွင်းမှာလည်းလူကြိုက်များနေပြီးရောင်းအားသိသိသာသာတက်နေတယ်လို့ Thein Minn ကွန်ပျူတာအရောင်းဆိုင်ထံကသိရပါတယ်။ ‘ မတ်လကုန်လောက်က ဝင်တာ၊ ပစ္စည်းမလာခင်ထဲက ကြိုမှာထားတဲ့သူတွေတောင်ရှိတယ်၊ ဈေးကြီးတာကြောင့် အဲလောက်တောင်ဝယ်လိုအားရှိမယ်ထင်မထားခဲ့ဘူး’ လို့ Thein Minn ကွန်ပျူတာအရောင်းဆိုင်ရဲ့မန်နေးဂျင်းဒါရိုက်တာ ကိုမျိုးနိုင်ကပြောပါတယ်။ ဝိုင်ဖိုင်ရှိတဲ့ရန်ကုန်ကလူငယ်တွေ၊ နယ်ကလူတွေလည်းစိတ်ဝင်စားပြီး အသက် ၂၀၊ ၃ဝ ဝန်းကျင်လူငယ်တွေက အဝယ်ပိုများတယ် လို့သိရတယ်။ ပြည်တွင်း မှာလက်ရှိရောင်းနေတဲ့ အက်ပဲလ်အိုင်ပက်ဒ်ရဲ့ ဈေးနှုန်းက မမ်မိုရီပမာဏ 16GB ကိုကျပ်ခြောက်သိန်းခွဲ ၊ 32 GB ကိုကျပ်ခုနစ်သိန်းခွဲနဲ့ 64GB ကို ကျပ်ရှစ်သိန်းခွဲဝန်းကျင်လို့သိရတယ်။ ပြည်တွင်းမှာလက်ရှိရောင်းနေတဲ့ အိုင်ပက်ဒ်ကိုတော့ မလေးရှားက သွင်းတယ်လို့ဆိုတယ်။ အိုင်ပက်ဒ်ကို အသုံးပြုနေပြီးဖြစ်တဲ့ Infinity ကားအော်ဒီယိုဆိုင်ဖွင့်ထားသူ ကိုချစ်ညီက ‘ ဟောင်ကောင်မှာဝယ်ရင်ဈေးအများကြီး သက်သာတယ်၊ ခုထိတော့ Asian market မှာ မသွင်းသေးဘူး၊ ကျွန်တော့်မှာ 64GB ရှိပြီးသား၊ သူငယ်ချင်းတစ်ယောက်ကကြိုက်လို့ပြန်ရောင်းလိုက်တာနဲ့ ဒီမှာပဲ (ပြည်တွင်းမှာ) ထပ်ဝယ်လိုက်တာ၊ ဈေးကလဲသိပ်မကွာဘူးလေ၊ iPad ကို ကြိုက်တာက သူက feature တွေတစ်အားကောင်းတယ်၊ ပရိုဆက်ဆာမြန်တယ်၊ ဂရပ်ဖစ် အရမ်းကောင်းတယ်၊ ဂိမ်းဆော့ရတာမြန်တယ်၊ ကောင်းတယ်၊ အင်တာနက်သုံးရတာ၊ အီးဘုတ်ခ်တွေဖတ်ရတာကောင်းတယ်၊ အဲဒါတွေကြောင့် ဝယ်သုံးဖြစ်တာပါ’ လို့ကိုမျိုးနိုင်ကသူ့အမြင်ကိုပြောကြားကြောင်း ၂၀၁ဝခုနှစ် မေလ ရရက်နေ့ထုတ် မော်ဒန်ဂျာနယ်တွင်ဖော်ပြထားပါသည်။