ငါးထမင်းနယ် လုပ်နည်း (အင်းလေးရိုးရာ)
လိုအပ်သောပစ္စည်း
ဆန် …… နို့ဆီဘူး… 2လုံး
အာလူး ……. 10သား
ငါး….. 10သား
ဆား
ဟင်းခတ်မှုန့်
ဆနွင်း
ဆီ
ခရမ်းချဉ်သီး ….. 2လုံး
ကြက်သွန်ဆီသတ် ….
ကြက်သွန်မိတ် ….. အနည်းငယ်
အရင်ဆုံး ဆန်ကို ထမင်း အရင်ချက်မယ်
ပြီးရင် …အာလူးကိုပြုတ်… ပြီးတာနဲ့ အခွံခွာ ညတ်အောင်ထောင်းထား…. ငါးကို ဆား၊ ဆနွင်းနဲ့နယ်ပြီး ပြုတ်ထား …အရိုးနွံထား…
ထမင်းကို ဇလုံထဲ ခူးထည့် အအေးခံထား..ပြီးရင် ခ၇မ်းချဉ်သီးကို ဆနွင်းနဲ့ ရေပြုတ်… အ၀ါရောင်အရည်ဖြစ်တဲ့ အထိပေါ့
ပြီး၇င် ခဏနေက အအေးခံထားတဲ့…ထမင်းပေါ် ဆမ်းပြီး ရောနယ်မယ် ထောင်းထားတဲ့ အာလူး၊ အရိုးနွာထားတဲ့ ငါးေ၇ာထဲ့ပြီး အားနဲ့ နယ်မယ်
နယ်နေစဉ်အတွင်းမှာ ကြက်သါန်ဆီသတ်ကိုပါရောရောထည့်ပြီးနယ်ပါ
ခပ်စေးစေးဖြစ်ပြီ အားလုံးလဲ နံ့ပြီဆိုတာနဲ့ တယောက်စားစာ အလုံးတွေ လုံးမယ်
ပြီးရင် ပန်းကန်ထမြှာ ကြက်သွန် ဆီသတ် ကို ဖြူးပြီး …ခဏနေက လုံးထားတဲ့ အလုံးလေးကို ခပ်ပြားပြားလေး ဖိထည့်မယ်
အပေါ်ကနေ ငါးအသားနွာထားတာ၇ယ် ကြက်သါန်ဆီသတ်၇ယ်၊ ကြက်သွန်မိတ် နှုတ်နှုတ်စင်းထားတာရယ်ကိုေ၇ာပြီးဖြူးမယ်
ဒါဆို စားလို့ အဆင်သင့်ဖြစ်တဲ့ ငါးထမင်းနယ်ကို၇ပါပြီ….
ငါးက ဘာငါးဖြစ်ရတယ်မလား
ဒီတပတ်တော့ ပိတ်ရက်မှာ ထမင်းနယ် လုပ်စားကြည့်လိုက်ဦးမယ်
ငါးဖယ်ကြော်လေးပါရင် ပိုကောင်းမှာနော်၊ ပြီးတော့ အချဉ်လေးရယ်
Was this answer helpful?
LikeDislikeရတာပေါ့…ဘာငါးဖြစ်ဖြစ်
ဟင်းခတ်မငန့်လေးပါထည့်ပြီး ကြော်ပြီးဖြူး၇င် ပိုကောင်းတယ်
Was this answer helpful?
LikeDislikeငါးထမင်းနယ်ဆို အရမ်းကြိုက်ပဲ တစ်ခါမှတော့ ကိုယ်တိုင် လုပ်မစားဖူးဘူး
လုပ်လဲ မလုပ်တက်လို့ အခု နည်းသိသွားပြီ ဆိုတာ့ လုပ်စားကြည့်ဦးမယ်
လုပ်နည်းဖော်ပြပေးတဲ့ ယဉ်ငြိမ်း ကိုကျေးဇူးတင်တယ်နော်…
Was this answer helpful?
LikeDislikeဗိုက်ဆာနေတာနဲ့ အတော်ပဲ။ အလုပ်ပိတ်ရက်တွေမှာ လုပ်စားလို့ရတာပေါ့နော်…မှတ်သွားပြီ။
Was this answer helpful?
LikeDislikeပြောပြပေးလိုလုပ်စာကြည်လိုက်အုံးမယ် ကောင်မယ်ပုံလေးနော်
Was this answer helpful?
LikeDislikeအီးးးးးးးး စားချင်လာပြီ ရှလွတ်……
Was this answer helpful?
LikeDislikeGrace စားချင်တာ ကလည်း တမျိုးကြီး ……. ;)
Was this answer helpful?
LikeDislikeဒီတလောတော့ ယဉ်ငြိမ်းရဲ့ အထူးအဆန်း တွေ ဖတ်နေရတာ မဆိုးဘူး.. အားလုံးသဘောကျတယ်။
ငါးထမင်းနယ် အမြဲ စားနေကျ အစားအစာ.. လုပ်နည်း ဖတ်တော့လည်း မခက်ဘူးနော်.. လုပ်ကြည့်မယ်။
ကျေးဇူးတင်ပါတယ်။
Was this answer helpful?
LikeDislikeရန်ကုန်မှာနေတဲ့ ရှမ်းပြည်က မိတ်ဆွေတယောက်ရဲ့ အိမ်တက်မှာ ရှမ်းထမင်းချဉ် စားဖူးပြီးကတည်းက ရှမ်းထမင်းချဉ်ကြိုက်သွားတာ၊ ရန်ကုန်က ဆိုင်တွေမှာ စားကြည့်တော့ မိတ်ဆွေအိမ်ကလုပ်တာလောက် မကောင်းလို့ နောက်ပိုင်းသိပ်မစားဖြစ်တော့ဘူး။ yin nyein ပြောတဲ့နည်းနဲ့ ကိုယ့်ဟာကိုယ် လုပ်စားကြည့်ဦးမယ်။
Was this answer helpful?
LikeDislikeကျေးဇူးပါ ဆူး… နောက်လဲ ရှမ်းရိုးရာ ဟင်းတွေ တင်ဖို့ရှိပါတယ်
researcher ရန်ကုန်က ရှမ်းထမင်းချဉ်က ယဉ်ငြိမ်းတင်တာနဲ့ လုံးဝမတူပါဘူး ..သူက ရှမ်းအစားအစာပါ
အခုတင်ထားတာက အင်းလေး ရိုးရာပါ ..
ဘာကွာလဲဆိုတော့ အားလုံးနီးပါးမတူပါဘူး
အခု ယဉ်ငြိမ်းတင်ထားတာက အရသာ ပုံမှန်လေး
ရှမ်းထမင်းချဉ်က ချဉ်တဲ့အရသာပါ
Was this answer helpful?
LikeDislikeကျေးဇူးပါ Yin Nyine Nway ရေ…. အဲလိုလေးလုပ်စားချင်နေတာ နည်းမသိလို့လေ
ခုတော့သိပြီ မလုပ်ရသေးဘူး စားတောင် ချင်လာပြီ
sunday ကျရင် လုပ်စားတော့မယ်
Was this answer helpful?
LikeDislike